ထားဝယ် ဘုရားကြီးဝင်းအတွင်း အလှူခံပုံးမှ အလှူငွေ ခိုးယူသူများမှာ အသက်မပြည့်သေးသည့် ကလေးများဖြစ်နေ

0
434

ထားဝယ်မြို့ ဘုရားကြီးဝင်းအတွင်း အလှူခံပုံးများမှ အလှူငွေ ခိုးယူသူများ မှာ အသက်မပြည့်သည့် ကလေးများဖြစ် နေကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ သိရသည်။
ဘုရားကြီးဝင်းအတွင်း အလှူခံပုံး များမှ အလှူငွေများကို တုတ်ဖြင့် ညှပ် ထုတ်ကာ ခိုးယူခြင်း၊ ဘုရားဖူးလာ သူ များထံမှ ဖိနပ်ခိုးယူခြင်းနှင့် ဘုရားဝတ် ပြုနေသည့် အမျိုးသမီးထံမှ ပိုက်ဆံအိတ် ခိုးယူခြင်း စသည့်အမှုများကို ကျူးလွန် နေသည့် ကလေးများမှာ အသက်၁၂နှစ် အရွယ်ခန့်ရှိ ကလေးများဖြစ်နေသည်ဟု ဒုရဲမှူးမျိုးမြင့်ဦးက ရှင်းပြသည်။

donation_cup_phayargyi

ယင်းကဲ့သို့ ခိုးယူနေသည့် ကလေး များအား တွေ့ရှိပါက ဖမ်းဆီးပြီး ရဲတပ် ဖွဲ့သို့ အကြောင်းကြားကာ သက်သေများ ဖြင့် တိုင်ကြားမှသာ အဆိုပါ ကလေးများ အား သက်ဆိုင်ရာ ဥပဒေအရ ကလေး သူငယ် ပြုပြင်ရေးကျောင်းများသို့ ပို့ဆောင် နိုင်မည်ဟု ထားဝယ်မြို့မရဲ စခန်းမှ စခန်းမှူးဒုရဲမှူး မျိုးမြင့်ဦးက ဆိုသည်။
” ဒီလိုမှ မလုပ်ရင် ကလေးတွေ ဒီထက်မက ပိုဆိုးလာနိုင်တယ်” ဟု ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

အဆိုပါ အသက်မပြည့်သေးသည့် ကလေးများအား မိဘအုပ်ထိန်းသူများထံ အပ်နှံရန် အခက်အခဲရှိပါက စိတ်ဓာတ် များပြုစု ပျိုးထောင်ပေးနေသည့် ကလေး သူငယ် စောင့်ရှောက်ရေးကျောင်းသို့ ပို့သင့်သည်ဟု ပိန္နဲတောရပ်ကွက် အုပ် ချုပ်ရေးမှူးဦးနိုင်မျိုးသွင်က ဆိုသည်။
“သက်ဆိုင်ရာဌာနတွေက ဘာမှ မလုပ်ကြတော့ ခိုးလိုက် ဖမ်းပြီး ရဲလက် အပ်လိုက်၊ ပြန်လွှတ်လိုက်နဲ့ သံသရာ လည်နေတာ” ဟုအုပ်ချုပ်ရေးမှူး ဦးနိုင် မျိုးသွင်က ပြောသည်။

ယင်းကဲ့သို့ ခိုးယူနေသည့် ကလေး များအား သက်ဆိုင်ရာ ဂေါပကအဖွဲ့နှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများမှ ဖမ်းဆီး ပြီး ရဲစခန်းသို့ အပ်နှံခဲ့ကြသော်လည်း တရားလို လုပ်မည့်သူမရှိသည့်အတွက် ပြန်လွှတ်ပေးရသည့် အဖြစ်များရှိပြီး ၂၀၁၅ ခုနှစ်အတွင်း ဖမ်းဆီးရမိမှု ၄မှု ရှိခဲ့ကာ ရဲစခန်းသို့ အကြောင်းမကြား သည့်အမှုများလည်း ရှိခဲ့ကြောင်း သက် ဆိုင်ရာ ရဲမှတ်တမ်းအရ သိရသည်။