ဖမ်းမိ တရားမဝင် ထိုင်းထုတ် ဘီယာဘူးများကို ဖျက်ဆီး

0
462

တရားမဝင်တင်သွင်းလာသော ထိုင်းနိုင်ငံထုတ် အရက်ဘီယာနှစ် မျိုးဖြစ်သည့် Singha နှင့် Chang ဘီယာပါကင် ၁၀၀၀ နီးပါးကို မြို့နယ် အကောက်ခွန် ဦးစီးဌာနှမှ ဒီဇင်ဘာလ ၇ ရက် နံနက် ၉ နာရီခွဲအချိန်တွင် မြိတ်မြို့ အရှေ့သိမ် ကွင်းတွင် ဖျက်ဆီး ခဲ့သည်။


ထိုင်းနိုင်ငံထုတ် Singha ပါကင် ၅၀၀ ကတ်နှင့် Chang ပါကင် ၅၀၀ ကတ်တို့ကို တရားမဝင် အကောက် အခွန်မဲ့။ကန့်သတ်ခွန်အဖြစ် တင်သွင်း လာသောကြောင့် ဖမ်းဆီး ဖျက်ဆီးရခြင်း ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

beer_made_in_thai_myeik
” ဒီလိုမျိုး နိုင်ငံခြားက တင်သွင်း လာတဲ့ အရက်၊ ဘီယာတွေကို တရားဝင် တင်သွင်း ခွင့်မပြုထားပါဘူး၊ ကျွန်တော် တို့ ဌာနကလည်း one stop service နဲ့ နောက်ထပ်လည်း ဒီလိုမျိုး ထပ်ပြီး တင်သွင်းလာရင်တော့ ထပ်မံ ဖမ်းဆီး ဖျက်ဆီးသွားဦးမှာပါ”  ဟု ဦးစီးမှူးက ပြောသည်။
ယခု ဖမ်းဆီး ဖျက်ဆီးသည့် ဘီယာ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၈၀ ခန့်ရှိ ကြောင်း သိရသည်။