ထားဝယ် အ.ထ.က (၄)မှ သတ္တ မတန်း ကျောင်းသူတစ်ဦး လဲကျသေဆုံး

0
458

ထားဝယ်မြို့ အ.ထ.က(၄)မှ သတ္တမတန်း ကျောင်းသူတစ်ဦး စာသင်ခန်း အတွင်း မေ့မျောလဲကျရာမှ ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် လမ်း၌သေဆုံးသွားခဲ့ ကြောင်း အထက(၄)ကျောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။


ဒီဇင်ဘာ ၉ ရက် မနက်၈နာရီ ခွဲအချိန်ခန့် ကျောင်းမတက်မီ စာသင်ခန်းအတွင်း ဘုရားပန်းအိုးလဲနေစဉ် အမောဖောက်လာကာ မူးမေ့လဲကျသွားသဖြင့် ဆေးရုံသို့ ချက်ချင်းတင်ပို့ ကုသစဉ် ဆေးရုံသို့ရောက်ရှိချိန်တွင် အသက်မရှိတော့ကြောင်း ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။
” သူ့အိမ်မှာလည်း ခဏခဏမောနေတယ်လို့ ကလေးမိဘတွေက ပြောတယ်” ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။
အဆိုပါကျောင်းသူ သေဆုံးရခြင်းသည် ပြင်ပတွင် ပြောဆိုနေသကဲ့သို့ အစာ အဆိပ်သင့်ခြင်းကြောင့် မဖြစ်နိုင် ဘဲ ဆေးရုံကြီးတွင် ရင်ခွဲပြီးကနဦး စစ်ဆေးချက်အရ နှလုံးအားနည်းသည့် လက္ခဏာရှိသည်ဟု ထားဝယ်ပြည်သူ့ ဆေးရုံ ဆေးရုံအုပ်ကြီးက ဆိုသည်။
” အစာအဆိပ်သင့် မသင့်ကို စစ်ဆေးဖို့ အစာအိမ်ကို သက်ဆိုင်ရာကို ပို့ထား တယ်”ဟု ဆေးရုံအုပ်ကြီးက ပြောသည်။
ပြီးခဲ့သည့်နိုဝင်ဘာလ ၂၂ ရက်က ရေဖြူမြို့နယ်တွင် ငါးပူးတင်းစားမိရာက အဆိပ်ဖြစ်ကာ လူနှစ်ဦး သေဆုံး ခဲ့ဖူး သည်။