စောမွန်လှကျွန်းတွင် အပန်းဖြေစခန်း တည်ဆောက်မည်

0
548

ရင်းနှီးမြှုပ်နှံမှုကျပ်သန်း ၄၀၀၀ ကျော်အသုံးပြုကာ အပန်းဖြေစီမံကိန်း တစ်ခုကို မြိတ်ခရိုင်ကျွန်းစုမြို့နယ် ရေကန်တောင် ကျေးရွာအုပ်စုရှိ စောမွန် လှကျွန်းတွင် တည်ဆောက်သွားမည်ဖြစ် ကြောင်း ယင်းစီမံကိန်းအတွက် တာဝန် ယူတည်ဆောက်မည့် Saw Mon Hla Island Resort Co.,Ltd ထံမှ သိရ သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင် ၏ ခွင့်ပြုချက်ရရှိပါက တည်ဆောက်ရေး လုပ်ငန်းများ စတင်မည်ဟု ဒီဇင်ဘာလ ၁၂ရက်က မြိတ်မြို့ကမ်းနားလမ်း ပုလဲ ရတနာခန်းမတွင်ပြုလုပ်သည့် ပတ်ဝန်း ကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့်ပတ်သက် ပြီး သက်ဆိုင်သူများနှင့် တွေ့ဆုံပွဲအခမ်း အနားတွင် Saw Mon Hla Island Resort Co.,Ltd မှ စီမံကိန်းဒါရိုက်တာ ဦးသက်စိုးက ပြောသည်။

“လက်ရှိစီမံကိန်းအနေအထားက စီမံကိန်း ရေဆွဲကာလပဲ ဖြစ်ပါသေးတယ်၊ ရေးဆွဲကာလဆိုတော့ စီမံကိန်းမှာ ပါဝင်တဲ့ဟာတွေကို အသေးစိတ်ညှိနှိုင်း နေဆဲကာလဖြစ်ပါတယ်” ဟု E-Guard Environmental Services Company မှအကြီးတန်းအကြံပေး ဒေါ်နန်းခမ်းဆိုင် က ပြောသည်။

E-Guard Environmental Services Company သည်စီမံကိန်း ဧရိယာနှင့် အနီးပတ်ဝန်းကျင်အတွင်း ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားခရီးသွားများအတွက် အဓိကရည်ရွယ်ပြီး တည်ဆောက်မည့် ယင်းစီမံကိန်းတွင်ဘန်ဂလိုအလုံး ၂၀၊ တန်းနစ်ကွင်း၊ ရေကူးကန်၊ ဆိုင်ကလုံး မုန်တိုင်းရှောင်သုံးထပ်အဆောက်အအုံတစ်လုံးနှင့် ပေ ၆၀ ရှိဆိပ်ခံတံတား တစ်ခုတို့ ပါဝင်မည်ဖြစ်ကာ စီမံကိန်း အကောင်အထည်ဖော်မည့်ကာလ ၃ နှစ် ဖြစ်ပြီး ကနဦး စီမံကိန်းအတွက် ၂၀ ဧက နှင့်တိုးချဲ့ရန်လျာထားဧက ၂၉ ရှိကြောင်း သိရသည်။