အကြမ်းဖက် ဖောက်ခွဲရေးသမားများ နယ်စပ်မှ မဝင်လာရေးကော့သောင်းတွင်ဆွေးနွေး

0
441

ထိုင်း-မြန်မာနယ်စပ်ပေါက်များမှအကြမ်းဖက်သမားများ ဝင်ရောက်လာမှု မရှိစေရန် စုံစမ်းရှာဖွေရေး၊ လုံခြုံရေးတိုး မြင့်ချထားရေး လုပ်ငန်းစဉ်များ လုပ် ဆောင်ရာတွင် အစ္စလာမ်ဘာသာဝင်များ ပူးပေါင်းပါဝင်ရေး ဘာသာရေးခေါင်း ဆောင်များနှင့် ရဲတပ်ဖွဲ့တို့တွေ့ဆုံဆွေး နွေးခဲ့သည်။

ထိုင်းနိုင်ငံတွင် အစ္စလာမ်မစ်နိုင်ငံ တော် (IS) အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေသည့် သတင်းများကြောင့် ကော့သောင်းမြို့နယ်အတွင်း ဝင်ရောက် ကာ အကြမ်းဖက်ဖောက်ခွဲမှုများ မဖြစ်စေရေး၊ ဝင်ရောက်မူ မရှိစေရေး နယ်စပ်အတွင်း စစ်ဆေးရှာဖွေရာတွင် ပူးပေါင်းဆောင်ရွက်ရေးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ကော့သောင်း မြို့ တစ်မိုင် ဗလီတွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

သူစိမ်းဧည့်သည်များ လက်မခံရန်၊ ဒေသခံမဟုတ်သည့် မျက်နှာစိမ်းများ ညအိပ်တည်းခိုမူများ လက်မခံရန်နှင့် မသင်္ကာသူများတွေ့ရှိပါက ရဲတပ်ဖွဲ့ထံ ချက်ချင်းအကြောင်းကြား ပေးစေလို ကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးတင်ဦးက ပြောကြား သည်။
” အစ္စလာမ်ဘာသာဝင်တိုင်းကို အကြမ်းဖက်သမားများလို့ မထင်စေ လိုဘူး။ အကြမ်းဖက်မှုကိုလည်း မနှစ် သက်ပါဘူး။ ကျွန်တော်တို့လည်းရဲတပ်ဖွဲ့ နဲ့ပူးပေါင်းလုပ်ဆောင်သွားမယ်” ဟုဗလီ ဂေါပကအဖွဲ့ဝင် ဦးမျိုးအောင် ပြောကြား သည်။

လက်ရှိ အရှေ့အလယ်ပိုင်းဒေသ တွင်ဖြစ် ပေါ်နေသည့် စစ်ရေးပဋိပက္ခများ ကြောင့် အစ္စလာမ်အစွန်းရောက်အဖွဲ့များမှ အဖွဲ့ဝင်များသည် နိုင်ငံအသီးသီးသို့ ရောက်ရှိနေပြီး အကြမ်းဖက်တိုက်ခိုက် မူများဖြစ်ပွားနေသည့် အခြေအနေများ ကိုလည်း ဆွေးနွေးပွဲတွင်ရဲတပ်ဖွဲ့က ရှင်းလင်းပြောဆိုခဲ့သည်။