ထားဝယ်တက္ကသိုလ် လူဦးရေ ၁၂၀ ဆံ့ ကျောင်းသူအဆောင် မတ်လပြီးမည်

0
580

ထားဝယ်တက္ကသိုလ်တွင် တည် ဆောက်နေသည့် လူဦးရေ ၁၂၀ ဆံ့ ကျောင်းသူအဆောင် လာမည့် မတ်လ အတွင်း ပြီးမည်ဟု ထားဝယ် တက္ကသိုလ် မော်ကွန်းထိန်း ဦးကျော်နိုင်ဦးထံမှ သိရ သည်။

လက်ရှိအချိန်တွင် ကျောင်းသား ၃၀ဦးခန့် လက်ခံနိုင်သည့် အဆောင် တစ်ဆောင်ရှိကာ ကျောင်းသူ မိန်းက လေးများအား ဆရာမ အဆောင်တွင် ယာယီ နေရာချထား သွားမည်ဖြစ်ပြီး ယခုပညာသင်နှစ်အတွက် ကျောင်းသား အသစ် အဆောင်နေခွင့် လျှောက်လွှာ များကို လက်ခံနေပြီ ဖြစ်ကြောင်း သိ ရသည်။
dawei_university_hostel
ထားဝယ်စည်ပင်သာယာ နယ်နိ မိတ်နှင့် တက္ကသိုလ် အနီးဝန်းကျင်မှ အပ ကျန်မြို့နယ် အသီးသီးမှ ကျောင်း သူ^သားများ လျှောက်ထားနိုင်ပြီး တစ်လအတွက် ကျပ်၅၀၀၀နှုန်း တရား ဝင် ပေးသွင်းရမည်ဖြစ်ကာ ကျောင်းသား ဦးရေနည်းနေသည့်အတွက် အစား အသောက်အတွက် မစီစဉ်ပေးသေးဟု ဦးကျော်နိုင်ဦးက ပြောသည်။

“ကျောင်းသားတွေကလာလျှောက် ပြီး လာမနေကြတာက များတယ်” ဟု ဦးကျော်နိုင်ဦး ကပြောသည်။
ကျောင်းအဆောင်တွင် နေထိုင် ပါက ဆရာ^ဆရာမ များနှင့်ရင်းနှီးမှု ရှိကာ စာကျက်သည့်အချိန်တွင် မသိ နားမလည်သည့် အကြောင်းအရာများ မေးမြန်းခွင့်ရရှိပြီး စာကျက်ဖြစ်လို့ အဆင်ပြေကြောင်း ၂၀၁၄-၂၀၁၅ စာ သင်နှစ်တွင် အဆောင်နေခဲ့ ဖူးသည့် အင်္ဂလိပ်စာ အထူးပြုဒုတိယနှစ်ကျောင်း သား ကိုသိန်းစိုးထွေးက ဆိုသည်။

“ကျောင်းထဲ အဆောင်မှာ နေရ တာက ပိုပြီးလုံခြုံမှုရှိတယ်လို့ ခံစား ရတယ်” ဟု ကိုသိန်းစိုးထွေးက ပြော သည်။
တက္ကသိုလ်ကျောင်းထဲ အဆောင် တွင် အဆောင်တွင်းသို့ နောက်ဆုံး ဝင်ရောက်ချိန် ည၆နာရီဟု သတ်မှတ် ထားသော်လည်း ဆရာ^ဆရာမမျာနှင့် ညှိနှိုင်းကာ ည၈နာရီအထိ ဝင်ရောက်ခွင့် ရှိပြီး စနေ၊တနင်္ဂနွေ ကျောင်းပိတ် ရက် များတွင် မိဘများနှင့် တွေ့ဆုံ ခွင့်ရှိသလို အိမ်ပြန်ခွင့်သောကြောင့် နေထိုင်ရတာ အဆင်ပြေသည်ဟု ၎င်းက ဆက်ပြော သည်။

ထားဝယ်တက္ကသိုလ်အနီး ကမြော ကျေးရွာအုပ်စုတွင် စည်ပင်လိုင်စင်ဖြင့် တရားဝင်ဖွင့်လှစ်ထားသည့် အဆောင် ၄ဆောင်နှင့် အဆင်ပြေသလို နေထိုင်ကြ သည့် အိမ် ၁၅ ဆောင်ခန့်ရှိကာ ကျောင်း သူ^ ကျောင်းသား ၁၂၀ ခန့်နေထိုင်ကြ ကြောင်း သောကြာပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။
ထားဝယ်တက္ကသိုလ်တွင် ၂၀၁၅- ၂၀၁၆ပညာသင်နှစ်အတွက် တက္ကသိုလ် ဝင်ခွင့်ရသူ ၁၀၃၅ ဦးရှိကြောင်း ထားဝယ် တက္ကသိုလ် စာရင်းများအရ သိရသည်။