ကမ္ဘာလှည့် ခရီးသွားများအတွက် ရေးဒေသ အဆင်သင့်မဖြစ်သေးကမ္ဘာလှည့် ခရီးသွားများအတွက် ရေးဒေသ အဆင်သင့်မဖြစ်သေး

0
566

ရေးမြို့နယ်သို့ လာရောက် လည် ပတ်သည့် နိုင်ငံခြားသား ခရီးသွားများ သွားလာ နေထိုင်စားသောက်ရာတွင် အဆင်ပြေသည့် ချောမွေ့သည့် အခြေ အနေမဖြစ်သေးဟု နိုင်ငံခြား ခရီးသွား များအား အခါအားလျော်စွာ လိုက်ပါ ကူညီပေးသည့် ဒေသခံများထံမှ သိရ သည်။

နိုင်ငံခြား ခရီးသွားများ သွားလာ နေထိုင်စားသောက်ရာတွင် အခက်အခဲ များ မဖြစ်ပေါ်စေရေးအတွက် အင်္ဂလိပ် ဘာသာစကားဖြင့် သင့်တော် သော Menu(ရနိုင်သည့် စားသောက် ဖွယ်ရာ စာရင်း)များ၊ လည်ပတ်ရာတွင် အဆင် ပြေ လွယ်ကူစေရန်အတွက် လမ်းညွှန် များထားရန် လိုအပ်နေကြောင်း အထက် ပါ ဒေသခံများက ပြောသည်။
yay_not_ready_for_foreigner
“ရေးမြို့နယ်က စားသောက်ဆိုင် တွေဟာ ကိုယ့်ဆိုင်ရဲ့ အစားအသောက် စာရင်း Menu ကို သေသေချာချာ ပြင်ထားသင့်ကြပါပြီ။ ဆိုင်အများစုဟာ Menu တွေ မရှိကြပါဘူး။ ရှိရင်လည်း မြန်မာဘာသာနဲ့ပဲ ဖော်ပြထားတာ တွေ့ကြရပါတယ်။ Menu တွေကို အင်္ဂလိပ်လိုပါ တွဲရေး သင့်ပါတယ်ဓ ဟု နိုင်ငံခြား ခရီးသွားများအား မကြာခဏ ကူညီပေးနေသည့် ရေးမြို့၊ ရန်ကြီးအောင် ရပ်ကွက်နေ ကိုညီသွေးက ပြောသည်။
ဒေသတွင်း ခရီးသွားလမ်းညွှန် များလည်း ရှိသင့်နေပြီဖြစ်ပြီး လည်ပတ် နိုင်သည့် အထင်ကရ နေရာများအပြင် သမိုင်းဆိုင်ရာ အထောက်အထား များကို ပါ လေ့လာပြုစု ထားသင့်နေပြီဖြစ် ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

နိုင်ငံခြားသား ခရီးသွားများအတွက် အဆင်ပြေစေရန် ဈေးနှုန်းကို ပြည်တွင်း ခရီးသွားများနှင့် တစ်မျိုးတည်း သတ်မှတ် ရန်လိုအပ်ပြီး သန့်ရှင်းသန့်ရပ်မှုကိုလည်း ဂရုစိုက်သင့်ကြောင်း ရေးမြို့နယ် လူမှု အကျိုးဆောင်အဖွဲ့ဝင် ဦးညီသွေးက ပြော သည်။
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ အမိန့်စာအမှတ် ၇၇/၂၀၁၃ ဖြင့် နိုင်ငံတော်မှ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက်သွားလာမှု ဧရိယာ တိုးချဲ့သတ်မှတ်ရာတွင် ရေးမြို့နယ် အပါအဝင် ရေးမြို့နယ်အတွင်း မြို့နယ်ခွဲ များဖြစ်သည့် ခေါဇာမြို့၊ လမိုင်းမြို့တို့ ပါဝင်လာပြီးနောက်ပိုင်း နိုင်ငံခြားခရီး သွားဧည့်သည်များ ပိုမို ဝင်ရောက်လာပြီး လစဉ် ၁၀၀ ဦးခန့် အနည်းဆုံး လာ ရောက်လေ့ရှိကြောင်း ရေးမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက သိရသည်။