အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

0
453

ကော့သောင်းမြို့ အ.ထ.က (အေးရိပ်ငြိမ်) ကျောင်းဝင်း ဝန်ထမ်းတန်းလျားတွင် ဒီဇင်ဘာလ ၂ရက် နံနက် ၁ နာရီခန့်က အသက် ၄၁နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းမှ သိရသည်။
သေဆုံးသူမှာ ဆိုင်ကယ်အငှား ယာဉ်မောင်းတစ်ဦးဖြစ်ပြီး အခင်း ဖြစ်ပွားချိန်တွင် ဇနီးနှင့် သားသမီး ၃ ယောက် နေအိမ်အပေါ်ထပ်တွင် အိပ်နေကြကြောင်း သိရသည်။
“ဖြစ်တဲ့အချိန်က အိမ်အောက်ထပ် မှာ မီးမှောင်နေတယ်၊ ရေပုံးဆွဲသံကြားပြီး အသံငြိမ်နေလို့ မသင်္ကာတာနဲ့ဆင်း ကြည့်တော့ ခုလိုကြိုးတန်းလန်းနဲ့ တွေ့ ရတာပဲ၊ အဲဒါနဲ့ အိမ်နားက ကျွန်မယောက်ျားရဲ့အစ်မဖြစ်တဲ့ ဒေါ်တင်တင် အေးကို အော်ခေါ် အသိပေး အကူအညီတောင်းပြီး ဆေးရုံချက်ချင်းပို့ရပါတယ် ” ဟု သေဆုံးသူ၏ ဇနီးဖြစ်သူက ပြောပြသည်။
သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်ကို ကော့သောင်း မြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။