နယ်စည်းမထား ဆရာဝန်များ အဖွဲ့တွင် ဆေးကုသမှု ခံယူနေသည့် HIV ပိုးရှိသူ ၅၀၀၀ ကျော်ရှိ

0
594

ထားဝယ်မြို့ရှိ နယ်စည်းမထား ဆရာဝန်များအဖွဲ့(ဆွစ်ဇာလန်)က HIV ရောဂါပိုးရှိသူ ၅၈၁၉ ဦးကို ဆေးကုသပေးလျက်ရှိကြောင်း ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး နေ့အထိမ်းအမှတ် အခမ်းအနား၌ အနာဂတ်အလင်းရောင်ဘ၀တူ ကူညီပံ့ ပိုးရေးအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်မျိုးက ပြောသည်။
၎င်းတို့အနက် ယင်းအဖွဲ့က ဖွင့်လှစ်ထားသော မေတ္တာရိပ်ဆေးခန်းကို ပုံမှန်လာရောက် ကုသသူ ၃၁၀၀ ဦးရှိကြောင်း ဦးအောင်မျိုးက ပြောသည်။
” အခုအခါ နယ်စည်းမထား ဆရာဝန်များအဖွဲ့မှာ ကုသမှုခံယူနေသူများကို သက်ဆိုင်ရာ ဆေးရုံသို့ စတင်လွှဲပြောင်းပေးလျက်ရှိပါတယ်”   MSF မှ စီမံချက် ညှိနှိုင်းရေးမှူးပေးပို့သောစာအား ကိုးကား၍ ဦးအောင်မျိုးက ဆိုသည်။
ယင်းအဖွဲ့သည် ထားဝယ်ခရိုင် အတွင်းရှိ ပြည်သူများကို HIV ရောဂါ ပိုးရှိ/မရှိ သွေးဖောက် စစ်ဆေးပေးခြင်း၊ ရောဂါရှိသူများကို ဆေးဝါးကုသ ပေးခြင်းနှင့် လိုအပ်သော ပြုစုထောက်ပံ့မှုများပြုလုပ်ပေးနိုင်ရန် ရည်ရွယ်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။