ဝင်းရီ သို့မဟုတ် သေမင်းတမန်

0
1574

မြိတ်မြို့တွင်၂၀၁၅၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၃နာရီခွဲခန့်က သတင်းအရ တပ်မတော်(ရေ)က မလေး ရှားသို့ ထွက်ခွာမည့် ” ခန့်ဟိန်းဇင်အောင်”  ကုန်တင်လှေကို တားဆီး စစ်ဆေးပါ သည်။ သို့သော် အစစ်ဆေး မခံဘဲ ထွက် ပြေး တိမ်းရှောင်သဖြင့် လိုက်လံ ဖမ်းဆီး ရာ ကလွင်မော်စွန်းအနီးတွင် ဖမ်းဆီးရ မိခဲ့ပါသည်။

အဆိုပါ လှေပေါ်တွင် တစ်ကီလို အလေးချိန်ရှိ   ICE(c)Methamphetamin  မူးယစ်ဆေးဝါး ၁၄၄ အိတ်၊ WY စိတ်ကြွဆေးပြား ၇၇ ပြားနှင့် ၃၁ ဂရမ် အလေးချိန်ရှိ ဘိန်းစာ မှုန့် တစ်ထုပ်တို့ကို ဖမ်းဆီး ရမိခဲ့ပါသည်။အဆိုပါ မူးယစ်ဆေးဝါးများ၏ ကာလ တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၅၇၀၀၀ကျော် ဖြစ်ပြီး မြိတ်မြို့မှာ ဖမ်းဆီး ရမိသမျှတွင် ဤတစ်ကြိမ် အများဆုံးဟု သိရပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရ အဆက်ဆက်သည် မူးယစ်ဆေးဝါးကို အစဉ်တစိုက် သဲကြီးမဲကြီး ဆန့်ကျင် ခဲ့ကြပါသည်။ န၀တ၊ နအဖ စစ်အစိုးရ လက်ထက်မှ ယနေ့ နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန် အစိုးရ လက်ထက်အထိ မူးယစ်ဆေးဝါးကို လမ်းဘေး မြေစိုက် ပိုစတာများနှင့် ဆန့်ကျင်ခဲ့ကြပါသည်။အစိုးရ အထက်တန်း ကျောင်းများ၌ ဆိုင်း ဘုတ်များ စိုက်ထူကာ ဆန့်ကျင်ခဲ့ ကြပါ သည်။ ထို့အပြင် နိုင်ငံပိုင် မီဒီယာများ ဖြစ်ကြကုန်သော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ မျက်နှာဖုံးများတွင် စာလုံးမည်းကြီးများဖြင့် ပြူးတူးပြဲတဲ ဆန့်ကျင်ခဲ့ကြပါသည်။ သို့သော် လက် တွေ့တွင်မူ မြန်မာနိုင်ငံသည် ကမ္ဘာမှာ အာဖဂန်နစ္စတန် ပြီးလျှင် ဘိန်းစိုက်ပျိုး ထွက်ရှိမှု အမြင့်မားဆုံး နိုင်ငံအဖြစ် ရပ်တည် လျက်ရှိပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံမှ အသည်းအသန် အလို ရှိနေသော ဘိန်းဘုရင် ခွန်ဆာကို မြန်မာ စစ်အစိုးရက ဂုဏ်ထူးဆောင် ဧည့်သည် ကြီးတစ်ဦးလို ကာကွယ် စောင့်ရှောက်ပေး ခဲ့လေသည်။ သူတို့ မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ပုံက ပင်စည်ကြီးကို အရင်းမှ ခုတ်မလှဲဘဲ ကိုင်းဖျားကိုင်းနား တွေကို ချိုင်နေ သလိုပင်။ ဘိန်းဘုရင်ကြီး ကို အကာ အကွယ် ပေးထားပြီး ရပ်ထဲရွာ ထဲမှာ လက်လီ ရောင်းဝယ် ဖောက်ကားနေ ကြသော ဒိုင်ခွဲ လေးများနှင့် သုံးစွဲသူများ ကိုသာ တွင်တွင်ကြီး အဖမ်းပြလေသည်။
wy_die
အလားတူပင် ဘောလုံးပွဲ၊ နှစ်လုံး၊ သုံးလုံး စသည့် လောင်းကစား လုပ်ငန်း များကိုလည်း နောက်ကွယ်မှ ငွေလုံး ငွေရင်း စိုက်ထုတ်ထားသော ဒိုင်ချုပ်များ ကို လက်ဖျားဖြင့်ပင် မတို့ထိဘဲ လက်ခွဲ ဒိုင်လေးများကိုသာ အဖမ်းပြ လေသည်။ညောင်မြစ်တူးရင်း ပုတ်သင်ဥ ပေါ်ကုန် မှာ စိုးလို့လား မသိ။ ထိုကြောင့် အဆိုပါ မူးယစ်ဆေးဝါးနှင့် လောင်းကစား လုပ် ငန်းများမှာ အစိုးရ အဆက်ဆက်သာ ပြောင်းလဲခဲ့ပေမယ့် ပန်းပန်လျက်ပင်။

၂၀၁၃ ခုနှစ်တွင် ” မိုးဇေညိမ်း” အမည်ဖြင့် ဖေ့စ်ဘွတ်ခ် အသုံးပြုသူ တစ်ဦးက အနုပညာ လောကထဲမှ နာ မည်ကြီး ရုပ်ရှင်မင်းသား၊ မင်းသမီများ နှင့် ဗိုလ်ချုပ်၊ ဒုဗိုလ်ချုပ်ကြီး သားများ ၏ မူးယစ်ဆေးဝါး အရှုပ်တော်ပုံကို အချက် အလက် အထောက်အထား အခိုင်အမာ ဖြင့် ဖွင့်ချခဲ့ပါသည်။ မူးယစ်ဆေး သုံးစွဲ မှုဖြင့် ခေါ်ယူ စစ်ဆေးခံရသော ရုပ်ရှင်မင်း သမီးများ၏ အစစ်ဆေးခံချက်များကို ဓာတ်ပုံ အထောက်အထားဖြင့် ဖော်ကောင် လုပ်ခဲ့လေသည်။ ထိုသတင်းကြောင့် အနုပညာလောကမှာ အုတ်အော် သောင်း က ဖြစ်သွားပြီး ကာယကံရှင် ရုပ်ရှင် မင်းသမီးများဘက်က မိုးဇေညိမ်း မဟုတ် မမှန်ရေးသားကြောင်း ပြန်လည် ချေပရှင်း လင်းချက် မထုတ်ပြန်ခဲ့ပါ။ထို့အတူ မည် သည့် မီဒီယာမှာမှ ထို သတင်းကို ဖော်မ ပြခဲ့ကြပေ။ မိုးဇေညိမ်း ဖော်ကောင်လုပ်မှ ကန့်လန့်ကာနောက်မှ ထိုဖြစ်ရပ်ကို တစ်နိုင်ငံလုံး သိရှိခဲ့ကြခြင်း ဖြစ်ပြီး ထုံးစံ အတိုင်း အဆိုပါအမှုတွဲမှာ လျှောမွေး ဖြစ်ခဲ့ရပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ တရား စီရင်ရေးမှာ ပင့်ကူအိမ်ကဲ့သို့ အကောင် သေးသေးမွှားမွှား မှန်သမျှ အကုန်မိပြီး အကောင်ကြီးများက ပင့်ကူအိမ်ပေါက် ပြီး လွတ်မြောက်ခဲ့ကြတာ များပါသည်။နိုင်ငံကျော် ရုပ်ရှင်မင်းသမီး တစ်ဦးက သတင်းထောက် အမျိုးသမီးတစ်ဦးကို လူပုံအလယ်တွင် ပါးရိုက်သော အမှု ကြောင့် ဒဏ်ငွေတစ်ထောင်သာ ပေး ဆောင် ရလေသည်။ အကယ်၍ သတင်း ထောက် အမျိုးသမီးက အဆိုပါ ရုပ်ရှင် မင်းသမီးကို လူပုံအလယ် ပါးရိုက်ပါက ပုဒ်ထီးပုဒ်မတွေ တစ်သီတစ်တန်းကြီး အတပ်ခံရပြီး ထောင်ဒဏ် အကျခံရ နိုင် ပါသည်။

ကျွန်းတစ်ပင် ခုတ်လှဲပါက ထောင် ဒဏ် သုံးနှစ်ဟု ကြေညာထားပေမယ့် မြန်မာ တစ်နိုင်ငံ လုံးရှိ သစ်တောများကို အတိုင်း အဆမဲ့ ခုတ်လှဲခဲ့သူကိုတော့ ဂုဏ်သရေရှိ လူကြီး လူကောင်း တစ်ဦးလို လေးလေး စားစား ဆက်ဆံကြလေသည်။ ထိုသို့ တရား ဥပဒေအထက်မှာ ” တို့ထိ၍ မရသူ (Uညအသကခ့ဘေူန)” တချို့ ရှိနေ သော ကြောင့် တရားစီရင်ရေး စနစ်ကို မည်သူမျှ အယုံအကြည် မရှိကြတော့ပေ။
ယခုဆို ကျွန်တော်တို့ မြို့လေးရှိ တချို့သော ရပ်ကွက်များမှာ WY ဆေးပြားများကို ဦးချိန်တီ အစာကြေ ဆေးရောင်းသလို ပြောင်ပြောင်တင်းတင်း ရောင်းဝယ် ဖောက်ကားလျက် ရှိပါသည်။ထိုသို့ ရောင်းဝယ် ဖောက်ကားလျက် ရှိသော ရပ်ကွက်တွင်းသို့ ရဲများ မကြာ ခဏဆိုသလို ရှောင်တခင် ဝင်ရောက် ဖမ်းဆီးလေ့ရှိသည်။ ဝင်ရောက် ဖမ်းဆီး တိုင်းလည်း WYဆေးပြား ရောင်းသူ (သို့မဟုတ်) သုံးစွဲ သူများကို သက်သေခံ ပစ္စည်းနှင့်တကွ လက်ပူးလက်ကြပ် ဖမ်းမိစမြဲပင်။ သို့သော် ဖခင် အဖမ်းဆီး ခံရပါက သားသမီးများက ထိုလုပ်ငန်းကို မိရိုးဖလာ အလုပ်တစ်ခုလို ဆက်လက် လုပ်ကိုင် ကြသောကြောင့် ရဲတွေ မည်သို့ ပင် ဖမ်းဆီးစေကာမူ WYဆေးပြား ရောင်းဝယ် ဖောက်ကားမှုမှာ အရှိန်အဟုန် မပျက် ရှေ့ဆက် ချီတက်လျက်ပင်။

အဆိုပါ WYဆေးပြားများမှာ မော်လမြိုင်ဘက်မှ ဝင်ရောက်လာကြောင်း သိရှိရပြီး သူတို့ လောကမှာ ” ဝင်းရီ” ဟု သုံးနှုန်း ကြပါသည်။ WYဆေးပြား တစ်ပြား၏ ဈေးနှုန်းမှာ ကျပ် ၂၅၀၀မှ ၃၀၀၀အထိ ပေးရပြီး တချို့က ရှုရှိုက် ကြသလို တချို့က သောက်သုံးကြလေ သည်။ ဆေးရှုခြင်း ဆိုသည်မှာ WY ဆေးပြားကို ခဲပြားတစ်ခု ပေါ်တင်ပြီး ခဲပြားအောက်မှ ဂက်စ်မီးခြစ်ဖြင့် အပူ ပေးကာ အငွေ့ကို ပိုက်လုံးဖြင့် ရေထဲမှ ဖြတ်ခိုင်းပြီး ရှူရှိုက်ခြင်း ဖြစ်ပါသည်။ WY သမားများ ဆေးရှုရာ၌ အသုံးပြု သောဘူးမှာ အဆုတ်ရောဂါသည်များ ရှူသော အောက်ဆီဂျင် Fငူအနမ နှင့် သဘောချင်း ခပ်ဆင်ဆင် တူပါသည်။ အဆိုပါ WYဆေးပြားကို အငွေ့ ဖြစ် အောင် အပူပေးသောအခါ ဂက်စ်မီး ခြစ်မှ မီးတောက်ကို စူးရဲနေအောင် ဆေးထိုး အပ်ကို မီးတောက်ထွက်သော ပိုက် အတွင်း စွပ်ထည့်ရပါသည်။ ထိုသို့ အပူ ပေး လိုက်သောကြောင့် ထွက်လာသော အငွေ့မှာ ချောကလက်နံ့ရသည် ဟူ၏။ သို့သော် ယိုးဒယား WY ဆေးပြားများမှာ ချောကလက်နံ့ မရသလို ဈေးနှုန်းက လည်း ယခုထက် ၃-၄ဆခန့် ပိုပြီး အသွားအပြန် လေးခေါက်လောက် ရှုရှိုက် ရကြောင်း သုံးစွဲဖူးသူတစ်ဦးက ရှင်းပြခဲ့ ဖူးပါသည်။

ထိုထက်ပို အာနိသင် ပြင်းသည်ကား ဆေးရှုရာ၌ အသုံးပြုသော ရေဘူးထဲမှ ရေပင် ဖြစ်ပါသည်။ အဆိုပါရေထဲမှာ ဆေးအာနိသင်များ ပျော်ဝင်နေသော ကြောင့် နီညိုရောင် သမ်းနေပြီး ထိုရေကို ခွက် တစ်လုံးဖြင့် အငွေ့ပျံအောင် ကြို ချက်ပြီး ခန်းခြောက် သွားသောအခါ ခွက်အတွင်း ကပ်ကျန်ရစ်ခဲ့သော အမှုန် အမွှားလေးများကို ဘရိတ်ဓားဖြင့် ခြစ်ပြီး ပြန်လည် သုံးစွဲကြလေသည်။

နောက်ထပ် သုံးစွဲနည်း တစ်မျိုးမှာ သောက်သုံးခြင်း ဖြစ်ပါသည်။ WY ဆေး ပြားကို အမှုန့်ဖြစ်အောင် ချေမွပြီး ကျွဲ ရိုင်း၊ ငါးမန်း စသော အချိုရည်များဖြင့် ရောစပ် သောက်သုံးခြင်း ဖြစ်ပါသည်။ျွှ့ ဆေးပြားကို နှစ်ရှည်လများ သုံးစွဲ ဖူးသူ တစ်ဦး အဆိုအရ သောက်ခြင်းထက် ရှုခြင်းက ပိုထိရောက်ကြောင်း သိရပါ သည်။ အဆိုပါ WYဆေးပြား၏ အာနိ သင်မှာ လန်းဆန်းတက်ကြွခြင်း ဖြစ်ပါ သည်။ ထိုကြောင့် အဆိုပါ မူးယစ်ဆေးကို ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်ကြသော ရေလုပ်သားများ သုံးစွဲကြလေသည်။ အဆိုပါ ဆေးပြားကို သုံးစွဲသူသည် ဆာ လောင်မွတ်သိပ်မှု ကင်းပြီး အိပ်ရေးဘယ် လောက်ပျက်ပျက် ပင်ပန်းနွမ်းနယ်ခြင်း အလျဉ်းမရှိဘဲ လန်းဆန်း တက်ကြွနေ တတ်ပါသည်။ ထို WY ဆေးပြားကို ဂျာမနီနိုင်ငံမှ စတင် ထုတ်လုပ်ခဲ့ပြီး အက်ဆစ် ခြောက်မျိုးဖြင့် ဖော်စပ်ထား ပါသည်။ ထို့ကြောင့် WY ဆေးပြားကို ကြာရှည် သုံးစွဲသူများမှာ သွားများ ဆွေး မြည့်ပြီး ကြွေကျလာတတ်သလို ဆေး ပြားကို လက်ထဲ ကြာရှည် ဆုပ်ကိုင်ထား ပါက အရေပြားများပင် ပွန်းပဲ့တတ်လေ သည်။ ထိုမျှ ပြင်းထန်သော အက်ဆစ် အခိုး အငွေ့များကို နေ့စဉ် မိုးသောက် ရှူရှိုက်နေကြသော WY သမားများ၏အဆုတ်မှာ အချိန်တိုတိုအတွင်း မည်မျှ ထိခိုက်ပျက်စီးမည်ကို တွေးပင် မတွေးဝံ့တော့ပါ။ အက်ဆစ် ခြောက်မျိုးဖြင့် ပေါင်းစပ်ထားသော ၎င်း WY ဆေးပြားများမှာ ကြာရှည် လေသလပ်ခံပါက အရည်ပျော်တတ် သောကြောင့် ဆေးပြား ဆယ်ပြားသော်လည်းကောင်း၊ အပြား နှစ်ဆယ် သော်လည်းကောင်း လေလုံအောင် ကြံရည် စုပ်သောက်သော ပိုက်လုံး လေးအတွင်း ထည့်သွင်းကာ ရောင်းဝယ်ဖောက်ကား ကြလေသည်။ ICE(ခ) Methamphetamine မှာ ဈေးနှုန်း ခေါင်ခိုက်နေသောကြောင့် လူ တန်းစား တစ်ရပ်သာ ဝယ်ယူသုံးစွဲ နိုင်လေသည်။

ယခုအခါ WYဆေးပြားမှာ ရေလုပ်သားများသာမက ကျောင်းသား လူငယ်ထုကြားသို့ပင် ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်ပါသည်။ WY ဆေးပြား ရောင်းဝယ် ဖောက်ကားကြသူများသည် ငွေကြေးလည်းရွှင်၊ အသစ်အဆန်းမှန်သမျှကိုလည်း စူးစမ်းချင်စိတ်ရှိသော ကျောင်းသား အရွယ် လူငယ်လေးများကို ပစ်မှတ်ထားကြလေသည်။ ကနဦး၌ WY ဆေးပြားတစ်ခါမှ မသုံးစွဲဖူးသေးသော အူရိုင်းလေးများကို ဆေးပြား တစ်ပြား(သို့)တစ်ခြမ်းကို အခမဲ့ပေးပြီး မိတ်ဆွယ်လေသည်။ များများ မိတ်ဆွယ်စရာ မလို။နှစ်ကြိမ် သုံးကြိမ်လောက် သုံးစွဲဖူးပါက WYကို အစွဲကြီး စွဲသွားပါတော့သည်။နေ့နေ့ညည WY နှင့် တွေ့ကြုံရဖို့မှ တစ်ပါး တခြားဘာမှ မလိုလားမတောင့်တတော့ပေ။ ထိုကြောင့် WY သုံးစွဲဖို့ နည်းလမ်းပေါင်းစုံနှင့် ငွေရှာ ကြလေသည်။ ကနဦး၌ရသမျှ မုန့်ဖိုးကို ခြစ်ခြုတ် စုဆောင်းပြီး WY သုံးစွဲကြလေသည်။ တဖြည်း ဖြည်းနှင့် ရေချိန်မြင့် လာပြီး တစ်နေ့ တစ်ပြားမှ နှစ်ပြား၊ သုံးပြား ဖြစ်လာသောအခါ မုန့်ဖိုးနှင့် မလောက်ငှသောကြောင့်ရှိသမျှ ပေါင်နှံ ရောင်းချကြလေသည်။ ထိုမှ တစ်ဆင့် ပေါင်နှံ ရောင်းချစရာမရှိသော အခါ ခိုးဝှက် လုယက်သည်အထိ အတင့်ရဲလာကြလေသည်။ ကုန်ုကုန် ပြောရလျှင် လူသတ်ရန်ပင် ဝန်မလေးကြတော့ပါ။

ယခုဆို ကျွန်တော်တို့ မြို့လေးမှာ နေ့ခင်းကြောင်တောင်၌ပင် လုယက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ ရှိပါသည်။ ထိုသို့ လုယက်မှု ကျူးလွန်ကြသူအများစုမှာ WYဆေးပြား၏ ကျေးကျွန် ဘ၀ ရောက်ရှိနေကြသော လူငယ်လေးများ ဖြစ်ကြပါသည်။ သူတို့ခမြာ ရင်းထလာသောအခါ ထောင်တွေတန်းတွေတောင် မကြောက်နိုင် ကြတော့ဘဲ သွေးသားတောင်းဆိုမှုနောက် ကောက်ကောက်ပါအောင် လိုက်ပါကြလေသည်။ စွဲမက်စရာကောင်းလှသော ” ဝင်းရီ” ၏ ညှို့ ချက်အောက်က လွတ်အောင် ရုန်းမထွက် နိုင်ကြတော့ပေ။ ထိုအပြင် ဆေးအသုံး လွန်ပြီး”ပေါက်” သွားသောအခါ မိမိကိုယ် မိမိရော သူတစ် ပါးကိုပါ စိတ်မထင်လျှင် မထင်သလိုပြုမူတတ်လေသည်။ ထို့ကြောင့် WY သမားများမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း၌ အချိန်မရွေး ထပေါက်ကွဲနိုင်သော အချိန်ကိုက်ဗုံးများလို ဖြစ်နေလေပြီ။ ” ဝင်းရီ” သည် ပြာလဲ့လဲ့ မီးတောက်လေးများဖြင့် လူငယ်များ၏ အနာဂတ် ကိုရော၊ တိုင်းပြည်၏ အနာဂတ်ကိုပါ တမြည့်မြည့် လောင်ကျွမ်း စေခဲ့ပြီ။

ထိုကြောင့် နောက်တက်လာမည့် အစိုးရသစ်အနေနှင့် မဖြစ်မနေ ဦးစားပေးဖြေရှင်းရမည့် ပြဿနာမှာ မူးယစ်ဆေး ရောင်းဝယ်ဖောက် ကားမှု ပင်ဖြစ်ပါသည်။ WY နှင့် Iဃန တို့လက်ထဲမှ လူငယ်လေးများ၏ အနာဂတ်နှင့် တိုင်းပြည်၏ အနာဂတ်ကို တရားဥပဒေ စိုးမိုးရေး ဟူသော လက်နက်ဖြင့် မဆိုင်းမတွ ပြန်လည် ကယ်တင်ရပေလိမ့်မည်။ အကယ်၍ ဤပြဿနာကို ယခင်အစိုးရအဆက်ဆက် ဖြေရှင်းခဲ့သလို ပင်စည် အရင်းမှ ခုတ်မလှဲဘဲ ကိုင်းဖျား ကိုင်းနားလေးတွေကိုသာ လိုက်ချိုင်နေပါက နဂို ကမှ ဆင်းရဲတွင်း နစ်နေသော ကျွန် တော်တို့ နိုင်ငံသည် မူးယစ်ဆေးဝါး၏ ပွဲသိမ်း လက်သီးချက်ကြောင့် နောက် ကောက်ကျကာ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာကြာသည်အထိ နိုင်ငံစဉ် မီတော့မှာ မဟုတ်ကြောင်းပါ ခင်ဗျား။