တနင်္သာရီတွင် မိုးရေနှင့်အတူ ရွှေရောင် ငွေရောင် တောက်သည့် အမှုန်များကျလာ

0
444

တနင်္သာရီမြို့နယ် တကူကျေးရွာ တွင် ဒီဇင်ဘာလ ၃ ရက် ညနေ ၄ နာရီ ခန့်က မိုးရေနှင့်အတူ ရွှေရောင် ငွေရောင် လက်နေသည့် အမှုန်များ နေရာအနှံ့ ပြန့်ကျဲတွေ့ရကြောင်း တကူကျေးရွာသား အချို့ထံမှ သိရသည်။

tanintharyi_gold_rain

ယင်းဖြစ်စဉ်ကို ရွာသူရွာသားများ ကို ရွှေမိုးငွေမိုးရွာသည်ဟု ယူဆကြ သည်။
မိုးရွာပြီး နောက်တစ်ရက် နံနက် တွင် မြက်ခင်းပြင်တစ်ခုလုံး ရွှေကြည် ငွေကြည်ကဲ့သို့ အမှုန်များကို မြင်တွေ့ရ သည်ဟု တကူရွာနေ မမျိုးငယ်က ပြော သည်။
” အဲသည်နေ့က ရွာတဲ့မိုးက ပုံမှန် မိုးလို မဟုတ်ဘူး။ ကောင်းကင်မှာ အရောင် တွေ တလက်လက်နဲ့ ထူးခြားမှု ရှိနေပါ တယ်” ဟု တကူရွာသားတစ်ဦးက ပြော သည်။

ယင်းဖြစ်စဉ်မျိုး လွန်ခဲ့သည့် ၃ နှစ် ခန့်က တနင်္သာရီမြို့ရှိ နေရာ တချို့တွင် ၂ ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်း တနင်္သာရီမြို့ နယ် စာရေးရာများအသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။

” တနင်္သာရီ ရိုးရာ ဧဇာသီချင်းမှာ ဘုန်းကံပေါ်လို့ ရွှေမိုးငွေမိုးရွာဆိုတဲ့ အဓိပ္ပါယ်မျိုးပါတဲ့ စာသားတွေ ရှိတယ်။ ကောင်းတဲ့နမိတ်လို့ ယူဆတယ်” ဟု ဦးသန်းစိုးဝင်းက ဆိုသည်။