မြိတ်တွင် တစ်ပတ်အတွင်း ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွား

0
472

မြိတ်မြို့ မြိတ်တောင်နယ်မြေမြို့သစ်(၂)ရက်ကွက် ပုလဲ(၂)လမ်းတွင် ဒီဇင်ဘာလ ၅ ရက်နေ့နံနက် ၁၁နာရီခွဲ ခန့်က မီးလောင်မှုတစ်ခုထပ်မံဖြစ်ပွား ခဲ့ကြောင်း သိရသည်။


တစ်ပတ်အတွင်း မြိတ်မြို့တွင် ဒုတိယအကြိမ်ဖြစ်ပွားသည့် မီးလောင် မှုဖြစ်ပြီး သွပ်မိုး ပျဉ်ကာပျဉ်ခင်း နေအိမ် တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ခရိုင် မီးသတ်ဦးစီးဌာနရုံးမှ ဦးစီးမှူးကပြော သည်။
myeik_fire
မီးလောင်မှုဖြစ်ပွားသည့်အိမ်တွင် မောင်နှမ ၂ ဦးသာနေထိုင်ပြီး နေ့ခင်းဘက် တွင်လူမရှိဟု အိမ်နီးနားချင်းများက ပြောပြသည်။
မီးသတ်ကားနှင့်ရေသယ်ယာဉ်ကား ၁၀စီး၊ သန္ဓေမီးသတ် ၃၀ဦးနှင့် အရံမီး သတ် ၁၀၀ဦးတို့ဖြင့် မိနစ် ၃၀ ခန့် အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးသတ် ဌာန၏ ခန့်မှန်းချက်တွက်ချက်မှုအရ ဆုံးရှုံးမှု တန်ဖိုး ကျပ် ၅၂၅၀၀၀ ဟု သိရ သည်။

မီးလောင်ရသည့်အကြောင်းအရင်း ကို အတိအကျမသိရသေးဘဲအိမ်ရှင်အား ခေါ်ယူစစ်ဆေးဆဲဖြစ်ကာအဖြေသိရပါကသတင်းထုတ်ပြန်ပေးမည်ဟု မီးသတ် ဌာနမှသိရသည်။