မြိတ်တွင် ကလေးပျောက်၊ သတ်၊ ဖြတ် ကောလဟလကျယ်ပြန့်လာ၍ သက်ဆိုင်ရာက လိုက်ရှင်းပြ

0
610

မြိတ်ခရိုင် ကျွန်းစုမြို့နယ်နှင့် ပုလောမြို့နယ်အတွင်း ပြီးခဲ့သည့် လ အတွင်းကစပြီး တစ်နေ့ထက် တစ်နေ့ ကျယ်ပြန့်လာသည့် ကလေးများ ပျောက် ဆုံး၊သတ်ဖြတ်ခံရသည်ဟူသည့် ကော လဟလသတင်းများကြောင့် သက် ဆိုင်ရာက ဒေသခံများအား မစိုးရိမ် ကြရန် လိုက်လံ ရှင်းပြနေရကြောင်း ကျွန်းစုမြို့နယ် ရဲစခန်းမှသိရသည်။

ကျွန်းစုမြို့နယ်၊ ပင်လယ်ပိုင်း ကျေးရွာများနှင့် ပုလောမြို့နယ်ရှိ ကျေး ရွာတချို့တွင် ကလေးငယ်များကို အမည်မသိသူများက လိုက်လံ ဖမ်းဆီး၍ သတ်ဖြတ် ခိုးယူမှုတွေရှိနေသည်ဟု ကောလဟလသတင်းများ ထွက်ပေါ် နေပြီး၊ အချို့ကျေးရွာများတွင် ကလေး မိ^ဘများက စိုးရိမ်မှုမြှင့်တက် နေသဖြင့် ကျွန်းစုမြို့နယ် ပင်လယ်ပိုင်း ကျေးရွာ ၂၀ နီးပါးကို အသိပညာပေး ဟောပြော ခြင်းကို ဆောင်ရွက်ပေးနေရကြောင်း ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး က ပြောသည်။

” ရွာတွေမှာတော့ အဲ့လိုပဲ ကောလ ဟလသတင်းတွေ ထွက်ပေါ်နေတာ ကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ပြီး ဖုန်းဆက် သတင်းမေးတာတွေတော့ ရှိပါတယ်” ဟု ဦးငြိမ်းထွေးက ဆိုသည်။

ကောလဟလ သတင်းများထွက် ပေါ်နေသော်လည်း ယခုအချိန်အထိ မြို့နယ်ရဲစခန်းသို့ ကလေးပျောက်ခြင်း၊ အမှုဖွင့်တိုင်ကြားခြင်း မရှိသေးသည့် အတွက် မသမာသူတွေက မဟုတ်မမှန် သတင်းများကို လွှင့်နေခြင်းသာ ဖြစ်နိုင် ကြောင်း ကျွန်းစုမြို့နယ်ရဲစခန်းမှ တာဝန် ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။
” ရွာတွေမှာတော့ စိုးရိမ်မကင်း ဖြစ်နေတာတွေတော့ ရှိပါတယ်၊ ရွာသား တွေဘက်ကလည်း စိုးရိမ်လို့ လုံခြုံရေး တွေ ချထားတာတွေတော့ ရှိပါတယ်၊ လက်ရှိအချိန်အထိ ယခုဖြစ်စဉ်နဲ့ ပတ် သက်ပြီး ကြီးကြီးမားမား ပြဿနာ မျိုး တော့ မရှိသေးဘူး}}ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ပြောသည်။
သတင်းမေး သတင်းပေးလာသည့် ကျေးရွာများသို့ သက်ဆိုင်ရာရဲ၊ အုပ်ချုပ် ရေးမှ တာဝန်ရှိသူများ သွားရောက် အသိပေး ပညာပေး ဟောပြောနေကြောင်း သိရသည်။

ပြည်သူများအများစု စိုးရိမ်ကြောက် လန့်မှုရှိနေသည့် ကောလဟလသတင်း များနှင့် ဆက်စပ်သည့် မှုခင်းဖြစ်စဉ်များ ယနေ့အချိန်အထိ သက်ဆိုင်ရာ ရဲစခန်း များမှာ တိုင်^ကြား အမှုဖွင့် အရေးယူ ထားရခြင်းမျိုး မရှိသေးကြောင်း သက် ဆိုင်ရာရဲစခန်းများမှ သတင်းထုတ်ပြန်သည်။