NLD အနိုင်ရ ကိုယ်စားလှယ် လောင်းများ ဦးဆောင်၍ ထားဝယ်မြို့ပေါ်တွင် အမှိုက်စကောက်ရန် စီစဉ်

0
510

ထားဝယ်မြို့နယ်တွင် အနိုင်ရခဲ့ သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ကိုယ်စားလှယ်လောင်းများ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက် များတွင် အမှိုက်ကောက်ရန် စီစဉ်နေကြောင်း ပါတီထံမှ သိရသည်။


ဒီဇင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကောက်ရန်လျာထားပြီး စည် ပင်သာယာဈေးကြီးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီးအပါအဝင် မြို့ပေါ် ရပ်ကွက် ၁၅ ရပ်ကွက်တွင် ကောက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ အနိုင်ရကိုယ်စားလှယ်လောင်း ဦးဟို ပင်က ပြောသည်။
nld_pickup
” အမှိုက်ပစ်တာတွေ့ရင် အပြစ် မပြောဘူး။ ပစ်တဲ့အမှိုက်ကိုပဲ ကောက် မယ်။ အဓိက ရည်မှန်းချက်ကတော့ လူတိုင်းရဲ့ ရင်ထဲမှာ အမှိုက်ကို သူ့နေရာ နဲ့သူစည်းကမ်းတကျ ပစ်တတ်လာ အောင်လို့ပါ” ဟု ဦးဟိုပင်က ပြောသည်။
ရွေးကောက်ပွဲ အနိုင်ရကိုယ်စား လှယ် လောင်းများဦးဆောင်ကာ ပါတီ ဝင်များပါဝင် အမှိုက်ကောက်ကြမည် ဖြစ်ပြီး ပြည်သူလူထုကိုပါ စည်းရုံးသွား မည်ဟု ၎င်းက ဆိုသည်။

အမှိုက်ကောက်ရန်အတွက် အဖွဲ့ များခွဲကာ အဖွဲ့အလိုက် တစ်ရက်ခြား အလှည့်ကျ ကောက်ရန် စီစဉ်နေပြီး မြို့ပေါ် ရပ်ကွက်များအပြင် ကျေးရွာများ တွင်လည်း လုပ်ဆောင်ရန် အစီအစဉ် ရှိသည်ဟု ဦးဟိုပင်က ဆိုသည်။

ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ထားဝယ်မြို့နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ကရင်တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅ ဦးတို့က ဦးဆောင်မည်ဖြစ်ကြောင်း သိရ သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရ ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာမြို့နယ်အလိုက် တစ်မြို့ နယ်လုံးသန့်ရှင်းသွားစေရန် အမှိုက် ကောက်ရမည်ဟု ထည့်သွင်းပြောဆို ခဲ့သည်။