ကြံ့ခိုင်ရေး မဲရုံကိုယ်စားလှယ်က NLD မဲရုံ ကိုယ်စားလှယ်အား တရားစွဲ

0
397

ကော့သောင်းမြို့တွင် ကြံ့ခိုင်ရေး မဲရုံ ကိုယ်စားလှယ်တစ်ဦးက NLD မဲရုံ ကိုယ် စားလှယ်တစ်ဦးအား မဲဆန္ဒရှင်ကို ခြိမ်းခြောက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့ ကြောင်း သိရသည်။


ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၈ ရက်က မြရည်ပုလဲလမ်း၊ ရွှေဇင်ယော်ရပ်ကွက်၊ မဲရုံနယ်မြေအမှတ် ၄၁တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဲလာ ထည့်သည့် အမျိုးသမီး ၃ ဦးအား မဲထည့် ခွင့်မရအောင် ပြုလုပ်ခဲ့ခြင်းကြောင့် ယခု ကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” မဲထည့်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ဒေါ်အိမြတ်ဇော်၊ ဒေါ်ဇာဇာနဲ့ ဒေါ်မြတ် သီတာဦးတို့ သုံးယောက်ကို မှတ်ပုံတင်၊ သန်းခေါင်စာရင်းမရှိဘဲကော်မရှင်က ပေး တဲ့ သက်သေခံကတ်ပြားနဲ့ မဲပေးခွှင့် မရှိဘူးလို့ ခြိမ်းခြောက်သလို ပြောဆို ခဲ့တာကြောင့် အခုလို တရားစွဲရတာ ဖြစ်ပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး မဲရုံကိုယ်စားလှယ် ဒေါ်အေး အေးနွယ်က ဆိုသည်။
NLD ပါတီ မဲရုံကိုယ်စားလှယ် ဦးမောင်မောင်လွင်က ယင်းသို့ မေးမြန်း ပြောဆိုခဲ့သော်လည်း မဲရုံမှူးက ခွင့်ပြု သဖြင့် အဆိုပါ အမျိုးသမီး ၃ ဦး မဲပေး ခွင့်ရခဲ့သည်ဟု သိရသည်။
အဆိုပါ တိုင်ကြားချက်နှင့် ပတ်သက် ၍ (ပ)၂၂၄/၂၀၁၅၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၆၀ ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။