ထားဝယ်ခရိုင်တွင် ယခုနှစ်အတွင်း မုဒိန်းမှု အနည်းဆုံး ၁၆ မှုဖြစ်

0
409

ထားဝယ်ခရိုင်တွင် ယခုနှစ်အတွင်း မုဒိန်းမှု အနည်းဆုံး ၁၆ မှုဖြစ်ခဲ့ကြောင်း သက်ဆိုင်ရာလူမှုရေး အဖွဲ့အစည်းများ၏ အစီရင်ခံချက်များအရ သိရသည်။


နိုဝင်ဘာလ ၂၅ ရက်တွင် ထားဝယ်မြို့တွင်ကျင်းပသည့် အပြည် ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထားဝယ် အမျိုးသမီးသမဂ္ဂ(TWU) နှင့် ရန်ကုန် ကရင်နှစ်ခြင်း ခရစ်ယာန် အမျိုးသမီးအဖွဲ့(YKBWA) အဖွဲ့တို့၏ အစီရင်ခံ တင်ပြချက် များအရ သိရသည်။
ယခု ၂၀၁၅ ခုနစ် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ ထားဝယ်အမျိုး သမီးသမဂ္ဂမှ ရရှိထားသည့် အချက် အလက်များအရ ထားဝယ်ခရိုင်အတွင်း မုဒိန်းမှု ၁၂မှုရှိပြီး ရန်ကုန် ကရင် နှစ်ခြင်းခရစ်ယာန် အမျိုးသမီးအဖွဲ့က ရရှိထားသည့် အချက်အလက်များအရ ထားဝယ်မြို့နယ်အတွင်း သက်ငယ် မုဒိန်းမှု ၄မှု ဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့အစည်းများ၏ မှတ်တမ်းများအရ သိရသည်။
” လက်လှမ်းမမှီလို့ အစအနလောက်ပဲ ကြားရပြီး မှတ်တမ်းမယူနိုင်တဲ့ အမှုတွေအများကြီး ရှိသေးတယ်။ သေချာတာကတော့ မုဒိန်းမှု တစ်နှစ်ထ က်တစ်နှစ် များလာတယ်” ဟု ထားဝယ် အမျိုးသမီးသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး မစုစုဆွေက ပြောသည်။
ထားဝယ် အမျိုးသမီးသမဂ္ဂမှ အကူအညီပေးနေသည့် အမှု ၁၂ မှုတွင် အမှု ၂ ခုမှာ တရားခံအား ဖမ်းဝရမ်း ထုတ်ထားပြီး အချို့အမှုများမှာ တရားရင်ဆိုင်နေရဆဲဖြစ်ကာ ကာယကံရှင် အချင်းအချင်း ညှိနှိုင်းပြေလည်ခဲ့သည့် အမှုများလည်းရှိသည်ဟု ၎င်းက ဆိုသည်။