ကျောက်ထုတ်ကုမ္ပဏီ၏ သင်္ဘောအဝင်အထွက် ဒေသအာဏာပိုင်သို့ ခွင့်ပြုချက်တောင်းခြင်းမရှိ

0
436

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယခုနှစ်အတွင်း စတင်လုပ်ကိုင်နေသည့် ကျောက်ထုတ်ကုမ္ပဏီ၏ သင်္ဘော အဝင် အထွက်ဆိပ်ကမ်းကို ဒေသဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်သို့ ခွင့်ပြုချက် တောင်း ခံခြင်းမရှိကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ရုံး (ထားဝယ်ဆိပ်ကမ်း)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာ အုပ်စုနှင့် ဇာဒီကျေးရွာအုပ်စုအကြားတွင် ဆောက်လုပ်နေသည့် Myanmar Rock Mountain ကျောက်ထုတ်ကုမ္ပဏီ၏ ဆိပ်ကမ်းငယ်တွင် သင်္ဘော တစ်ကြိမ် ထက် မနည်းဆိုက်ကပ်ပြီး ဖြစ်ကြောင်း ဒေသခံများက  ပြောဆိုမှုနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးသို့ သွား ရောက် မေးမြန်းရာ အထက်ပါ တာဝန်ရှိ သူက ယင်းသင်္ဘောအဝင်အထွက်ကို မသိရသေးဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။
” တကယ်က သင်္ဘောဝင်ရင် ဝင်တဲ့ ဆိပ်ကမ်းနဲ့ အနီးဆုံးမှာရှိတဲ့ ဆိပ်ကမ်း အာဏာပိုင်ရုံးကို ခွင့်ပြုချက်တောင်း ခံရမှာ။ ခွင့်ပြုချက်တောင်းတဲ့အခါကျရင် သူတို့ ထွက်လာတဲ့ဆိပ်ကမ်းကPC (Port Clear) ကို ပြရတယ်။ ဒီက ပြန်ရင်လည်း PC ကို ပြန်ထုတ်ပေးမှ သူတို့ထွက်လာတဲ့ ဆိပ်ကမ်း ဒါမှမဟုတ် အခြားဆိပ်ကမ်းတစ်ခုခုကို ဒီက PC ကို ပြပြီးမှ ကပ်လို့ရတာ။ အခုက ဘယ်လို လုပ်နေလဲ မသိဘူး”  ဟု ယင်း တာဝန်ရှိ သူက ဆိုသည်။

pc_port
ဆိပ်ကမ်း အာဏာပိုင်ရုံးထံသို့ သင်္ဘော၏ပိုင်ရှင်သို့မဟုတ် ပိုင်ရှင်ကိုယ် စားလှယ်က သက်ဆိုင်ရာစာရွက် စာ တမ်းများဖြင့် ကမ်းကပ်ခွင့်ကို တောင်းခံ ရန်လိုအပ်သည်ဟု ၎င်းက ပြောသည်။
သို့သော် လက်ရှိဆောက် လုပ်နေ သည့်Myanmar Rock Mountain ကုမ္ပဏီ၏ ဆိပ်ကမ်းငယ်တွင် သင်္ဘော ဆိုက်ကပ်သည့်ကိစ္စကို ကာယကံရှင်များ က ခွင့်ပြုချက် တောင်းခံလာခြင်းမရှိ သည့်အတွက် ၎င်းတို့အနေဖြင့် မသိရ ကြောင်း အထက်ပါတာဝန်ရှိသူက ထပ် လောင်းပြောကြားသည်။
ယင်းဆိပ်ကမ်းတွင် စီမံကိန်းသုံး ပစ္စည်းများနှင့် ယန္တရားများချရန် သင်္ဘော ဆိုက်ကပ်နေသည်ကို တွေ့ရှိခဲ့ရပြီး တစ်ကြိမ်၊ နှစ်ကြိမ် သင်္ဘောကပ်ပြီးဖြစ် သည်ဟု ဆိုသည်။
” သင်္ဘောဝင်နေတာ လေး ငါးကြိမ် လောက်တောင်ရှိနေပြီ”  ဟု ဆိပ်ကမ်းနှင့် အနီးဆုံးကျေးရွာဖြစ်သည့် ဒိုက်တကော် ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်
သင်္ဘော ဝင်ထွက်နေ သည့်ကိစ္စ အပါအဝင် ၎င်းတို့၏ စီမံကိန်းအချက် အလက်များကို မေးမြန်းနိုင်ရန်အတွက်Myanmar Rock Mountain ကုမ္ပဏီ ၏ စီမံကိန်းဧရိယာအတွင်းရှိ တာဝန်ခံ ဆိုသူကို သွားရောက်မေးမြန်းခဲ့သော် လည်း ဖြေကြားပေးနိုင်သည့် တာဝန်ခံ မရှိဟုသာ ဖြေဆိုခဲ့သည်။
” သူတို့က ကျောက်ထုတ်မယ်။ ပြီးရင် ရေနက်ဆိပ်ကမ်းကို အထောက်အပံ့ ပေးမယ်။ ရေနက်ဆိပ်ကမ်း မထမြောက် သေးရင် ရန်ကုန်ပို့မယ် ဆိုပြီး သိထား တယ်”  ဟု ဒိုက်တကော်ရွာသားတစ်ဦးက ဆိုသည်။
သင်္ဘော အဝင်အထွက်ကို ဒေသ အာဏာပိုင်ထံ ခွင့်ပြုချက် မတောင်းခံ ခြင်းက နိုင်ငံတော်အတွက် ပေးသွင်း ရမည့် အခွန်အကောက်များနစ်နာသည် ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး(ထား ဝယ်ဆိပ်ကမ်း)မှ အထက်ပါတာဝန်ရှိသူ က ပြောသည်။ ထားဝယ်ဆိပ်ကမ်းမှ ထွက်ခွာသည့် သင်္ဘောသည် ၎င်းတို့ ဆိုက်ကပ် မည့်ဆိပ်ကမ်းတွင် ထားဝယ် ဆိပ်ကမ်း၏ PC( Port Clear) ကို မပြနိုင်ပါက ယင်းဆိပ်ကမ်းမှ အရေးယူ နိုင်ကြောင်း ၎င်းကဆိုသည်။
ယင်းကုမ္ပဏီက ကျောက်မိုင်းခွဲ လုပ်ငန်းကို ယခုနှစ်ဇွန်လ ခန့်မှ စတင် လုပ်ဆောင်နေပြီး ဆိပ်ကမ်းကိုမူ ပြီးခဲ့ သည့် အောက်တိုဘာလမှ စတင်တည် ဆောက်လျက်ရှိသည်ဟု ဒိုက်တကော် ကျေးရွာဒေသခံများထံမှ သိရသည်။
ထားဝယ်ခရိုင်တွင် သာမန်ကုန် တင်ကုန်ချ သင်္ဘောမှ အထူးစီးပွားရေး ဇုန်စီမံကိန်ုးသင်္ဘာများ၊ သဘာဝဓာတ် ငွေ့ပိုက်လိုင်းစီမံကိန်းများ၏ သင်္ဘော များ အားလုံးကမ်းကပ်ရန် မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ရုံး(ထားဝယ်ဆိပ်ကမ်း) တွင် ခွင့်ပြုချက်တောင်းခံကြသည်ဟု ယင်းရုံးထံမှ သိရသည်။