လူကြီးလာမယ်

0
611

မောင်ခက်တို့ ငယ်ငယ်ကတည်း ကနေ ဒီအလုံးတွေ ကြားပြီး ကြီးလာ ရတာလေ။” ဗိုလ်တွေ ဗိုလ်တွေ ဘားတွေ ဘားတွေတက်သလိုမျိုး” ဆိုပြီး ဦးလေးဖြူ ပြောသလိုမျိုးပါပဲ။


အဖြူအစိမ်းနဲ့ စတိတ်စကူးတုန်း ကတော့ လူကြီး လာမယ်ဆို ဆရာမ တွေက ပွဲမဝင်ခင်အပြင်ကနေ ဇာတ်တိုက် ပေးထား ကြတယ်။
လက်အုပ်ကလေး ချီ ” မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး” လို့ အော်ခိုင်းခဲ့ တာပေါ့။
ကိုယ်တို့ကလည်း ပျော်ပျော်ကြီး အော်ခဲ့တာပ။ စစ်ဖိနပ်တို့ အာဏာရှင်တို့ ဆိုတာ ပုတ်လောက်ရေးပြတောင် သိတဲ့ အရွယ်မှ မဟုတ်တာကို။ စိမ်းစိမ်းမြင် မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီးပဲ။
မောင်ခက်တို့က ရေစက်ရယ် ပါတော့ ဆရာမရဲ့ အထူး လက်ရွေးစင်ထဲ ပါပြီးရှေ့ထွက်နှုတ်ဆက်ရတဲ့အခါ နှုတ် ဆက်။ တစ်ခါတစ်လေ မာတီမီဒီယာ စာသင်ခန်းဆိုပြီး ဖွင့်ပွဲတွေ ဖဲကြိုးတွေ ခဏခဏ ဖြတ်တိုင်း မောင်ခက်တို့လည်း ပါသပေါ့။ ကွန်ပျူတာ ဆိုတာ ကိုယ့်ဟာ ကိုယ် အပြင်မှာ နွေကျောင်းပိတ် သင်တန်းလေးတက်မှ ကွန်ပျူတာ တတ်တာ။ စတိတ်စကူး (အထက် တန်းကျောင်း)က မာတီမီဒီယာ စာသင် ခန်းကတော့ လူကြီးပြန်တာနဲ့” ကလို့စ် ဆီစမံ” ဆိုပြီး စကား ဝှက်နဲ့ ပိတ်သွား တာလေ။ နောက်တစ်ခါ လာတော့မှ တစ်ခါပြန်ဖွင့်တဲ့ တစ်ထောင့်တစ်ည ပုံပြင်ထဲက ဂူကြီးတွေလိုကိုး။
နယ်မြို့လေး သေးသေးလေးမှာ မောင်ခက်က ပါလေရာ (ဘာပြိုင်ပွဲ ခေါ် ခေါ်အမြဲပါဖူးတော့)တွေဆိုတော့ ဟို ကျောင်းမှာ လူကြီး လာဖွင့်လည်း ကျောင်းတံဆိပ်လေး ပြောင်းကပ်ပြီး ကွန်ပျူတာ ဆိုတာကြီး ရှေ့ သွားထိုင် ပေးရ၊ မင်္ဂလာပါရနဲ့၊ ကိုယ့်ကျောင်း လာလည်း ကိုယ့်တံဆိပ်နဲ့ ကိုယ်ပဲလေ။

general_wil_comel
ကိုယ်ကတော့ ဘဘတွေကို အ လွတ်တောင် ရနေတတ်သေးတယ်။ ဘဘနဲ့အတူပါလာတဲ့ကိုယ့် ဆရာကြီး တွေကသူများကျောင်းသားအရေခြုံ ထားတဲ့အခါကိုယ့်ကို မသိချင် ယောင် ဆောင်ရနဲ့ ကိုယ်က အလိုက်မသိဘဲ အတင်းလိုက်ရယ်ပြနဲ့ ပျော်တော့ ပျော်စရာကြီး။ နေရင်း ထိုင်ရင်း ကျောင်းမလစ်ခဲ့ဖူးပေမယ့် လူကြီး လာတိုင်း အတန်းလစ်လို့ ရတယ်လေ။ ကွန်ပျူတာ လေ့ကျင့်ရမယ်ဆိုပြီး ခွင့်တိုင်၊ မာတီမီဒီယာ ကလပ်စ် လူး(စာသင်ခန်း) ထဲသွား ဆပ်စလူး ထ နေတတ်တာ သားတို့ပါဗျို့ ပေါ့။
နောက်ပိုင်း အတန်းကြီးလာတော့ လူကြီးတွေလည်း သိပ်မလာနိုင်တော့။ လာချင်တဲ့ အခါမှ လာတာလည်းရှိနဲ့ သွေးဆုံးကိုင် သွားတော့ မောင်ခက်လည်း စတိတ်ကျောင်းကြီး နိန္ထိတံ သွားတော့ တယ်။
တက္ကသိုလ်ကျောင်းသားကြီး ဖြစ် သွားတော့ ပါလေရာလည်း မလုပ် နိုင်တော့ လူကြီး ဆိုတာ နဲ့ တဖြည်းဖြည်း ဝေးသွားတော့တယ်။ သူ့ဟာသူ လာ လည်း ကိုယ့်ဟာကိုယ် အအိပ် မပျက်ပေါင်။ အဆောင်မှာ အိပ်နေတာ ကိုး။
ကျောင်းပြီးလို့ ပညာတတ်ဘွဲ့ရ အလုပ်လက်မဲ့ ဖြစ်နေတော့ အစိုးရ အလုပ်ထဲ ဝင်တော့မှာပဲ အဲလူကြီး ဆိုတာကြီးနဲ့ ပြန်ဆုံ ရတော့တယ်။ ဖူးစာမှန်ရင် ပြန်ဆုံတယ်လေ။
အဲသည်နေ့ကလည်း ဆေးရုံမှာ လူကြီးလာမယ်ဆိုပြီး ဆိုင်းမဆင့် ဗုံမဆင့် သတင်းရပါလေရော။
မနက်ဖြန်လာမယ် ဆိုတာကို ဒီနေ့ လိုမျိုးမှာမှ ကြိုတင်ပြင်ဆင်ရတာ။
မောင်ခက်တို့ ဆရာ့ဆရာတွေကို ဆရာ့ဆရာအုပ်ကြီးက အရေးပေါ် အစည်းအဝေး ခေါ်တွေ့၊ မောင်ခက်တို့က လူနာဆောင်ထဲမှာသန့်ရှင်းရေး လုပ်ကျန် ခဲ့ပေါ့။ သည်တစ်ခါလာမှာက တာဝတိ သာထက် မြင့်တဲ့ အမြင့်ဆုံးဆိုတာကြီး လာမှာ ဆိုတော့ ဖုတ်ပူမီးတိုက် အသည်း အသန် ပြင်ဆင်ရပေါ့။ အဲလူကြီး အကြီးကြီး ရဲ့ နောက်မှာလည်း ကိုယ်တို့ ဌာနရဲ့ လူကြီးကလည်း ပါဦးမှာ ဆို တော့ ဘာပြောကောင်းမလဲ။ ပြင်စမ်းဟဲ့။
ပွင့်လင်းမြင်သာပြီပဲ ပြောပြော၊ ဒီမိုကရေစီရပြီပဲဆိုဆိုလူကြီး လာရင် တော့ အကျင့်ဟောင်းလေးတွေက ပြန်ပြန် ပေါ်လာ တုန်းပါပဲ။ အရိုးစွဲနေပြီလေ။ ချဉ်ဆီထဲတောင် ရောက်နေတဲ့ အကြောက် တရားက ဘယ်လိုခမ်းနိုင်မှာလဲ။
မောင်ခက်လည်း ကြောက်တာပေါ့။
ဆရာ့ဆြာတွေ အရေးပေါ် အစည်း အဝေးက ပြန်လာတော့ ကိုယ်တို့ ဆရာ လေးတွေကို ထပ်စည်းဝေး၊ ပြန်လည် မှာကြား သင့်သည်များ မှာကြားပေါ့။
အဓိကကတော့ ငြိမ်ရမှာ၊ ဝပ်နေရ မှာ၊ ပိနေရမှာ၊ ပြားနေရမှာပေါ့။
တစ်လောက ကိုယ်တို့ သိုင်း လောကမှာ လှုပ်ရှားသွားတဲ့ ဖဲကြိုးနက် သိုင်းတွေ ဘလက် ရက်ဘွန်သိုင်းတွေကို လူငယ်ခြေ တက်ကလေးတွေ ထုတ်မ ကစားမိအောင် ပြောဖို့ဆိုဖို့ ထိန်းဖို့ သိမ်းဖို့ ဆရာ့ဆရာတွေကို မှာကြားလိုက် တာကိုး။
တော်ကြာ လူကြီး ဆိုတာကြီး ရွှေမျက်နှာတော် ညိုမှာစိုးရသကိုး။
သူ့ဆန်စားပြီး  ရဲ ထားရတဲ့ သူတွေ ဆိုတော့ ခွေးရေ ပုရပိုက်မှာ အမှတ်ခံ ရလို့ကတော့ မလွယ်ရေးချ မလွယ်ကြော။ နောင်ရေး စိတ်အေးရအောင် ဘဏ်မှာ ငွေအပ်ရုံနဲ့ မပြီးသေး။ လူကြီးသူမစကား ကိုလည်း မြေဝယ်မကျ နားထောင်ရ ဦးမယ်။
လွတ်လပ်စွာ ပြောဆိုခွင့်၊ နေထိုင် ခွင့်ရပြီဆိုတိုင်း ဖင်ဖြဲအော်နေလို့ မရ သေး။
လေးညို့သံ နားထောင်ရသေးတယ် လေ။ မင်းနား ယောက်ျားတွေလေ။
ကိုယ်တွေ အတွက် အဓိကကတော့ ဖဲကြိုးမတပ်လာဖို့ပါပဲ။ဖဲကြိုး ပြင်လာ လို့ကတော့ ဖဲပြင်သွားလိမ့် မပေါ့။ မောင်ခက်တို့ အထဲက တက်ကြွ လှုပ်ရှား သူ စီနီယာ ကြီးတွေလည်း ဘာမှ မတတ် နိုင်တော့။
ကိုယ်တွေတင်ပဲ လား။ ဆရာ့ဆရာ တွေလည်း နောက်ကွယ်မှာ ဘယ်လိုပဲ တက်ကြွ လှုပ်ရှားခဲ့ပေမယ့်လည်း           ” ငြိမ်ဟေ့”  ဆို ဝပ်နေရတာပ။
ဘလက်သိုင်း၊ အနက် သိုင်းကျမ်း စာရွက်တွေကို စတစ်ကာလုပ် ကပ်ထား တဲ့ ကားတွေကို ဟိုနားဖွက်ခိုင်း၊ သည်နားဖွက်ခိုင်း ခံရတာပ။ ညကြီး မင်းကြီး တူတူပုန်းတမ်း ကစားလို့ နတ်ဖွက်ခံထားရသလိုပါပဲ။
ဘာလိုသေးလဲလို့ မေးလာခဲ့ရင် လည်း ” မင်းတစ်ယောက်ထဲကိုပဲ ရင်တွေ ကွဲအောင် ချစ်ခဲ့ပြီးပြီမို့” အားလုံး ကောင်းပါသည်၊ ဘာဘာဘာ့မှ မလို တော့ပါ ဖြေရုံပါပဲ။ နှုတ်တိုက် ဘိုင်ဟတ် သင်ထားပြီးသားတဲ့။
တကယ်တမ်း ဘဘကြီးလာတော့ မေးရှာပါတယ်။

ဘာလိုသေးလဲ။ ဘာလိုသေးလဲ။
တစ်မေးထဲသာ မေးလို့ နေလည်း ဆရာ့ဆရာတွေမှာ အာစေးနေရတာလေ။ နှာစေးနေရတာပ။ လက်ညိုးထောင် ခေါင်းညိတ်နေရတာလေ။
တော်ကြာနေ နီးရာ ဓားကတွေ့ရာ သင်္ချိုင်း ဓားမဆိုင်းဆို ဘိုလုပ်မလဲနော့။ သားသားတို့ကတော့ လူရာကို မဝင်တော့ ပွဲဖြစ် ကလေး နေရာ ဝင်ဖြည့် ပေးတော့ ကြည့်နေ မြင်နေရတာပေါ့။ သားသား ကြောက်ကြောက်။
လူကြီးကတော့ မဆိုးပါဘူး။ တံခါးလေးလည်း ဖွင့်လို့ ထားပါတယ်။ မေးပါတယ်။ လိုအပ်တာတွေ။ ဒိုင်ခံ ပူဆာပေးမယ်ဆိုတော့လည်း ဆရာ့ ဆရာတွေလည်း ရင်ဖွင့်လို့ မရတော့ ဘူးပေါ့။ ကိုယ်တွေ ရင်ဘတ်က ဘယ်နား နေမှန်းတောင် မသိ။
တွေ့ဆုံပွဲလို့နာမည် တပ်ထား ပေမယ့် ရင်းနှီးနွေးထွေး ပွင့်လင်းတဲ့ တွေ့ဆုံပွဲ မဟုတ်ခဲ့ဘူးပေါ့။ ဒိုင်ယာ လော့ခ်တွေ ဖြစ်မလာခဲ့ဘူးပေါ့။ တင်ပြ အပ်ပါသည် လမ်းညွှန်မှုကို နာခံ အပ်ပါ သည်နဲ့ ပွဲက ပြတ်ကရော။
ပြတင်းပေါက် ဖွင့်မယ် ဆိုရင်တော့ အလင်းရောင်နဲ့ အတူ ပိုးကောင်မွှားကောင် လေးတွေတော့ ပါမှာပါပဲ။ ဒါတွေ ကြောက် နေလို့ ပြတင်းတံခါးပိတ်ထားရင် အမှောင်ထုထဲမှာ ပိတ်မိနေမှာပေါ့တဲ့။
မောင်ခက် ပြောတာ မဟုတ်။ ပေါက်ဖော်ကြီးတို့ စကားပုံ ထင်တာပဲ။
အဲသည် ပိုးမွှားကောင်တွေကို စိတ် မရှုပ်ဘဲ အလင်းရောင်ရဖို့ အတွက် သည်းခံ ကြိုးစားဖွင့်ပေးတတ်တာမှ လူကြီးဆန် မလားလို့ ကလေးဆန်ဆန် တွေးမိသေးတယ်။
မနှစ်တုန်းက မောင်ခက် ကံကောင်း ပြီး မေတ္တာ လက်မှတ် တစ်စောင်ရဖူးပါရဲ့။ အမေကြီးကား နိုင်ငံက လူကြီး အကြီးကြီး လာတုန်းကလေ။
အဲတုန်းက လူငယ်တွေနဲ့ သီးသန့် တွေ့ဆုံပွဲဆိုပြီး ရန်ကုန်တက္ကသိုလ်မှာ လုပ်တာ။
ကိုယ်လည်း ဝမ်းသာအားရ သွား နားထောင်တာပေါ့။ လေဆိပ် လုံခြုံရေး အတိုင်း ဆောင် ရွက်မယ်ဆိုလို့ ကိုယ့်မှာ ဖုန်းလေးတောင် မရဲတရဲ ယူဆောင် သွား နားထောင်ခဲ့ရတာလေ။
ဟောထဲရောက်တော့ ကိုယ့်လို မေတ္တာ လက်မှတ်ရတဲ့ လူငယ်တွေ တစ်ပုံကြီး။
သူတို့လူကြီး ဝင်လာတော့ အားလုံး က ကြည်ညို လေးစားအားကျတဲ့ အ ကြည့်တွေ ကိုယ်စီနဲ့ လက်ခုပ်တီး ထရပ် ကြိုဆိုကြတယ်။ ပြန်ထိုင်တဲ့ အချိန် ကျတော့ လူငယ်တစ်ချို့က ပါလာတဲ့ ဆိုင်းဘုတ်စာတန်းလေးတွေကို ဖြေပြီး ထောင်ပြကြတယ်။
သူတို့ လူကြီးဆိုတဲ့သူကလည်း တစ်စောင်ချင်းအသံထွက် လိုက် ဖတ်ကြည့်တယ်။ နောက်တော့ ရယ်မောပြီး ပြောပါတယ်။
အိုကေ..အိုကေ။ မင်းတို့ ဒီနေရာမှာ ဆန္ဒထုတ်ဖော်ဖို့ မလိုအပ်ပါ ဘူးပေါ့။ ဘာလို့လဲဆိုတော့ ခဏနေရင် မေးခွန်းတွေ မေးမြန်းနိုင်ပါ တယ်။ စကားပြောကြမှာမို့တဲ့။
အဲလူကြီး မိန့်ခွန်း ” စပိခ်ျ”  နည်းနည်းလည်း ပြောပြီးရော မေးမြန်း တဲ့ အချိန်ရောက်တော့ လူငယ်တွေ အားလုံးနီးပါး အသည်းအသန် လက်တွေထောင်ကြ မေးကြမြန်းကြနဲ့။ ကိုယ့်မြန်မာလူငယ်တွေ။ ကိုယ်ကတော့မပါ။ သားသားကြောက်ကြောက်နေတုန်း။
အဲလူကြီးကလည်း စိတ်ရှည်လက်ရှည် ဖြေဆိုပေးနဲ့ တကယ့်တွေ့ ဆုံ ပွဲလေးကို ကြုံခဲ့ဆုံခဲ့ဖူးခဲ့ပါတယ်။
အဲလူကြီးပြန်တော့ သူ့ ဘော်ဒီဂတ်တွေ တားတဲ့ကြားက လူအုပ် ကြီး ဖက်လျှောက်လာပြီး လူငယ်လေးတွေ တစ်ဦးချင်းစီနဲ့လက်ဆွဲ လိုက်နှုတ် ဆက်တာပါ့။ ကိုယ်တွေလည်း အတိုးအကြိတ် ” မစ္စတာ အိုဘားမားကြီး”  ကို ဟမ်းရှိတ် လုပ်ခဲ့ဖူးတာပေါ့။
တို့ဆီမှာလည်း အဲလို လူကြီးမျိုးများများရှိရင် ဘယ်လောက် ကောင်းလိုက်မလဲဆိုတဲ့ အတွေးက အခုထိ စွဲနေတုန်း။
အဲလို လူကြီးမျိုး ဆယ်ခါပြန်လာရင် မမောနိုင် မပန်းနိုင် အပြေး ကလေး တွေ့လိုက်ချင်ပါတယ်လို့။ ။