မျက်မှန်ပုံးထဲတွင် စိတ်ကြွဆေးပြား ၉၀၀၀ ကျော် ဖမ်းမိ

0
495

ကော့သောင်းမြို့နယ်၊ အဏ္ဏဝါ ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် လာရောက် တည်းခိုသည့် အမျိုးသား တစ်ဦးထံမှ မျက်မှန်ပုံးထဲတွင် ထည့်ထားသည့် စိတ်ကြွ ဆေးပြား ၉၀၀၀ ကျော်ကို နိုဝင်ဘာလ ၂၄ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်းမူးယစ်ရဲတပ်ဖွဲ့စိတ်ထံမှ သိရသည်။


အဆိုပါအမျိုးသားသည် ကော့သောင်းမြို့သို့ မျက်မှန်ရောင်းရန် ရောက်နေသူ ဖြစ်ပြီး သတင်းအရ ဝင် ရောက်ဖမ်းဆီးရာ ရောင်းချရန် ပါလာ သည့် မျက်မှန်ပုံးထဲတွင် မျက်မှန်များနှင့် ဖုံးပြီး သယ်လာသည့် စိတ်ကြွဆေးပြား ၉၁၈၈ ပြားကို သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်ဟု ကော့သောင်းမြို့ မူးယစ်ရဲတပ်ဖွဲ့စိတ် ဒုရဲမှူးမြင့်ထွန်းက ပြော  သည်။
ထို့အပြင် အဆိုပါ အမျိုးသား ကိုယ်တိုင်မောင်းနှင်လာသည့် ဟိုက်ဂျက်အမျိုး အစား မော်တော်ယာဉ် ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို မြိတ်မြို့မှခရီးသည်တင်မှန်လုံယာဉ်ဖြင့် ထည့်ပေး လိုက်ခြင်းဖြစ်ပြီး မြိတ်တွင် ကွင်းဆက် တရားခံ ၂ ဦးကို ဖမ်းဆီး ရမိထားပြီဖြစ်ကြောင်း အထက်ပါ  တပ်ဖွဲ့မှ သိရသည်။