ရေးတွင် အကျင့်ပျက်ခြစားမှု ဆိုင်ရာသင်တန်း ပြုလုပ်

0
489

ရေးတွင် အကျင့်ပျက်ခြစားမှု ဆိုင်ရာ သင်တန်းကို နိုဝင်ဘာလ ၂၃ ရက်မှ ၂၅ ရက်အထိ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ အခြေစိုက်သည့် စွမ်းရည်ရှေ့ ဆောင်လူမှုရေးအသင်း (Capacity Building Initiative-CBI) အဖွဲ့ထံမှ သိရသည်။

capacity-building-initiative-CBI
ယင်းသင်တန်းများကို မွန်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းရှိ မြို့ ၄ မြို့တွင် ပြု လုပ်မည်ဖြစ်ကာ ရေးမြို့တွင် ပထမဆုံး အကြိမ်အဖြစ် CBI နှင့် ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့နှင့် ပူးပေါင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ရည်ရွယ်ချက်ကတော့ အဖွဲ့ အစည်းတွေထဲမှာ အကျင့်ပျက်ခြစားမှု လျှော့ချဖို့အတွက်ပါ” ဟု CBI မှ စီမံကိန်းမန်နေဂျာ ဦးမိုးဇော်သူရက ပြောသည်။
ယင်းသင်တန်းတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံချိန်စံညွန်း များ၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အဂတိ လိုက်စားမှု၊ အကျင့်ပျက်ခြစားမှု တိုက် ဖျက်ရေး၊ အကျင့်ပျက် ခြစားမှု အမျိုး အစားများနှင့် အဂတိလိုက်စားမှုများကို မည်သို့လျှော့ချမည်စသည်တို့ကို သင် ကြားသည်ဟု ဦးမိုးဇော်သူရက ရှင်းပြ သည်။

” အဂတိ လိုက်စားမှုတွေရဲ့ သ ဘောသဘာဝတွေ နားလည်သွားတယ်။ ဒီသင်တန်းကရခဲ့တဲ့ အသိပညာတွေကို တဆင့်ပြန်လည် ဝေမျှသွားဖို့ရှိပါတယ်” ဟု ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်နေ သင်တန်းသူတစ်ဦးဖြစ်သူ မသက်မာက ပြော သည်။