တနင်္သာရီအပါအဝင် ဒေသသုံးခုတွင်ဆောက်မည့် ကျောက်မီးသွေးစီမံကိန်းများကို ငွေကြေးမထောက်ပံ့ရန် ဂျပန်အစိုးရသို့ တောင်းဆို

0
515

တနင်္သာရီတိုင်းဒေသကြီး အပါ အဝင် တိုင်းနှင့်ပြည်နယ်သုံးခုတွင် တည် ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ် အားပေးစက်ရုံများကို ငွေကြေး ထောက်ပံ့ မှု မပေးရန် ဂျပန်နိုင်ငံအစိုးရသို့ ဒေသခံ ကိုယ်စားပြုအဖွဲ့များက တောင်းဆို လိုက်သည်။

no_coal
ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများကို ငွေကြေးထောက်ပံ့မှု မပေးရန်ဂျပန်ဘဏ်ဖြစ်သည့် Japan Bank for International Cooperation (JBIC) နှင့်ဂျပန်နိုင်ငံ၏ အကူအညီပေး ရေး အေဂျင်စီတစ်ခုဖြစ်သည့် Japan International Cooperation Agency (JICA) တို့ထံသို့ တောင်းဆိုသည့်စာကို သက်ဆိုင်ရာ ဒေသကိုယ်စားလှယ်သုံး ဦးက နိုဝင်ဘာလ၂၇ရက်က ရန်ကုန်မြို့ရှိ ဂျပန်သံရုံးသို့ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“ကျောက်မီးသွေး စီမံကိန်းတွေကို ထောက်ပံပေးဖို့ ပြည်တွင်း ပြည်ပအဖွဲ့ အစည်းတွေ World Bankတို့လို အဖွဲ့ အစည်းတွေကတောင် ဝေးဝေးရှောင်လာ ကြတယ်” ဟု ထားဝယ်ဖွံဖြိုးရေးအဖွဲ့ (DDA) မှ ညှိနှိုင်းရေးမှူး ဦးသန့်ဇင်က ပြောသည်။
ကျောက်မီးသွေး စီမံကိန်းများကို ဂျပန်နိုင်ငံမှ အထောက်အပံ့ မပေးရန် ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်း ၇၂ခုစုပေါင်း၍ ဂျပန်သံရုံးမှတဆင့် အိတ်ဖွင့်စာပေးပို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း တည် ဆောက်ရန်ရှိသော ကျောက်မီးသွေး စက်ရုံ၆ရုံရှိပြီး ကော့သောင်းမြို့ရှိတစ်ရုံမှာ လည်ပတ်နေသည်။
တောင်းဆိုစာပေးပို့သည့်ဒေသ ဆိုင်ရာ ကိုယ်စားလှယ်များတွင် မွန်ပြည် နယ် အံဒင်ကျောက်မီးသွေးစက်ရုံ၊ ဧရာဝတီတိုင်း ငရုတ်ကောင်း ကျောက်မီး သွေးစက်ရုံနှင့် တနင်္သာရီတိုင်း လော့ လော့ကျောက်မီးသွေးစက်ရုံမှ ကိုယ်စား လှယ်များ ပါဝင်သည်။