ရေးတွင် မူးယစ်ဆေးစွဲကုသဌာန အရေးတကြီးလိုအပ်

0
594

မွန်ပြည်နယ် တောင်ပိုင်း ရေးမြို့ နယ်အတွင်းရှိ လမိုင်းမြို့နှင့် ခေါဇာမြို့ တို့တွင် မူးယစ်ဆေးစွဲကုသဌာနများ ဖွင့် လှစ်နိုင်ရန် အရေးတကြီးလို အပ်နေ ကြောင်း ရေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ပြော ကြားသည်။

လူငယ်များ မူးယစ်ဆေးစွဲနေသည် ကို မိဘများပင် မသိရှိကြဘဲ အချို့လူငယ် များ၏ မိဘများမှာ ပြည်ပရောက်နေ ကြသဖြင့် ရန်ကုန်အခြေစိုက် စိတ်ကျန်းမာ ရေး ဆေးရုံကို ပို့ဆောင်ရန် အခက်အခဲရှိ သဖြင့် ကုသရေးဌာနတစ်ခု လိုအပ်နေ ကြောင်း ၎င်းက ဆိုသည်။

” စိတ်ကျန်းမာရေးဆေးရုံမှာ သွား ထားမယ်ဆိုရင် အရမ်းကို အခက်အခဲ ဖြစ်ပါတယ်။ မရှိဆင်းရဲသားဆို ပိုဆိုး တာပေါ့ ” ဟု ဒေါ်မိမြင့်သန်းက ပြောသည်။
ရေးမြို့နယ်အတွင်း လိုအပ်လျက် ရှိသည့် မူးယစ်ဆေးဝါး စွဲနေသူများ အတွက် ဆေးကုသ ဖြတ်တောက်သည့် ဆေးခန်းများ ဖွင့်လှစ်ပေးရေးနှင့် ပတ် သက်ပြီး နိုဝင်ဘာ ၂၃ ရက် ပထမ အကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင်လည်း ဒေါ်မိမြင့်သန်းက မေးမြန်း ဆွေးနွေးခဲ့ သည်။
” တားဆီး နှိမ်နင်းရေးအပိုင်းကို ကျွန်မတို့ အကြိမ်ကြိမ် ဆောင်ရွက် ခဲ့ပြီးပြီ။ ဖြစ်မလာတဲ့အပြင် အခြေအနေ က ပိုဆိုးလာတယ်။ နှိမ်နင်းတဲ့ကိစ္စကို မတောင်းဆိုတော့ဘဲနဲ့ နိုင်ငံတော်ရဲ့ အနာဂတ်သားကောင်း ရတနာတွေ မဆုံး ရှုံးရအောင် သုံးစွဲထားသူတွေကို ကူညီ ကယ်တင်ဖို့ သွေးသစ်လောင်းဖို့အတွက် က နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရောင်းတာ ဝယ်တာ ဘာညာ သူတို့မှ မနှိမ်နင်းနိုင် တာ” ဟု ၎င်းက ပြောသည်။

ဒေါ်မိမြင့်သန်း၏ မေးမြန်း ဆွေး နွေးချက်နှင့် ပတ်သက်ပြီး မူးယစ်ဆေးစွဲ သူများ၏ မြေပြင်စာရင်းဇယားများ၊ သုံးစွဲသည့် ဆေးအမျိုးအစား၊ သုံးစွဲပုံ သုံးစွဲနည်းများအပေါ် မူတည်၍ သက်ဆိုင် ရာ မြို့နယ်ဆေးရုံများတွင် ကုသနိုင်ရန် စီမံဆောင်ရွက်ပေးနိုင်ပါကြောင်းနှင့် လိုအပ်သော ဆေးဝါးများနှင့် ကုသရေး နည်းစနစ်များ ကျန်းမာရေးဝန်ကြီးဌာန တွင် အသင့်ရှိပါကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ဖြေကြားခဲ့သည်။

မွန်ပြည်နယ်အတွင်း အခြေအနေ ဆိုးရွားနေသည့် မူးယစ်ဆေးဝါး ပြဿ နာကို လွှတ်တော်အသီးသီးက ကိုယ်စား လှယ်များကလည်း လွှတ်တော်သက်တမ်း တလျှောက် အကြိမ်ကြိမ် တင်ပြဆွေး နွေးခဲ့ကြသော်လည်း မူးယစ်ဆေးဝါး ပြဿနာသည် လျော့နည်းမသွားသည့် အပြင် ပိုမိုများပြားလာသည်ဟုလည်း ပြောသည်။
ရေးမြို့နယ် လမိုင်းမြို့မှ နိုင်တင် အောင်က ” ကျွန်တော်တို့ ရေးဘက်မှာက အခြေအနေ တော်တော်ဆိုးပါတယ်၊ အစိုးရကျောင်းတွေအထိကို သုံးစွဲနေကြ ပါတယ်။ နှိမ်နှင်းမှုတွေ လုပ်နေပေမယ့် လည်း မနည်းသွားတဲ့အပြင် ပိုပြီးတော့ တိုးပွားနေတယ်၊ ဘယ်လောက်ထိလွယ် ကူသလဲဆိုရင် ကွမ်းယာဆိုင်တိုင်းမှာ ဝယ်လို့ရတယ် ကွမ်းယာဝယ်သလို ဝယ်လို့ရတယ်” ဟု ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်း အရ တစ်နိုင်ငံလုံးတွင် အမိန့်ကြော်ငြာ စာဖြင့် ထုတ်ပြန်ခဲ့သော မူးယစ်ဆေးစွဲ ကုဌာနကြီး ၂၆ ခု မူးယစ်ဆေးစွဲ ကုဌာန ငယ် ၄၇ ခု စုစုပေါင်း ၇၃ ခုကို လိုအပ် ချက်အရ တိုးချဲ့ဖွင့်လှစ်ထားခဲ့ပြီ ဖြစ် သော်လည်း မွန်ပြည်နယ်တွင် မော်လမြိုင် မြို့ ၌သာ မူးယစ်ဆေးစွဲကုသဌာနရှိသည်။