ထားဝယ် တန်ဆောင်တိုင် မွန်ပြည်နယ်မှ ဘုရားဖူးပိုများ

0
620

ယခုနှစ် ထားဝယ်တန်ဆောင်တိုင်ပွဲ ကာလအတွင်းထားဝယ်မြို့သို့ မြန်မာ နိုင်ငံ အထက်ပိုင်းမှ ဘုရားဖူးဝင်ရောက် မှုနည်းပါးခဲ့ပြီး မွန်ပြည်နယ်မှ ဘုရားဖူး လာရောက်သူ ပိုမိုများပြားခဲ့ကြောင်း ရန်ကုန်အခြေစိုက် ဘုရားဖူးလုပ်ငန်းများ နှင့် မောင်းမကန်ကမ်းခြေရှိ စားသောက် ဆိုင်များထံမှ သိရသည်။

နိုင်ငံအဝန်း ရေဘေးသင့်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပခြင်းတို့ကြောင့် ထားဝယ်တန်ဆောင်တိုင်သို့ ဘုရားဖူး သူများလာ ရောက်မှုနည်းသွားခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်-ထားဝယ်ဘုရားဖူး ခရီးစဉ်ပြေးဆွဲပေးလျက်ရှိသော ရန်ကုန် အခြေစိုက် သုခမိန်ဘုရားဖူးလုပ်ငန်းမှ ဦးမျိုးက ပြောဆိုသည်။
ယင်းဘုရားဖူးများသည် ထားဝယ် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ထားဝယ်မြို့အတွင်းသို့ ဒေသစာရီ လှည့်လည် ပူဇော်ခြင်းနှင့် ထားဝယ်ဒေသ ရှိ ရှင်ကိုးရှင်ဘုရားများကို ဖူးမျှော်ပြီး နောက် မောင်းမကန်ကမ်းခြေတွင် လာ ရောက်အနားယူ အပန်းဖြေလေ့ရှိသည်ဟု သိရသည်။
ယခုနှစ်ထားဝယ်တန်ဆောင်တိုင်ကာလတွင် မောင်းမကန်ကမ်းခြေသို့ မွန်ပြည်နယ်မှလာရောက်သူများ ယခင် နှစ်ထက်ပို များလာခဲ့ကြောင်း မောင်းမ ကန်ကမ်းခြေရှိ စားသောက်ဆိုင်ပိုင်ရှင် များက ပြောဆိုသည်။
28_tasaungtine

” ကမ်းခြေမှာ ပုံမှန်စည်နေတာပဲ၊ ရောင်းအားလည်း ပုံမှန်ပဲ၊ တန်ဆောင် တိုင် ကာလမှာ မွန်တွေ လာရောက်တာများ တယ်၊ ငါးခြောက်တွေ တော်တော်ရောင်းရ တယ်” ဟု ငွေပင်လယ်စားသောက်ဆိုင်ပိုင်ရှင်ဦးလေးဝင်းက ဆိုသည်။
ပြီးခဲ့သည့်နှစ်က ထားဝယ်တန် ဆောင်တိုင်ပွဲတော် မတိုင်မီကျင်းပခဲ့သော ထိုင်း-မြန်မာချစ်ကြည်ရေးတန်ဆောင်တိုင်ပွဲတော်နှင့် ဆက်စပ်၍ ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်းမှ ဘုရားဖူးခရီးသည်များ ဝင်ရောက်မှုများ ပြားခဲ့ပြီး နိုင်ငံခြားသားများ ဝင်ရာက် လာမှုကြောင့် ထားဝယ်မြို့ပေါ် ဟိုတယ် အခန်းများနှင့် မောင်းမကန်ကမ်းခြေရှိ ဟိုတယ် အခန်းများ ပြည့်လျှံသွားခဲ့သည်။

ယမန်နှစ်ထက် ဘုရားဖူးနည်း ခဲ့သော်လည်း ယခုနှစ်ထားဝယ် တန် ဆောင်တိုင် ကာလအတွင်း ဟိုတယ် အခန်းများပြည့်ခဲ့ကြောင်း ထားဝယ်မြို့ နှင့် မောင်းမကန်ကမ်းခြေရှိဟိုတယ်များ မှ တာဝန်ရှိသူများက ပြောသည်။

ယင်းဟိုတယ်များတွင် နိုင်ငံခြား သားများ၊ ရန်ကုန်၊ မန္တလေး၊ မြိတ်၊ ကော့သောင်းမြို့ စသည်တို့မှ လာရောက် သည့် ဧည့်သည်များ လာရောက် တည်းခို ကြပြီး ဘုန်ကြီးကျောင်းများ၌ မွန်ပြည် နယ်မှ ခရီးဘုရားဖူးခရီးသည် များက တည်းခိုခဲ့သည်ဟု ယင်းဟိုတယ် များနှင့် ဘုရားဖူးဧည့်သည်များထံမှ သိရသည်။