ကျွန်းစု တာဝါတိုင်ဆောက်လုပ်ရေး လုပ်သားများ နေ့တွက်လုပ်အားခ ခေါင်းပုံဖြတ်ခံရ

0
652

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကတ္တလူ ကျေးရွာတွင် တည်ဆောက်နေသည့် မြန်မာ့ဆက်သွယ်ရေးတာဝါတိုင် ဆောက်လုပ်ရေး လုပ်သားများ၏ နေ့တွက် လုပ်အားခများကို ခေါင်းပုံ ဖြတ်ခံခဲ့ရ သည်ဟု ယင်းအလုပ်သမား တစ်ချို့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးထံမှ သိရသည်။


ဆောက်လုပ်ရေးတာဝန်ခံက လုပ် အားခ မရှင်းပေးဘဲ ထွက်ပြေး တိမ်းရှောင် နေသည်မှာ တစ်လဝန်းကျင်ခန့် ရှိနေ ပြီဖြစ်ကြောင်း အလုပ်သမားတစ်ချို့က ဆိုသည်။
အဆိုပါ တာဝါတိုင်ဆောက်လုပ်ရေး လုပ်ငန်းအတွက် ကန်ထရိုက်ယူထားသူ ဦးအောင်လှိုင်ကိုဆိုသူထံမှ တဆင့် ပန်းရံ လုပ်ငန်း လုပ်ကိုင်နေသူ ဦးအောင်ကိုဟိန်း ဆိုသူအား တာဝန်ယူပြီး လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေး အလုပ်သမား များမှာ ကတ္တလူကျေးရွာနေသူ များဖြစ် ကြပြီး အလုပ်သမား ၅ ဦးအတွက် အများဆုံး နေ့တွက်ခ ၉ ရက်နှုန်း၊ အနည်းဆုံး ၁ ရက်နှုန်းတို့နှင့် ရွာဈေးဆိုင် တစ်ချို့မှ အကြွေးဖြင့်ဝယ်ယူထားမှုလည်း ရှိနေပြီး စုစုပေါင်း ငွေကျပ် ၂၃၉၀၀၀  ကို ရှင်းမပေးဘဲ ထွက်ပြေးတိမ်းရှောင် နေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ပြောပြသည်။
ယင်းကိစ္စကို ကန်ထရိုက်ယူထားသူ ဦးအောင်လှိုင်ကိုခေါ်ယူဆွေးနွေးခဲ့ရာ ၎င်းတွင် တာဝန်မရှိကြောင်း ဦးအောင်ကို ဟိန်းထံတွင် ၎င်း၏ငွေများလည်း ရရန်ရှိ သေးသည်ကို ပြန်လည် ပြောဆိုခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ပြော သည်။
အဆိုပါ အလုပ်သမား ကိစ္စ အကျိုး အကြောင်းကို ကန်ထရိုက်ဆိုသူ ဦးအောင် လှိုင်ကိုနှင့်တာဝန်ခံ ဦးအောင်ကိုဟိန်း ဆိုသူတို့၏ ဖုန်းနံပါတ်များအား ဆက် သွယ်မေးမြန်းခဲ့ရာ ဖုန်း စက်ပိတ်ထား သဖြင့် ပြန်လည်ဖြေကြား နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
” ကျွန်းစုဘက်က အလုပ်သမား တွေက လေဘာကတ်တွေ မရှိကြလို့ အလုပ်သမား အခွင့်အရေးက ထိရောက်မှု သိပ်မရှိဘူး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ ဥပဒေအရ ကာကွယ်ပေး နိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်” ဟု မြိတ်ခရိုင် အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးဖြစ်သူ ဦးကျော်ကျော်နိုင်က ပြောသည်။
အလုပ်သမားများ၏ လုပ်အားခ များကို ရှင်းမပေးဘဲ ထွက်ပြေးတိမ်း ရှောင်နေသူ ဦးအောင်ကိုဟိန်းဆိုသူအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် လှစ်ခြင်းနှင့် အလုပ်သမားရေးရာ ဦးစီး ဋ္ဌာနတို့ကို တိုင်ကြားခြင်းတို့ကို ဆက် လက်လုပ်ဆောင်သွားမည်ဟု အုပ်ချုပ် ရေးမှူး ဦးမောင်ကြီးနှင့် အလုပ်သမား တစ်ချို့က ဆိုသည်။
အလုပ်သမားအခွင့်အရေး လုပ်ဆောင်ရန် အလုပ်သမားကတ်များ ပြန်လုပ်ရမည့် အနေအထားရှိကြောင်း ဦးကျော်ကျော်နိုင်က ပြောသည်။