ပါးစပ်ပေါက်မှ ဦးခေါင်းနောက်ဖက် ပေါက်ထွက် သေနတ်ဒဏ်ရာဖြင့် လူ တစ်ဦးသေဆုံး

0
488

ကော့သောင်းမြို့ ဘန်းကချွန် ကျေး ရွာတွင် နိုဝင်ဘာ ၁၈ ရက်က ရာဘာ ခြံအတွင်း သေနတ်ဒဏ်ရာဖြင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း မြို့မရဲစခန်းမှ သိရ သည်။


သေဆုံးသူမှာ ဦးခေါင်းနောက် ဘက်အထိ သေနတ်ပေါက်ထွက် ဒဏ်ရာ ဖြင့် သေဆုံးနေခြင်းဖြစ်ပြီး အနီးတွင် တူမီးသေနတ် တစ်လက်ရှိကြောင်း သိရ သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီခန့်က ဦးကျော်လွင်၏ ရာဘာခြံ အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကြောင်း သတင်းပေး ချက်အရ စခန်းမှူး ဒုရဲမှူးမျိုးညွန့်နှင့် အဖွဲ့သည် အခင်းဖြစ်ရာနေရာသို့ သွား ရောက်စုံစမ်းရာ ခြံတဲအရှေ့ပျဉ်ပြား များပေါ်၌ ရာဘာခြံလုပ်သား ဦးစန် ထွေး ၃၆ နှစ်အား သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း သိရ သည်။
အဆိုပါဖြစ်ရပ်အား စုံစမ်းရာ ကိုစန်ထွေးသည်အိမ်ထောင်ရေး အဆင် မပြေဖြစ်၍ အရက်သောက်ပြီး အသက် ၁၁ နှစ်နှင့် ၇ နှစ်အရွယ် သားနှစ် ယောက်ရှေ့တွင် တူမီးသေနတ်ပြောင်းဝ အား ပါးစပ်ဖြင့်ငုံကာ ခြေထောက်ဖြင့် ခလုတ်ဖြုတ်ခဲ့ကြောင်း သိရသည်။
သားနှစ်ယောက်မှ တစ်ဖက်တောင် ကြားခြံချင်း ကပ်လျက်ရှိ ဦးအုန်းကြိုင် ၄၈ နှစ်ထံ သွားရောက်ပြောပြရာ၊ ဦးအုန်းကြိုင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့်ရဲစခန်းသို့ အကြောင်းကြား ခဲ့ကြောင်း သိရသည်။
ထိုသေမှုသေခင်းနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးလျက်ရှိကြောင်း ကော့ သောင်းမြို့မ ရဲစခန်းမှ သိရသည်။