မြိတ်တွင် ကျပ်သိန်း ၅၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

0
522

မြိတ်မြို့နယ်၊ ကလွင်မီးပြအနီး တစ်မိုင်ခန့်အကွာ ကလွင်ကမ်းခြေတွင် ဆိုက်ထားသည့် ခန့်ဟိန်းဇင်အောင် အမည်ရှိ ကုန်တင် စက်လှေတစ်စီးပေါ်တွင် ကျပ်သိန်း ၅၇၀၀၀ ကျော်တန်ဖိုးရှိ ICE အမျိုးအစားဟု ယူဆရသော မူးယစ် ဆေးဝါးများကို နိုဝင်ဘာလ ၁၉ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က ဖမ်းဆီး ရမိကြောင်း မြိတ်မြို့နယ်ရဲစခန်းမှ သိရှိ ရသည်။

နိုဝင်ဘာလ ၁၉ ရက်တွင် တပ် မတော်(ရေ)နှင့် မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင် သတင်းအရ လိုက်လံ စစ်ဆေးရာ ယင်း ကုန်တင်စက်လှေက ထွက်ပြေး တိမ်း ရှောင်သဖြင့် လိုက်လံဖမ်းဆီးရာမှ မြိတ် မြို့နယ် ကလွင်မော်စွန်းအနီးရှိ ဒီရေ တောစပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

ယင်းလှေပေါ်တွင် လှေသား ၃ ဦးနှင့်အတူ ဂါလံ ၅၀ ဆန့် ဒီဇယ်တိုင်ကီ ၂ လုံးအတွင်း တစ်ကီလို အလေးချိန်ရှိ ICE ဟုယူဆရသည့် မူးယစ်ဆေး ၁၄၄ အိတ်၊ စိတ်ကြွဆေးပြား ၇၇ ပြား၊ ၃၀ ဂရမ်အလေးချိန်ရှိ ဘိန်းစာမှုန့် တစ်ထုပ် တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
၁ ကီလို အလေးချိန်ရှိ ICE တစ် အိတ်လျှင် ဒေသပေါက်ဈေး ကျပ် သိန်း ၄၀၀ ခန့်ရှိသည်ဟု သိရသည်။

ယင်း ခန့်ဟိန်းဇင်အောင် အမည် ရှိ ကုန်တင်စက်လှေသည် နိုဝင်ဘာလ ၁၈ ရက် နေ့လယ် ၁ နာရီခွဲအချိန့်က မြိတ်တောင် ကျေးရွာအုပ်စု၊ စက်မှုဇုန် မြိတ်ကမ်းလွန် ချက်ပွိုင့်တွင် စစ်ဆေးပြီး၊ မလေးရှားနိုင်ငံသို့ ဓာတ်ဆီ(စက်သုံးဆီ) တန် ၅၀ တင်ဆောင်ရန်ဟုဆိုကာ လှေ သား ၁၁ဦးဖြင့် ထွက်ခွာခဲ့ခြင်း ဖြစ် ကြောင်း မြိတ်မြို့နယ်ရဲစခန်း၏ မှုခင်း မှတ်တမ်းအရ သိရသည်။

ပိုင်ရှင်ဟုယူဆရသူ ဦးဇော်မင်း အောင်(ခ) သားကြီးသည် ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက် နေ့တွင် ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်တွင် ဖမ်းဆီးရမိထားကြောင်း မြိတ်မြို့နယ် စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့(စ.ရ.ဖ) တပ်ဖွဲ့ ဝင်တစ်ဦးထံမှ သိရသည်။
အဆိုပါ ကျပ် သိန်း ၅၇၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား တင် ဆောင်သူကို မြိတ်မြို့နယ်ရဲစခန်းမှ မူး^စိတ်ပုဒ်မ ၁၉(က)^၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း အထက်ပါ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်က ပြောသည်။