ထားဝယ် အဝေးပြေးကားကွင်း အသစ်ပြန်ဆောက်ရေး မြေပြင်လုပ်ငန်းပင် မစနိုင်သေး

0
448

ယခုနှစ်ကုန်အပြီး တည်ဆောက် မည်ဟု ပြောဆိုထားသည့် ထားဝယ် အဝေးပြေး ကားကွင်းကို အသစ်ပြန်လည် တည် ဆောက်ရန် မြေပြင်လုပ်ငန်းပင် မစနိုင် သေးကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ဒေါက်တာ ကျော်ဆန်းက ပြောသည်။

ထားဝယ်အဝေးပြေးကားကွင်းကို ၂၀၁၅ ခုနှစ်အပြီး တည်ဆောက်မည်ဟု ပြောဆိုခဲ့ဖူးသော်လည်း လက်ရှိတွင် မြေပြင်လုပ်ငန်း မစနိုင်သေးဘဲ ကားကွင်း မြေကိုပိုင်ဆိုင်သည့် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့မှ ပြန်လည်စွန့်လွှတ်မည့်အချိန်ကို စောင့်ဆိုင်းနေရကြောင်း ဝန်ကြီးက ဆိုသည်။dawei_highway_station
” ပိုင်ဆိုင်မှုက ဟိုးအရင် ကတည်းက သူတို့ နာမည်နဲ့ ရှိနေတာ။ သူတို့က နေ စွန့်လွှတ်ပေးဖို့အတွက် တင်ပြထား တယ်” ဟု ဝန်ကြီး ဒေါက်တာကျော်ဆန်း က ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ထံသို့ အဝေးပြေး ကားကွင်းမြေကို ပြန်လည် စွန့်လွှတ်ပေးရန် ယခုနှစ် နှစ်ဆန်းပိုင်းက တင်ပြထားခြင်းဖြစ်ပြီး ယင်းဝန်ကြီးဌာတို့ တွင်လည်း ပြန်လည်စွန့်လွှတ်နိုင်ရန် စိစစ်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း ဝန်ကြီးက ပြောသည်။
” သူတို့လည်း စိစစ်နေရတာဖြစ်လို့ ဘယ်အချိန်စွန့်လွှတ်မယ်ဆိုတာတော့ မသိသေးဘူး။ မြေပိုင်ဆိုင်မှု မရှင်းလင်း ဘဲ သွားလုပ်ရင် နောက်ပိုင်း အငြင်းအပွား တွေ ဖြစ်လာနိုင်တယ်” ဟု၎င်းက ဆို သည်။

ယင်းဝန်ကြီးဌာနနှစ်ခုက စွန့်လွှတ် ပြီးမှသာ မြေပြင်လုပ်ငန်းကို စတင်နိုင် မည်ဟု ဝန်ကြီးက ပြောသည်။
” ကားကွင်းက ပြင်သင့်နေတာ ကြာ လှပြီဗျာ။ အခုပဲ လုပ်တော့ မလိုလိုနဲ့ အခုထိ ဘာမှ မထူးလာဘူး။ ကားကွင်းက ပျက်သထက်ပျက် လာတယ်” ဟု အသက် ၂၇နှစ်အရွယ် ထားဝယ်မြို့ခံ အမျိုးသား တစ်ဦးက ဆိုသည်။
လက်ရှိအခြေအနေတွင် ကားကွင်း မှာ ခြောက်သွေ့ရာသီတွင် ဖုန်မှုန့်များ ထူထပ်လျက်ရှိပြီး မိုးရာသီတွင် ရွှံ့များ ဖြင့် ညစ်ပေလျက်ရှိသည်။