အယ်ဒီတာနှင့် ဗမောင်းဆွေးနွေးခန်း

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အယ္ဒီတာ။ ။ ကဲရွေးကောက်ပွဲ ရလဒ်တွေ အကုန်နီးနီးထွက်လာပြီ။ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က လွှတ်တော်သုံးရပ်စလုံးမှာ အများစု အနိုင်ရတယ်။ တိုင်းရင်းသားပါတီအားလုံးနီးပါးကတော့ သိတဲ့အတိုင်းပဲ ရှမ်းနဲ့ ရခိုင်ကလွဲရင် တစ်ယောက်မှ မနိုင်တဲ့ ပါတီနဲ့ နည်းနည်းပါးပါးနိုင်တဲ့သူပဲ ကွာတယ်။ ပြီးခဲ့တဲ့လတွေအတွင်း တိုင်းရင်းသားအရေး အဓိကရေးခဲ့တဲ့ သူတစ်ယောက်အနေနဲ့ ဒီရလဒ်အပေါ်ဘာ ပြောချင်လဲဗျ။

ဗမောင်း။ ။ ပထမဆုံးကတော့ အနိုင်ရတဲ့ NLD ပါတီကို ဂုဏ်ပြုပါ တယ်။ ဒါဟာ ပြည်ထောင်စုအဆင့်မှာ ကျွန်တော်တို့အားလုံး လိုချင်နေတဲ့ပုံစံပဲ။ ဒါပေမဲ့ ကိုယ့်ဒေသတိုင်းနဲ့ပြည်နယ်လွှတ် တော်တွေမှာပေါ့ တိုင်းရင်သားပါတီတွေ ကိုနိုင်စေချင်တာပေါ့ဗျာ။ ပထမဆုံးတစ်ခု တွေ့တာက NLD ရဲ့ရွေးကောက်ပွဲ သတင်း စကား( Message) နဲ့ လူထု ရင်ခုန်သံ ထပ်တူကျသွားတာ အဓိက ပါပဲ။ လူထုက တစ်နိုင်လုံးအတိုင်း အတာနဲ့ အပြောင်းအလဲ လိုချင်တယ်။ပြောင်းလဲနိုင်တာ NLD ပဲရှိတယ်လို့ မြင်တယ်။ ဒါကြောင့် မဲအပြတ်အသတ်နဲ့ နိုင်တယ်။
ဒီတော့တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ လူထုကအမြစ်က လှန်လိုတဲ့ အပြောင်းအလဲကို ရွေးလိုက်တာပါ။ NLD က တိုင်းရင်းသားဒေသတွေမှာ ကို အုံလိုက်ကျင်းလိုက် အနိုင်ရတာကို ကြည့်ပေါ့ဗျာ။ ရခိုင်ကတော့ သူတို့တိုင်း ရင်းသားပါတီက တော်တော်များများ အနိုင်ရပါတယ်။ ဒါပေမဲ့ရှမ်း၊ မွန်၊ ချင်း၊ကရင် စတဲ့ကျန်တဲ့တိုင်းရင်းသားတွေကမှန်းသလောက်မရခဲ့ဘူး။တချို့ ဆိုသုံးလေးဦးစပဲရှိတယ်။ အဲဒါကလည်း တိုင်းရင်းသားပါတီတွေ ကွဲနေလို့ဆိုပြီး ပြောကြတာ လည်းရှိပါတယ်။

အယ်ဒီတာ။ ။ဒါကတော့ တစ်နိုင်ငံလုံးအတိုင်းအတာပေါ့။ တစ်နေ ရာမှ မနိုင်တဲ့ ထားဝယ်ကကော ဘယ် လိုဖြစ်သွားတုန်းဗျ။
ဗမောင်း။ ။ထားဝယ်ဟာ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားဖြစ်လို့ တိုင်း ရင်းသားပါတီတစ်ခု ရှိသင့်ရှိထိုက်တယ် ထင်လို့ ထောင်တယ်။ နိုင်ငံရေးအရတိုင်း ရင်းသားအခွင့်အရေး ရှိသင့်တယ်လို့ ထောင်တဲ့သူတွေက ယူဆလို့ နိုင်ငံရေး နည်းလမ်းအရ အရေးဆိုဖို့ပါတီ ထောင် တယ်။
ဒါကလည်းမှန်ပါတယ်။ ရှိလည်း ရှိသင့်ပါတယ်။
ဒါပေမဲ့ အခြားတဖက်ကကြည့်ရင် ထား ဝယ်တွေက လူမှုရေးပိုင်း၊ ယဉ်ကျေးမှုပိုင်း မှာသာ လူမျိုးရေးစိတ်ဓာတ်အားသာပြီးနိုင်ငံရေးမှာကြတော့ ငါတို့ဗမာနဲ့မတူဘူး ဆိုတဲ့ခံစားမှု ရှိသူအများစု မရှိသေးဘူးလို့ မြင်တာပဲ။ တိုင်းရင်းသားကို အခြေပြုတဲ့ ပါတီတစ်ခုထောင်တာကလည်း၂နှစ်နီးနီးပဲရှိသေး၊ သမိုင်းစဉ်တစ်လျှောက်နိုင်ငံ ရေးအရ ငါတို့က ဗမာနဲ့မတူဘူး၊ သီးခြား အခွင့်အရေးရမှ ရမယ်ဆိုတဲ့အမြင်က လည်း သိပ်ကြီးမများသေး၊ အဲဒါကိုယုံ ကြည်အောင် ပါတီကလည်း မထိုးဖောက် နိုင်ခဲ့ဘူးပေါ့။

ဒါတွေအပြင် စောနက ပြောတဲ  တစ်နိုင်ငံလုံးအတိုင်းအတာ အရင်ပြောင်း မှ ရမယ်ဆိုတဲ့အမြင်က ပိုလွှမ်းနေတော့ အနိုင်ရဖို့ မလွယ်ဘူးဖြစ်သွားတယ်လို့ မြင်တာပဲ။ ဝင်ပြိုင်တဲ့လူ (ကိုယ်စား လှယ်လောင်း) ထက်လူထုက ပါတီတံဆိပ် ကို တုံးထုခဲ့ကြတာကိုး။ စောစောက စကားနဲ့ ပြန်ချိတ်ရရင် တိုင်းရင်းသား ပါတီနဲ့ လူထု ရင်ခုန်သံ ထပ်တူကျအောင် မလုပ်နိုင်ခဲ့လို့ပေါ့။
အယ်ဒီတာ။ ။တိုင်းရင်းသား ပါတီတွေ ထင်သလောက် ခရီးမပေါက် တော့ ဘာလုပ်ကြမလဲဗျ။ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်မှကို မရဘူး ဆိုတော့ တိုင်းရင်းသားအရေး မလွယ် တော့ဘူးပေါ့။

ဗမောင်း။ ။ ရှမ်းပါတီက တစ် ယောက်ရဲ့အဆိုအရ ဆိုရင် ကျွန်တော်တို့ က ဆူနာမီမိသွားတာတဲ့။ ဒီတော့နည်း နည်းပါးပါး နိုင်တဲ့သူတွေကတော့ လွှတ် တော်ထဲ ရသလောက်အော်ပေါ့ဗျာ။ တစ်ပြိုင်တည်း လွှတ်တော်ပြင်နိုင်ငံရေး အားကောင်းအောင်လုပ်။ တစ်ယောက်မှ မနိုင်တဲ့ပါတီတွေလည်း တော်ပြီဆိုပြီး ထိုင်နေလို့မှမရတာ။ ပါတီခေါင်းဆောင် တွေ ခေါင်းချင်းပြန်ဆိုင်ပေါ့။
မြန်မာ့အရေး လေ့လာ သုံးသပ်တဲ့ ဥရောပက မိတ်ဆွေတစ် ယောက်တော့ ပြောတယ်။ သူပြောတဲ့အတိုင်းဆိုရင် အခုထက်ပိုပြီးနိုင်ငံရေးလှုပ်ရှားခွင့် ရလာ အောင်လုပ်၊ နိုင်သမျှ ဘောင်ထဲက တိုင်းရင်းသားအခွင့်အရေး ဆက်လုပ်၊ နောက်ရွေးကောက်ပွဲကြရင်ဒီထက်ပိုပြီးလွတ်လပ်ပြီး တရားမျှအောင် ကြိုးပမ်း ပါတဲ့။

အခုက ပြောနေသလောက် လွတ်လပ်ပေမဲ့၊ ရွေးကောက်ပွဲက တရားမျှတမှု အပြည့်မရှိဘူး လို့ပြောနေတာကို။ အယ်ဒီတာကြီးတို့လည်း ကြားမှာပါ၊ မဲဆွယ် ကာလမှာ ဘောမကန်ဘဲ၊ လူချတာတွေ။

နောက်ထပ် အကောင်းမြင်ရရင် ပါတီခေါင်းဆောင်တွေပါတီတည်ဆောက်ရေးလုပ်ဖို့ အချိန်ကောင်းကောင်းရသွားတာပေါ့ဗျာ။ ပါတီဆိုတာ တကယ်တော့ အစိုးရလုပ်ဖို့ အသင့်ပြင်ထားရတဲ့ အဖွဲ့ မဟုတ်လား။ ဒီတော့ အခုအချိန်မှာ အကောင်းဆုံးကရွေးကောက်ပွဲအရှုံး ကနေ သင်ခန်းစာယူ၊ ပြန်လည်တည်ဆောက်ရေးစ၊ သွေးသစ် ချပေါ့။
အယ်ဒီတာ။ ။ခင်ဗျားဟာ အဲလောက်ထိ စိတ်ရှည် ပါ့မလားဗျ။ နောက်ထပ်ရွေးကောက်ပွဲဆို ငါးနှစ်စောင့်ရဦးမယ်။
ဗမောင်း။ ။သမိုင်းမှာ ပထမဆုံးအလုပ်တစ်နှစ်လုပ် လိုက်တာနဲ့ အောင်မြင်မယ်တော့ ဘယ်အပ်ချမတ်ချ တွက်နိုင်မလဲဗျ။ အခုလိုမျိုး အပြိုင်အဆိုင်များဆို ပိုဆိုးတာပေါ့။ ဒါကမာရသွန်ခရီး ဆိုတာ သိရမှာပေါ့။