ကော့သောင်းတွင် မသန်စွမ်း ရံပုံငွေ ရှာဖွေပွဲ ကျင်းပမည်

0
470

ကော့သောင်းမြို့တွင် မသန်စွမ်း ရံပုံငွေရှာဖွေပွဲကို လာမည့် နိုဝင်ဘာလ ၁၈ရက်မှ ၂၂ ရက် အထိ ကျင်းပမည် ဖြစ်ကြောင်းမသန်စွမ်းအသင်း နာ.ယ.က ဦးကျော်ဝင်းထံမှ သိရသည်။

၅ ရက်တာကျင်းပမည့် ဒုတိယ အကြိမ်မြောက် ရံပုံငွေရှာဖွေပွဲကို ဘုရင့် နောင်ရပ်ကွက်ရှိ ဘုရင့်နောင်ကုန်း အောက်ဘက်ကွင်းပြင်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
” ရရှိလာတဲ့ ရံပုံငွေတွေကို မသန် စွမ်းရုံးဆောက်လုပ်ဖို့၊မသန်စွမ်း အသင်းသားတွေရဲ့ နာရေးနဲ့ အသုံး အဆောင် ကုလားထိုင်တွေ၊ ချိုင်းထောက် တွေပံ့ပိုးကူညီဖို့ရည်ရွယ် ထားပါတယ်” ဟု ဦးကျော်ဝင်းက ပြောပြသည်။
ရံပုံငွေရှာဖွေပွဲတွင် “ငွေလမင်း ” အငြိမ့်ဖြင့် အခမဲ့ဖျော်ဖြေမည် ဖြစ်ပြီး ရံပုံငွေရှာဖွေခြင်းအားဆိုင်ခန်းခ များနှင့် ကံစမ်းမဲ လက်မှတ်ရောင်းချခြင်းဖြင့် ရှာဖွေမည်ဟု ၎င်းက ရှင်းပြသည်။
မသန်စွမ်းအသင်း(ကော့သောင်း)ရုံးခန်းအား လက်ရှိအမိမြေ အိမ်ယာရှိ ဖြိုးစေတနာရုံးခန်းတွင် ယာယီ ဖွင့်လှစ် ထားပြီး အသင်းဝင် ၉၀ ဦးခန့်ရှိကာ အသင်းဝင်အသစ်များလည်း လက်ခံ လျက်ရှိကြောင်း သိရသည်။