နောက်ဆုံးတော့ ကျော်ဟိန်း က ကျော်ဟိန်းပါဘဲ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အိပ်ရာက ဖျတ်ခနဲ လန့်နိုး လာပါ တယ်။
ပြတင်းပေါက်က ပြင်ပကို လှမ်း ကြည့်လိုက်တော့ လင်းအရုဏ် ကျင်း လုပြီ။ ပိုသေချာအောင် မီးဖွင့်ပြီး စားပွဲ ပေါ်က စားပွဲတင် နာရီကို လှမ်းကြည့် လိုက်တော့ အချိန်က မနက်ငါးနာရီ ဆယ့်ငါးမိနစ်။ ခါတိုင်းနေ့တွေမှာ ဒီ အချိန်ဆို အိမ်ရှေ့လမ်းဈေးက ဈေးသည် တွေ ဆိုင်ခင်းကျင်းရင်း တစ်ယောက်နဲ့ တစ်ယောက် အာလာပသလ္လာပ ပြောဆို သံတွေ၊ ဆိုင်ခန်း အတည်တကျ မရှိတဲ့ လမ်းဈေးမို့ နေရာလုကြရင်း ခိုက်ရန် ဖြစ်ပွား ဆဲဆိုသံတွေကို နံနက်ချိန်ခါ တေးသံသာအဖြစ် မကြားချင်မှအဆုံး နားဆင်နေရပေမယ့် ဒီနေ့မှာတော့ ယာယီလမ်းဈေးလေးဟာ သက်ငြိမ် ပန်းချီကားတစ်ချပ်လို တိတ်ဆိတ်ငြိမ် သက်လို့။

တခြားလူတွေကို အသာ ထားလိုက် ပါတော့။ ကျွန်တော်တောင် ခါတိုင်း အခုလို အလုပ်ပိတ် ရက်တွေဆို မနက် ခုနှစ်နာရီ လောက်မှ အိပ်ရာ ထလေ့ရှိပေ မယ့် ဒီနေ့မှာ ထူးထူးခြားခြား ဝီရိယ ကောင်းပြီး မနက် ငါးနာရီ ဆယ့်ငါးမိနစ် ကတည်းက အိပ်ရာက ထနေပါတယ်။

ဒီနေ့ဟာ D- Day(သို့) နိုင်ငံတော် အချုပ်အခြာ အာဏာကို ကျွန်တော်တို့ လက်ထဲက မဲပြားတွေနဲ့ သိမ်းပိုက်ရမယ့် နေ့မဟုတ် ပါလား။
ကိုယ်လက် သန့်စင် ဘုရားဝတ်ပြု ပြီး မနက် ၆နာရီမှာ မဲရုံရှေ့ ကျွန်တော် ရောက်ရှိသွားချိန်မှာ ဆန္ဒမဲပေးဖို့ တန်းစီ စောင့်ဆိုင်းနေတဲ့လူတန်းကြီးက တော် တော်ရှည်နေပြီ။ လူတန်းကြီးရဲ့ နောက် ဆုံးမှာကျွန်တော်ဝင်ရောက် တန်းစီလိုက် ပါတယ်။ မကြာမီ ကျွန်တော့်နောက်မှာ မဲပေးဖို့ဝင်ရောက် တန်းစီသူတွေ တဖြည်း ဖြည်း များပြားလာပါတယ်။ မဲရုံဖွင့်ချိန်မှာ မဲပေးဖို့ တန်းစီ စောင့်ဆိုင်းနေသူတွေ တစ်ရာလောက်တောင် ရှိမလားပဲ။ တစ် သက်နဲ့ တစ်ကိုယ် တန်းစီစောင့်ဆိုင်းခြင်း ယဉ်ကျေးမှုကို တစ်ခါမှ မမြည်းစမ်းဖူးတဲ့ ကျွန်တော်တို့ မြို့သားတွေဟာ ဒီနေ့မှာ အံ့ဩစရာ ကောင်းလောက်အောင် စိတ်ရှည် လက်ရှည် တန်းစီစောင့်ဆိုင်းနေကြတာ တွေ့ရပါတယ်။ သူတို့ဟာ ဒီမိုကရေစီ စနစ်နဲ့ ထိုက်တန်ကြောင်း အမူအရာနဲ့ ပြသနေသလိုပါပဲ။ သူတို့ မျက်လုံးတွေ ဟာလည်း မျှော်လင့်ချက်တွေနဲ့ တဖျတ် ဖျတ် တောက်ပနေပါတယ်။ တချို့က တော့ ဆန္ဒမဲပေးခြင်းကို တစ်သက်မှာ ဒီတစ်ကြိမ်သာ ကြုံဖူးတာမို့ စိတ်လှုပ်ရှား နေကြတာ တွေ့ရပါတယ်။

အကယ်၍ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာနိုင်ငံရေးသမိုင်းမှာ ၈၈လူထုအုံကြွမှုကို အကြီးမားဆုံး အချိုး အကွေ့တစ်ခုလို့ သတ်မှတ်ရင် လက်ရှိ ကျင်းပခဲ့တဲ့ ၂၀၁၅ ပါတီစုံ ရွေးကောက် ပွဲကြီးကို ဒုတိယအကြီးမားဆုံး အချိုး အကွေ့တစ်ခုအဖြစ် မဖြစ်မနေ သတ်မှတ် ရပါလိမ့်မယ်။ ပြည်သူလူထုတစ်ရပ်လုံး ဟာ နိုင်ငံရေး နိုးကြားတက်ကြွမှု အပြည့် နဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးကို အမျှော် လင့်ကြီး မျှော်လင့်ခဲ့ကြပါတယ်။ အကယ် ၍ ဒီရွေးကောက်ပွဲကြီးမှာသာ အပြောင်း အလဲတစ်ခုမဖြစ်ခဲ့ရင် နောင်နှစ်ပေါင်း များစွာ ဒီလိုအခွင့်အရေးမျိုး ပြန်လည် ရရှိဖို့ မလွယ်တော့ဘူး ဆိုတာလည်း သဘောပေါက်နေ ကြပါတယ်။ ထို့အတူ သူတို့ လက်ထဲက မဲပြားတွေနဲ့ သူတို့ လိုချင်တဲ့ စနစ်တစ်ခုကို ဖန်တီးနိုင်လိမ့် မယ်၊ သူတို့လိုချင်တဲ့အစိုးရ တစ်ရပ်ကို ရွေးကောက် တင်မြှောက်နိုင်လိမ့်မယ်လို့ ယတိပြတ် ယုံကြည်နေကြပါတယ်။ ဒါကြောင့် မဲပေးပိုင်ခွင့် ရှိသူအများစုဟာ အကြိမ်ကြိမ် မှားယွင်းခဲ့တဲ့ မဲစာရင်းကို စိတ်ရှည်လက်ရှည် ပြန်လည် ပြင်ဆင် လျှောက်ထားပြီး မဲပေးခွင့်ရအောင် ကြိုး စားခဲ့ပါတယ်။ ဒါကလည်း စင်္ကာပူရောက် မြန်မာတွေ ကြိုတင်မဲ ပေးခွင့်ရဖို့ လမ်း ဘေး ပလက်ဖောင်းမှာ အပင်ပန်းခံပြီး တန်းစီ အိပ်စောင့်ခဲ့ကြတဲ့ အကျိုးကျေးဇူး ကြောင့် ပြည်တွင်းက မြန်မာတွေ မဲတစ် ပြားကို ပိုတန်ဖိုးထားတတ်လာကြတာ ဖြစ်ပါ လိမ့်မယ်။ ဒီသတင်းကို မြန်မာ တစ်နိုင်ငံလုံး သိအောင် ဖော်ပြပေးခဲ့ကြ တဲ့ မီဒီယာသမားတွေရဲ့ ကျေးဇူးလည်း မကင်းဘူးလို့ ဆိုရမှာပေါ့။ ဒါ တွေအပြင် အရပ်ဖက် လူ့အဖွဲ့အစည်း တွေကလည်း မဲစာရင်း သွားကြည့်ကြဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြသလို ၈ ရက်မှာ မဲသွား ပေးတဲ့အခါ ပယ်မဲ မဖြစ်အောင် တံဆိပ် ထုနည်းကို ရပ်ကွက်ထဲအထိ ဆင်းပြီး လက်တွေ့ ပြသပေးခဲ့ကြပါတယ်။
kyaw_hein_soe_nge
အခုလို မီဒီယာသမားတွေ၊ အရပ် ဖက် လူ့အဖွဲ့အစည်းတွေ ဒီလောက် လှုံ့ဆော်နေ ကြတာတောင် မဲပေးခွင့် မရသူ အမြောက်အမြား ရှိခဲ့ ကြပါတယ်။တကယ်တော့ အသက်၁၈နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း၊ ရွေးကောက် တင်မြှောက် ခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်စုံတရာ ငြိစွန်း မှုမရှိ သူတိုင်းဟာ မဖြစ်မနေ မဲ ပေးခွင့် ရကိုရရမှာပါ။ အကယ်၍ အချက် အလက် တွေ ပြည့်စုံလျက်နဲ့ မဲပေးခွင့် မရခဲ့ရင် ဒါဟာ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ရဲ့ တာဝန်ပါ။ ဆော့ဖ်ဝဲတွေ အမှားကြောင့်၊ ပါတီကြီး တစ်ခုကြောင့်၊ မီဒီယာ သမားတွေကြောင့် လို့ ဘယ်လို အကြောင်း ပြပါစေ ဒါဟာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးနေ သလိုပါပဲ။

DဠB ရုပ်သံက တိုက်ရိုက်ထုတ် လွှင့်ပြသတဲ့ အင်တာဗျူးတစ်ခုမှာ အမျိုး သမီးကြီးတစ်ဦး မဲပေးခွင့် မရလို့ ရှိုက်ကြီးတငင်ငိုကြွေးနေတာ ကြည့်လိုက် ရပါတယ်။ ဒီဖြစ်ရပ်အတွက် တာဝန် အရှိဆုံး ဖြစ်တဲ့ ရွေး၊ ကော် ဥက္ကဌကြီး ဦးတင်အေးတော့ ဘယ်လို ခံစားရမလဲ မသိဘူး။ ဒီပြကွက်ကို ကြည့်လိုက်ရသူ တိုင်း စိတ်မကောင်းဖြစ်ရတာ အမှန် ပါပဲ။ ထို့အတူ ဝမ်းနည်းပက်လက် ငို ကြွေးနေတဲ့ အမျိုးသမီးကြီးရဲ့ ပုံရိပ်ဟာ လူတိုင်းရဲ့ နှလုံးသားထဲမှာ သံမှိုနှက် ထားသလို နောင်နှစ်ပေါင်း များစွာ စွဲထင် ကျန်ရစ်ခဲ့မှာ သေချာပါတယ်။

ဒီလိုနဲ့မနက်ခြောက်နာရီခွဲ လောက် မှာ ကျွန်တော် မဲပေးခွင့် ရခဲ့ တယ်။ မဲရုံထဲ ရောက်တော့ ၁၉၉၀ ရွေးကောက် ပွဲမှာ တစ်ကြိမ်မဲပေးဖူးတဲ့ ကျွန်တော် တောင် စိတ်တွေ လှုပ်ရှားခဲ့ရတယ်။ ဒါပေမဲ့ လှုပ်ရှားနေတဲ့ စိတ်ကို တည်ငြိမ် အောင် ထိန်းချုပ်ပြီး စနိုက်ပါသမား တစ်ယောက်ရဲ့ တိကျသေချာမှုမျိုးနဲ့ ကြူနပန တည့်တည့်ကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပါတယ်။ ပထမမဲပြားက ငါတို့ မြို့အတွက်၊ ဒုတိယမဲပြားက ငါတို့ တိုင်းဒေသကြီးအတွက်၊ နောက်ဆုံး မဲပြားက ငါတို့ နိုင်ငံ အနာဂတ်အတွက်။

ဆန္ဒမဲပေးပြီး အချိန်မှာ ငါဟာ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေ ပွန်ခဲ့ပြီဆိုတဲ့ ခံစားချက်နဲ့ လူတစ်ကိုယ် လုံး တိမ်စိုင်ထဲ လွင့်မျောနေသလို လွတ် လပ်ပေါ့ပါး သွားပါတော့တယ်။ ဆက် လက်ပြီး တခြားရပ်ကွက်က မဲရုံတွေမှာ ဘယ်လို အခြေအနေရှိသလဲ သိချင်လို့ ဆိုင်ကယ်တစ်စီးနဲ့ လှည့်ပတ် ကြည့်ရှုခဲ့ ပါတယ်။ မဲရုံတိုင်းမှာ လူတွေ မဲပေးခွင့် ရဖို့တန်းစီစောင့်ဆိုင်းနေကြတာ တွေ့ရ ပါတယ်။ ဒီနေ့မှာ မြို့ရဲ့ လမ်းမတွေပေါ် လူအသွားအလာ မရှိသလောက် ကင်း ရှင်းနေတာ တွေ့ရပါတယ်။

ဒီလိုနဲ့ ညနေ ၄နာရီ မဲရုံ ပိတ်ချိန် ရောက်တော့ ရပ်ကွက်မဲရုံရှေ့ ကျွန်တော် ရောက်ရှိသွားပါတယ်။ မဲရေတွက်နေ တာကို ကြည့်ရင်း အောင်မြင်မှု အရသာ ကို တစိမ့်စိမ့် ခံစားချင်လို့ပါ။ မဲရုံရှေ့ ရောက်ရှိနေသူ အားလုံးဟာ NLD ပါတီ ပြတ်ပြတ် သားသား အနိုင် ရရှိလိမ့်မယ် ဆိုတာ ကြိုသိနှင့် ပြီးသားပါ။ ဘာကြောင့် လဲဆိုတော့ ရွေးကောက်ပွဲ အကြို မဲဆွယ် ကာလမှာကတည်းက အဖြေထွက်ပြီး သား မဟုတ်လား။ ပြည်ခိုင်ဖြိုးပါတီဟာ သူတို့ အာဏာရခဲတဲ့ ငါးနှစ်တာကာလ မှာ ပြည်သူလူထု သာဓုခေါ်လောက်တဲ့ လုပ်ဆောင်ချက်ဆိုလို့ ဘာတစ်ခုမှ မည် မည်ရရ မရှိခဲ့သလို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတိုင်းဟာ လူထုဆန္ဒနဲ့ ဆန့်ကျင်ဘက် တွေချည်းပဲ မဟုတ်လား။ သာဓကအားဖြင့် ပုဒ်မ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်ခဲ့ခြင်း၊ လက် ပံတောင်းမှာ ဆန္ဒပြသံဃာတော်တွေကို မီးလောင်ဗုံးတွေနဲ့ ပစ်ခတ် ဖြိုခွင်းခဲ့ခြင်း၊ လက်ပံတန်းမှာ ဆန္ဒပြတက္ကသိုလ် ကျောင်းသားလေးတွေကို ငြိုးသူ ရန် ဘက်တွေပမာ အကြမ်းဖက် ချေမှုန်း ခဲ့ခြင်း၊ တက်ကြွ လှုပ်ရှားတဲ့ နိုင်ငံရေး သမားတွေကို ပုဒ်မ အမျိုးမျိုး တပ်ပြီး ထောင်သွင်းအကျဉ်းချခဲ့ခြင်း၊ လက်ပတ်နီ စွမ်းအားရှင်တွေကို မြို့တော် ခန်းမရှေ့မှာ စိတ်ထင်တိုင်း ရမ်းကားခွင့်ပေးခဲ့ခြင်း အပြင်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ နိုင် တက်စီးနင်း ပြောဆိုမှုတွေဟာ အတိုက် အခံNLDပါတီအတွက် မဲဆွယ်ပေး နေသလိုပါပဲ။ ငါးနှစ်တိုင်တိုင် ပြည်သူ့ ဆန္ဒကိုလစ်လျူရှုခဲ့ပြီး ရွေးကောက်ပွဲနီးမှ မစို့မပို့ မက်လုံးပေးပြီး မဲဆွယ်ခြင်းဟာ ရေပေါ် အရုပ်ရေးနေသလိုပါပဲ။ တစ်နှစ် လုံး စာမကျက်ဘဲ အပျော်အပါး လိုက်စား ခဲ့တဲ့ ကျောင်းသားစာမေးပွဲနီးမှ အောင်ချင် လို့ မဖြစ်နိုင်သလိုပေါ့။
ဒီအကြောင်းတရားတွေအပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ” လူကိုမကြည့်ဘဲ ပါတီကို ကြည့်ပြီး မဲပေးကြပါ” ၊ ” အစိုးရ ဖွဲ့နိုင် တဲ့ ပါတီကို မဲပေးကြပါ၊ တစ်သီးပုဂ္ဂလ ဟာအစိုးရ မဖွဲ့နိုင်ပါဘူး” လို့ မဲဆွယ် မိန့်ခွန်းမှာပြောကြားခဲ့လေတော့ တစ် နိုင်ငံလုံးရဲ့ ဆန္ဒမဲတွေဟာ NLD ပါတီ ဆီ အတားအဆီးမရှိ ရောက်ရှိလာပါတော့ တယ်။

ဒီလိုနဲ့ မဲစတင်ရေတွက်တော့ အား လုံးမျှော်မှန်းထားတဲ့ ရလဒ်ပဲ ထွက်ပေါ် လာပါတယ်။ မဲရုံမှူးက မဲစာရင်း စာရွက် ပေါ်က ထောက်ခံမဲရရှိတဲ့ ကိုယ်စားလှယ်
အမည်ကို အားလုံးကြားအောင် အော်ပြောလိုက်တိုင်း ကျွန်တော်တို့က လက်ခုပ်တီးပြီး ဝိုင်းဝန်းဂုဏ်ပြုပေးခဲ့ကြပါတယ်။ ဒီနေ့က မဲရုံရှေ့မှာ ကျွန်တော်တို့အားလုံး အမူအရာနဲ့ ပျော်ရွှင်ခဲ့ကြသလို မဲရေတွက် ပေးနေတဲ့ ဆရာမလေးတွေရဲ့ မျက်လုံးထဲမှာ အပျော်ရိပ်လေးတွေ သမ်းပြီး နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးရိပ်လေးတွေ တွဲလဲခိုနေကြတာ တွေ့ရပါတယ်။ ဒီလိုနဲ့ အပြီးသတ် မဲရေတွက်ပြီးတဲ့အချိန် ည၁၁နာရီ ခွဲမှာ ကျွန်တော် အိမ်ပြန်ခဲ့ပါတယ်။ လက်ရှိ အချိန်ထိ မီဒီယာပေါင်းစုံမှာ ဖော်ပြ နေကြတဲ့သတင်းတွေအရ NLD ပါတီဟာ မဲဆန္ဒနယ်တိုင်းမှာ အပြတ်အသတ် အောင်ပွဲခံနေကြောင်း သိရပါတယ်။
အိမ်ရောက်ရောက်ချင်း ဒိုင်ယာရီ စာအုပ်ဖွင့်ပြီး အခုလို ချရေး လိုက်ပါ တယ်။

” ကျွန်တော်လည်း အနီ
ခင်ဗျားလည်း အနီ
ကျွန်တော်တို့အားလုံး အနီ။
တစ်တိုင်းလုံး အနီ
တစ်ပြည်လုံး အနီ
အနီခေတ်ကြီးထဲမှာ
ကျွန်တော်တို့အားလုံး ရဲရဲနီ” ။
ဒီညက ကျွန်တော် အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ ကျွန်တော် တို့ အားလုံး ဒီမိုကရေစီ အဆောက်အဦကြီးကို အတူတူ အုတ်မြစ်ချ နေကြပါတယ်။
ဘာပဲပြောပြော နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲ။