အင်ဒိုတွင် ၇ လကြာ ထိန်းသိမ်း ထားခံရသည့် မြိတ်ရေလုပ်သားများ နေရပ်ပြန်ရောက်

0
521

ရေပိုင်နက်ကျူးလွန်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် ၇ လအကြာ ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် မြိတ်မြို့နေ ရေလုပ်သားများသည် နိုဝင်ဘာလ ၁၃ ရက်တွင် နေရပ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ယင်းရေလုပ်သားများနှင့် မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ သိရသည်။


အဆိုပါ ငါးဖမ်းရေလုပ်သားများသည် ထိုင်းနိုင်ငံပိုင် ဝါးတန်း (ငါးမဲလုံးပိုက်)လှေတွင် လုပ်ကိုင်နေသူများဖြစ်ကြကာ ဖမ်းဆီးမိချိန်တွင် မြန်မာရေလုပ်သား ၄၂ ဦးပါရှိကြောင်း ရေလုပ်သားအချို့က ဆိုသည်။
အဆိုပါရေလုပ်သားများသည် နိုဝင်ဘာလ ၁၂ရက်က အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ပြန်လည်ရောက်ရှိလာသည့် ရေလုပ်သားများအနက်  မြိတ်မြို့မှ ရေလုပ်သား ၅ဦးနှင့် ပုလောမြို့မှ ၃ ဦး၊ ကျွန်းစုမြို့နယ်မှ ၁ ဦး၊ ကော့သောင်းမြို့မှ ၈ ဦးနှင့် ဘုတ်ပြင်းမြို့မှ ၁ ဦး စုစုပေါင်း ၁၈ ဦးရှိကြောင်း မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ သိရသည်။