တနင်္သာရီမြစ်အတွင်း သင်္ဘောဖြင့် ခဲနှင့် ရွှေတူးဖော်လာ

0
523

တနင်္သာရီမြို့နယ်၊ မောထာ ကျေးရွာရှိ တနင်္သာရီမြစ်မကြီးအတွင်း သင်္ဘောများဖြင့် ခဲနှင့် ရွှေတူးယူခြင်း လုပ်ငန်းကို အောက်တိုဘာလ အစောပိုင်း မှစတင်၍ လုပ်ကိုင်လျှက်ရှိကြောင်းခိုင်မြဲသစ္စာ သဘာဝပတ်ဝန်းကျင်ရေရှည် တည်တံခိုင်မြဲရေးနှင့် ဖွံဖြိုးတိုးတက်ရေး အဖွဲ့ထံမှ သိရသည်။


ယင်း ခဲသင်္ဘောများမှာ အယူချောင်း ၀၌ တစ်စီး၊ မောထာကျေးရွာအောက် ဖက်၌ နှစ်စီးစုစုပေါင်း ၃ စီးက အောက် တိုဘာလ အစောပိုင်းမှ ခဲနှင့်ရွှေတူးဖော် ခြင်းကို လုပ်ကိုင်လျက်ရှိပြီး နိုဝင်ဘာလ အစောပိုင်းတွင် တစ်စီးထပ်မံလုပ်ကိုင်လာခဲ့ကြောင်း ယင်းအဖွဲ့မှ အကြံပေးတစ် ဦးဖြစ်သူ နော်ကဖော်လေးလက်က ပြော ဆိုသည်။
မောထာကျေးရွာရှိ တနင်္သာရီမြစ် ရေမှာ ယခင်က ကြည်လင်လျှက်ရှိသော် လည်း ရွှေနှင့်ခဲ တူးပြီးနောက်ပိုင်းမြစ် ရေများ နှောက်ကျိလာခြင်း၊ ရေတိမ် လာခြင်း၊ ကမ်းပါးများလည်း ပြိုကျလာ ခဲ့ခြင်းများ ဖြစ်ပေါ်လာခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
” နောက်ထပ် ၆ စီးရောက်လာဦးမယ်။ KNU ဆီက သတင်းရထားတယ်” ဟု နော်ကဖော်လေးလက်က ဆိုသည်။
အဆိုပါ ခဲသင်္ဘောဖြင့်ခဲနှင့် ရွှေတူး ယူခြင်းလုပ်ငန်းကို သတ္တုတွင်းဝန်ကြီး ဌာန၌ လာရောက်လျှောက်ထားခြင်း မရှိ သလို လုပ်ကိုင်ခွင့်ပါမစ်လည်း ချထား ပေးခြင်းမရှိဘဲ ယင်းကျေးရွာတွင် ခဲ သင်္ဘောဖြင့် လုပ်ကိုင်လျက်ရှိသည်ကိုသတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် မသိရှိ ကြောင်း အောက်တိုဘာ၁၀ရက်နေ့က အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံ အချိန်တွင် ယင်းဌာနမှအဆင့်မြှင့်အရာရှိ တစ်ဦးကပြောဆိုခဲ့ကြောင်း နော်ပီ သလောက ပြောဆိုသည်။
“လူတွေ ရွှေးကောက်ပွဲကာလမှာ ရွှေးကောက်ပွဲအတွက် အာရုံစိုက်နေတဲ့အချိန်မှာဝင်လုပ်နေတော့ နိုင်ငံအတွက် ထိခိုက်တယ်”  ဟု တာကပေါလူငယ်အဖွဲ့ မှအကြံပေးတစ်ဦးဖြစ်သူ နော်ပီသလော က မှတ်ချက်ပြုပြောဆိုသည်။
ခိုင်မြဲသစ္စာ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံခိုင်မြဲရေးနှင့် ဖွံဖြိုးတိုး တက်ရေးအဖွဲ့သည် တနင်္သာရီမြစ်အား စောင့်ကြည့်ရေးနှင့် ထိန်း သိမ်းရေးလုပ် ငန်းများကို လုပ်ဆာင်လျှက်ရှိပြီး တနင်္သာ ရီ မြစ်တလျှောက်ရှိ ကျေးရွာ၁၃ရွာမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်ဟု သိရသည်။
ထားဝယ်-ကန်ချနပူရီလမ်းမကြီးနဘေးတနင်္သာရီမြစ်တလျှောက်တွင် တနိုင်တပိုင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ ကို ကချင်ပြည်နယ်ဖက်မှ ရွှေ့ပြောင်းလုပ် သားများက ပြီးခဲ့သည့်နှစ်ပိုင်းက လုပ် ကိုင်လာခဲ့သည်ဟု ဒေသခံများထံမှ သိရ သည်။