မြို့နယ်ရဲမှူး အမည်သုံး၍ ဖုန်းဘေလ် လိမ်ဖြည့်ခိုင်းမှု ထားဝယ်ဒေသသို့ ပျံနှံ့လာ

0
455

မြို့နယ်ရဲမှူးအမည်သုံးကာ ရပ် ^ကျေး အုပ်ချုပ်ရေးမှူးများကို ဖုန်းဘေလ် လိမ်လည်ဖြည့်ခိုင်းမှုသည် မြိတ်ဒေသမှ ထားဝယ်ဒေသသို့ ပျံ့နှံ့လာပြီ ဖြစ်သည်။


ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က ရေဖြူမြို့နယ်ရဲမှူးဟုဆိုကာ ဖုန်းဆက်၍ ဖုန်းဘေလ်ဖြည့်ပေးရန် ပြောခဲ့သည့်အတွက် ဖုန်းငွေ ၂ သိန်း ကျော် ဖြည့်ပေးခဲ့ရပြီး နောက်မှ မြို့နယ် ရဲမှူးမဟုတ်သည်ကို သိခဲ့ရသည်ဟု ရေဖြူမြို့၊ (က) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရှိန်ဝင်းက ပြောသည်။
” ဖုန်းလာတာက မနက် ၈ နာရီခွဲ လောက်ရှိပြီ။ ရဲမှူးသက်လွင်ဆိုပြီး ဖုန်း ကတ် အကူအညီတောင်းမလို့ဆိုပြီး ပြော တယ်။ ခရိုင်ရဲမှူးရောက်နေလို့ ဆိုပြီး ပြောတယ်။ တပ်ဖွဲ့ဝင်တွေကို ဖုန်းကတ် ဝေပေးချင်လို့ ငွေဖြည့်ပေးဖို့ ပြောတော့ ဖုန်းကတ် ရောင်းတဲ့တူမကို ပြောပြီး ကျွန်တော်က အပြင်သွားစရာရှိလို့ ထွက် လာခဲ့တယ်။ နေ့လည် ၁၁ နာရီခွဲ လောက် ပြန်ရောက်တော့ ၂သိန်းကျော် ပို့ပေးပြီး နေပြီ” ဟု ဦးဝင်းရှိန်က ဆိုသည်။

၎င်းနောက် အနီးအနားတွင်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ မြို့နယ် ရဲမှူးအသစ် ရဲမှူးသက်လွင်ထံသို့ ဖုန်း ဆက်ရာ ၎င်းမှ အကူအညီ တောင်းခံခြင်း မရှိကြောင်း သိရှိခဲ့ရပြီး လူကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့ရာ ရဲမှူးက ၎င်း မဟုတ်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးဝင်းရှိန် က ဆိုသည်။
ရဲမှူးနှင့် တွေ့ဆုံပြီး နေအိမ်သို့ ပြန် လာသည့်အခါ ဖုန်းလိမ်ဆက်သည့် ဖုန်း နံပါတ်မှ ဖုန်းဘေလ်နှစ်သိန်း ထပ်လိုသေး သည်ဟု ပြောသဖြင့် ကိုယ်တိုင်လာပေး မည်ဟု ပြောရာ ဖုန်းချသွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့အတူ ရေဖြူမြို့(ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ ယင်းသို့ ဖုန်း ဆက်၍ ရဲမှူးအမည်ပြောကာ ဖုန်း ဘေလ် ဖြည့်ပေးရန် ပြောဆိုမှု ရှိခဲ့သော်လည်း ဖုန်းဆက်ချိန်တွင် ရဲတပ်ဖွဲ့ဝင်အချို့ ရှိနေပြီး ယင်းရဲတပ်ဖွဲ့ဝင်များက မြို့နယ် ရဲမှူးအသစ်၏ ဖုန်းနံပါတ်ကို သိနေသည့် အတွက် ဖုန်းဘေလ် မဖြည့် ပေးဖြစ်ခဲ့ဟု သိရကြောင်း ဦးဝင်းရှိန်က ပြောသည်။.

ပြီးခဲ့သည့် နှစ်လခန့်ကလည်း မြိတ် မြို့ပေါ်ရပ်ကွက်အချို့တွင် ရပ် ^ ကျေး အုပ်ချုပ်ရေးမှူးများထံ မြိတ်မြို့ နယ်ရဲမှူး အမည်ကိုအသုံးပြု၍ ဖုန်းဘေလ် အကူ အညီတောင်းခံခဲ့ဖူးရာ ငွေဖြည့်ကတ် များကို ကျပ်ခုနှစ်သောင်းမှ ကျပ်တစ်သိန်း ခွဲအထိ ဖြည့်ပေးခဲ့ရသည့် အုပ်ချုပ်ရေးမှူး ၅ ဦးခန့်အထိ ရှိခဲ့ဖူးကြောင်း သိရသည်။