ကော့သောင်းတွင် ဒီပါဝလီပွဲတော်နေ့ အထိမ်းအမှတ်အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ

0
457

ဟိန္ဒူဘာသာဝင်တို့၏ နေ့ထူး နေ့မြတ်ဖြစ်သော ဒီပါဝလီနေ့ အထိမ်း အမှတ် ပွဲတော်ကို ကော့သောင်းမြို့တွင် နိုဝင်ဘာ ၁၃ ရက် ညက ကျင်းပခဲ့သည်။
ယင်းပွဲတော်ကို အောင်သုခ ရပ်ကွက် ရှိ ဆရီကစ္စနား ဘုရားကျောင်းဝင်း အတွင်း ပြုလုပ်ခဲ့ပြီး ယခုလို အခမ်းအနား ဖြင့် ကျင်းပခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

dparwarli_day
” ဟိန္ဒူရိုးရာ ယဉ်ကျေးမှုနဲ့ အစဉ် အလာကို ထိန်းသိမ်းဖို့၊ ဟိန္ဒူဘာသာ အဓွန့်ရှည်စေဖို့ ရည်ရွယ်ပြီး နှစ်စဉ် နှစ်တိုင်းလဲ အခုလို ကျင်းပနိုင်ဖို့ ရည် ရွယ်ပြီး ပထမဆုံးအကြိမ် စတင်ကျင်း ပတာပါ” ဟု ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့ နာယက ဦးစိုးမြင့်က ပြောသည်။

ဒီပါဝလီနေ့ အထိမ်းအမှတ်အဖြစ် သက်ကြီးရွယ်အို ဟိန္ဒူဘိုးဘွား ၄၁ ဦး အား ဟိန္ဒူမိသားစုများက ကန်တော့ပြီး လက်ဆောင်ပေးခြင်း၊ တက္ကသိုလ်ဝင် တန်း စာမေးပွဲအောင်မြင်ခဲ့သော ဟိန္ဒူ ဘာသာဝင် ၂ ဦးအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ ကြောင်း ၎င်းက ပြောသည်။
ပွဲတော်ညတွင် ဟိန္ဒူရိုးရာ ဆီမီး ခွက်အက၊ တုတ်ရိုက်အက၊ ဟိန္ဒူ သမီး ပျိုများရဲ့ ရိုးရာအကများဖြင့် ကပြဖျော် ဖြေခဲ့ကြသည်။
ကော့သောင်းမြို့တွင် ဟိန္ဒူဘာသာ ဝင် စုစုပေါင်း ၃၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။