မခုတ်ရန် တားမြစ်ထားသည့် ထန်းပင်အချို့ကို ထားဝယ်အများပိုင် ကုမ္ပဏီ ခုတ်လှဲ

0
492
ခုတ်လှဲထားသည့် ထန်းပင်ငုတ်အား မြက်ခြောက်များဖြင့် ဖုံးထားပြီး ထန်းပင် ပင်စည်ကို အထပ်သားများဖြင့် ဖုံးထားစဉ်

ထားဝယ်မြို့၊ ကမြောကင်းတံတား အနီးရှိ မြို့အဝင် ထန်းပင်တန်းကို စည်ပင်သာယာမှ မခုတ်ရန် တားမြစ် ထားသော်လည်း ထားဝယ်အများပိုင် ကုမ္ပဏီက နှစ်ပင်ခုတ်လှဲခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ယင်းထန်းပင်တန်းသည် မြို့ကျက် သရေဆောင် ထန်းပင်တန်းဖြစ်သော ကြောင့် မည်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်း ကိုမှ ခုတ်လှဲ ခွင့်ပြုမည်မဟုတ်ကြောင်း စည်ပင်သာယာရေးအဖွဲ့က ပြီးခဲ့သည့် လက သတင်းမီဒီယာများအား ပြောဆို ခဲ့ဖူးသော်လည်း ရွေးကောက်ပွဲ ပြုလုပ် သည့် ရက်ပိုင်းအတွင်း ထားဝယ် အများပိုင်က ခုတ်လှဲခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

” အဲဒီကိစ္စကို နောက်ဆုံးအကြိမ် အနေနဲ့ ကုမ္ပဏီကိုခေါ်ပြီး သတိပေး လက်မှတ်ရေး ထိုးခိုင်းမယ်။ နောက် နောင် စည်ပင်ရဲ့ ခွင့်ပြုချက်မရှိဘဲ မိမိ သဘောနဲ့ မိမိ ခုတ်ထွင်ရှင်းလင်းမယ် ဆိုရင် စည်ပင် သာယာရေးဥပဒေအရ တရားစွဲမယ်” ဟု အထက်ပါ တာဝန်ရှိ သူက ဆိုသည်။
ထားဝယ်မြို့နယ်စည် ပင်သာယာရေး ကော်မတီက နိုဝင်ဘာလ ၁၁ ရက်တွင် ထန်းပင်များကို သွားရောက် စစ်ဆေး ခဲ့ရာ ဗစနထ ဓာတ်ဆီဆိုင်အထွက်တွင် တစ်ပင်နှင့် ဆိပ်ကမ်းသာလမ်းနှင့် မျက် နှာချင်း ဆိုင်လမ်းတွင် တစ်ပင်ခုတ်လှဲ ထားသည် ကိုတွေ့ရှိခဲ့ရပြီး ကုမ္ပဏီဘက် က ခွင့်ပြုချက်မတောင်းဘဲ ခုတ်မိခဲ့သည့် အတွက် တောင်းပန်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ခုတ်လှဲထားသည့် ထန်းပင်ငုတ်အား မြက်ခြောက်များဖြင့် ဖုံးထားပြီး ထန်းပင် ပင်စည်ကို အထပ်သားများဖြင့် ဖုံးထားစဉ်
ခုတ်လှဲထားသည့် ထန်းပင်ငုတ်အား မြက်ခြောက်များဖြင့် ဖုံးထားပြီး ထန်းပင် ပင်စည်ကို အထပ်သားများဖြင့် ဖုံးထားစဉ်

သို့သော် နိုဝင်ဘာလ ၁၁ ရက် ည ၁၂ နာရီခွဲတွင် ယင်းထန်းပင် တန်း အတွင်း ထန်းပင်ထပ်မံခုတ်လှဲ နေသည် ဟု ယူဆရသူတချို့ကို တွေ့မြင်ခဲ့ရ ကြောင်း ထားဝယ်မြို့ခံ မျက်မြင်တစ်ဦး က ဆိုသည်။

” တကယ်က လုံးဝ မလုပ်သင့်ဘူး။ ခံဝန်ကတိနဲ့ မလုံလောက်ဘူး။ လုပ်ပြီး တော့ တောင်းပန်တာက တမင်ကျူး လွန်ပြီးမှ ပြန်တောင်းပန်သလို ဖြစ်နေ တယ်။ မသိတာလည်း မဟုတ်ဘူး။ မလုပ်ရဘူးလို့ လည်းပြောထား ပြီးသား လေ။ ထန်းပင်တွေက သူတို့အတွက် ဘာမှတန်ဖိုးမရှိပေမယ့် မြို့အဝင်မှ အလှထားတဲ့ ထန်းပင်တွေ၊ စည်ပင် ဘက်ကလည်း ထန်းပင်လှဲရင် အရေးယူ မယ်လို့ ပြောထားတာကို အခုလို ခံဝန် ထိုးခိုင်း လိုက်တော့ ဥပဒေကို လေးစား လိုက်နာမှုကို အားနည်းလာ စေတယ်လို့ မြင်တယ်။ ထန်းပင်တစ်ပင် ဒီလောက်ရဖို့ ဆိုရင် နှစ်ပေါင်းများစွာ စောင့်ရတာ” ဟု နှစ်စဉ်မိုးရာသီတွင် သစ်ပင်များစိုက်ပျိုး လေ့ရှိသူ ထားဝယ်လူငယ် မိတ်သဟာရ အဖွဲ့မှ ကိုဘိုဘိုအောင်က ပြောသည်။

ထန်းပင်များကို မည်သူမျှ ထပ်မံ မခုတ်လှဲစေရန်အတွက် ထန်းပင်တိုင်း တွင် ၄ လက်မ ပတ်လည်အရွယ် အစား ရှိသည့် နံပါတ်ပြား များကပ်ကာ ထိန်း သိမ်းသွားရန် စီစဉ်နေကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
ယင်းထန်းပင်တန်းရှိ ထန်းပင်များ ကို ခုတ်လှဲရန် အစီအစဉ်မရှိကြောင်း ထားဝယ်အများပိုင်ကုမ္ပဏီက ပြောဆို ခဲ့ဖူးသော်လည်း လက်ရှိတွင် ယင်းသို့ ခုတ်လှဲမှုများပြုလုပ်လာခြင်း ဖြစ်သည်။
ကမြောကင်းတံတားအနီး ထန်းပင် တန်းတွင် ထန်းပင် ၂၃၃ ပင်ရှိကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။