မြိတ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်း ဖွင့်လှစ်မည်

0
484

မြိတ်မြို့နယ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် အခြေခံသင်တန်းကို နိုဝင်ဘာလ ၁၆ ရက်မှစပြီးGrand Jade Hote တွင် ဖွင့်လှစ် သင်ကြားပေးသွား မည်ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဋ္ဌာန (မြိတ်ရုံးခွဲ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


အဆိုပါ သင်တန်းကို နိုဝင်ဘာ ၁၆ မှ ဒီဇင်ဘာ ၁၁ နေ့အထိ သတ်မှတ် ထားပြီး လူမှုဆက်သွယ်မှု စိတ်ပညာ၊ မြန်မာစာပေနှင့် ယဉ်ကျေးမှု၊ တိုင်းရင်းသားလူမျိုးများအကြောင်း၊ သန္တာကျောက် တန်းများနှင့် သဘာဝခရီးသွားလုပ်ငန်း များ၊ EcoTorurists ၏အကျိုးအမြတ်၊ ဆလုံ လူမျိုးများ အကြောင်း၊ မြိတ်သမိုင်း တို့နှင့် Tourism Law and Regulation တို့ကို သင်ကြားပို့ချသွားမည် ဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဋ္ဌာန(မြိတ်ရုံးခွဲ)မှ သိရသည်။
သင်တန်းကို ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဋ္ဌာန၏ လမ်းညွှန်မှုဖြင့် မြိတ်အခြေစိုက် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများမှ ပံ့ပိုးမှုဖြင့် ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဧည့်လမ်းညွှန် သင်တန်းပြီးဆုံး ပါက စာမေးပွဲ ဖြေဆိုရမည်ဖြစ်ကာ အောင်မြင်သူများကို ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ထုတ်ပေးသွားမည်ဟု သိရသည်။
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ် သည့် ပြီးခဲ့သည့် အောက်တိုဘာလတွင် နိုင်ငံခြားသားခရီးသွား ၃၀ ဦးနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ စာရင်း အရ ၈၄ ဦးရှိနေပြီဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဋ္ဌာန (မြိတ် ရုံးခွဲ)မှ သိရသည်။