ထိုကြောင့် ဤအရာကို Facebook ဟုခေါ်သည်

0
258

ဖေ့စ်ဘွတ်ခေါ် လူမှုကွန်ရက်ကို မသုံးတတ်ခင်တုန်းက အရွယ်သုံးပါး မရွေး စမတ်ဖုန်းလေးတွေ ကိုယ်စီနဲ့ ဖေ့စ်ဘွတ် ရေလျဉ်ကြောမှာ မျှောပါ နေကြတာ ဘယ်လိုမှ နားမလည် နိုင်ခဲ့ ဘူး။ သူသူငါငါ အားအားရှိတိုင်း စမတ် ဖုန်း ဖန်သားပြင်လေးကို ပွတ်သပ်ပြီး ပြုံးလိုက်၊ရယ်လိုက်၊ဒေါသထွက် လိုက်နဲ့ တဒင်္ဂအတွင်း စိတ်ခံစားချက် အမျိုးမျိုး အဖုံဖုံ ပြောင်းလဲနေတာ ကြည့်ပြီး ဒီလူ တွေ ရူးများရူးနေကြသလား လို့တောင် တွေးမိသေးတယ်။ ဒါပေမဲ့ ကိုယ်တိုင် ဖေ့စ်ဘွတ်ကို သုံးတတ်လာတော့မှ သူရို့ ကို ကိုယ်ချင်းစာ တတ်ခဲ့တယ်။

ဪ……လက်စသတ်တော့ ဖေ့စ် ဘွတ်ဆိုတာ ဂလိုကိုး။

၁၉၈၉ ခုနှစ်မှာ ဗြိတိသျှလူမျိုး ကွန်ပျူတာပညာရှင် တင်(မ)ဘားနတ် လီက “World Wide Web“ ဆိုတဲ့ ကမ္ဘာ့ပင့်ကူအိမ်ကြီးကို တီထွင်ခဲ့ ပါ တယ်။ ဒီအချိန်ထိ ရွှေမြန်မာ အတော် များများဟာ ကွန်ပျူတာဆိုတာကို ကြားသာကြားဖူးပြီး ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် သုံးစွဲဖူးသူ မရှိသလောက် ရှားပါတယ်။ ၁၉၉၈ခုနှစ် ရောက်တဲ့အခါ လာရီပေ့ခ်ျနဲ့ ဆာဂျီဘရင်းတို့ နှစ်ဦးက “Google Search Engine ” ကို တီထွင် ထုတ်လွှင့်ခဲ့ကြပါတယ်။ ဆက်လက်ပြီး ၂၀၀၄ခုနှစ်၊ ဖေဖော်ဝါရီလမှာ မာ့ခ် ဇူကာဘတ်နဲ့ သူငယ်ချင်း တစ်စုတို့က က Facebook ဆိုတဲ့ လူမှုကွန်ရက် ကြီးကို တီထွင်ထုတ်လွှင့် လိုက်တဲ့အခါ တစ်ကမ္ဘာလုံး ဖေ့စ်ဘွတ် ဆွဲဆောင်ရာ နောက် ကောက်ကောက်ပါအောင် လိုက် ပါ ကုန်ကြပါတယ်။
is_called_facebook
စတင် ထုတ်လွှင့်ပြီး ၄နှစ် အကြာ မှာ ကမ္ဘာတစ်ဝန်းဖေ့စ်ဘွတ် သုံးစွဲသူ သန်း ၁၀၀ကျော် ရှိခဲ့ပြီး လက်ရှိအချိန်မှာ သန်း ၈၀၀ကျော် အထိ ရှိလာပါတယ်။ကျွန်တော်တို့ ဆီမှာတောင် ဒီယဉ်ကျေးမှု ထွန်းကားခဲ့တာ ဘာမှ မကြာသေးပေမယ့် အခုဆို ခိုင်ခိုင်မာမာ အမြစ်တွယ်ခဲ့ပါပြီ။ စမတ်ဖုန်း သုံးစွဲသူ ၅ဦးမှာ ၄ဦး လောက် ဟာ ဖေ့စ်ဘွတ် သုံးစွဲသူတွေ ဖြစ်နေကြ ပါတယ်။ ဒါကြောင့် တစ်ချိန်က စာရွက် ကို ပယ်ပယ်နှယ်နှယ် လှန်လှော ဖတ်ရှုခဲ့ ကြတဲ့လက်ညှိုးတွေဟာ အခုဆို စမတ် ဖုန်း ဖန်သားပြင်ပေါ် ပြောင်းရွှေ့ကျက် စားလာကြသလို စိတ်ပုတီး ကိုင်တဲ့လက်၊ ပုခက်လွှဲတဲ့ လက်၊ ဆေးထိုးအပ်ကိုင် တဲ့လက်၊ ကလောင်ကိုင်တဲ့လက်၊ စုတ်တံ ကိုင်တဲ့ လက်၊ တူကိုင်တဲ့လက် တွေဟာ လည်း စမတ်ဖုန်း ဖန်သားပြင်နဲ့ မခွဲနိုင် မခွာရက် ဖြစ်လာကြပါတော့တယ်။
အခုလို တစ်ကမ္ဘာလုံး ဖေ့စ်ဘွတ် ဆွဲဆောင်ရာနောက် ဘာကြောင့် ကောက်ကောက်ပါအောင် လိုက်ပါ ကုန်ကြသလဲဆိုတာ စူးစမ်းကြည့် လိုက်တော့ အဓိကအချက် တစ်ချက်ကို သွားတွေ့ရတယ်။ ဒီအချက်ကတော့ ဖေ့စ်ဘွတ်မှာ လူတွေအကြိုက် လူ့စရိုက် လူ့သဘောသဘာဝ တွေကို ထည့်သွင်း ပေးထားလို့ပါပဲ။ ဖေ့စ်ဘွတ်သုံးသူတွေ တစ်ယောက်နဲ့ တစ်ယောက် Friend Request အတွေ ပေးပို့ခြင်းဟာ ပြင်ပမှာ တစ်ဦးနဲ့တစ်ဦး မိတ်ဖွဲ့ခြင်း ပါပဲ။ ဒီလို Friend Request ပေးပို့ လိုက်တဲ့အခါ တချို့ကချက်ချင်း လက်ခံသလို တချို့ က အသေအချာ စိစစ်ပြီးမှ လက်ခံလေ့ ရှိပါတယ်။

ဘာကြောင့် အသေအချာ စိစစ်ပြီးမှ လက်ခံကြသလဲဆိုတော့ ပေါက်တတ်ကရ ပြောဆို ရေးသားတတ် သူတွေနဲ့ မိတ်ဆွေ မဖြစ်ချင်လို့ ၊င်္မငနညိ အယောက် ၅၀၀၀ သာ လက်ခံခွင့်ရှိလို့ ဖြစ်ပါသတဲ့။ အဲ….တချို့ကတော့ Fမငနညိ များတာကို လူပေါင်းဆန့် တယ်လို့ ဂုဏ်ယူတော့ ကိုယ့်ကိုလာ ဗိ သမျှ တစ်ယောက်မကျန် လက်ခံ တတ်ကြတယ်။ Friend အယောက် ၅၀၀၀ ပြည့်နေတဲ့ သူငယ်ချင်းတစ်ဦး အဆိုအရ သူ့ဖခင်ကြီး ကွယ်လွန်တုန်း က သူ့ F.B Friend အယောက် ၅၀၀၀ အနက် အယောက် ၅၀ လောက်သာ အသုဘရှု လာကြသတဲ့။ ဒါပေမဲ့ ဖခင် ကြီးရဲ့ နာရေးကို ဖေ့စ်ဘွတ်မှာ တင် လိုက်တော့ Like အများကြီးရသတဲ့။ အံ့ဖွယ်ပါတကား။ ဒါတွေအပြင် မိမိ Friend ထဲက တစ်ဦးဦးကို သဘော မကျရင် Unfriend လုပ်နိုင်သလို Block လိုက်လို့လည်း ရပါတယ်။ ကျွန်တော်တို့ ပြင်ပလောကမှာတော့ အပေါင်းအသင်းမလုပ်ဘဲ ခပ်ကင်းကင်း နေလိုက်တဲ့ သဘောပါပဲ။

နောက်တစ်ခုက Share ပါ။ အ ကယ်၍ တစ်ယောက်ယောက် က တင်လိုက်တဲ့ ပို့စ်တစ်ခုခုကို ကိုယ်က နှစ်သက်ပြီး ကိုယ့်မိတ်ဆွေ အပေါင်း အသင်းတွေကို ထပ်ဆင့်ဝေမျှချင်ရင် Share လုပ်ရပါတယ်။ တကယ်တော့ Share လုပ်တယ်ဆိုတာ အမျှဝေတာနဲ့ အတူတူပါပဲ။ အကယ်၍ ကိုယ် Share လုပ်လိုက်တဲ့ ပို့စ်ကို ကိုယ့် Friend တွေက Like ပေးတာဟာ သာဓုခေါ် တာနဲ့ အလားသဏ္ဌာန် တူပါတယ်။ Like ကို နှစ်သက်ခြင်းလို့ ဘာသာ ပြန်ဆို နိုင်သလို သာဓုဆိုတာ ကောင်း လေစွလို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်တယ် မဟုတ်ပါလား။ ဒါကြောင့် တချို့ဆို ကိုယ်တင်လိုက်တဲ့ ပို့စ်မှာ Lငုန ဘယ် လောက်၊ှ့မေန ဘယ်လောက်ရပြီ ဆိုတာ ဂုဏ်ယူကြသလို အချင်းချင်း လည်း ပြိုင်ဆိုင်ကြသတဲ့။ ဒါကလည်း လူတွေရဲ့ ကြီးမြတ်မှုလိုအင် တစ်ခုလို့ ပြောရမှာပါ။ နောက်ဆို Like အပြင် Dislike ကိုပါ ထည့်သွင်းပေးမယ်လို့ ဇူကာဘတ်က ဆိုပါတယ်။ ပို့စ်တစ်ခုခု ကို သဘောကျရင် Like၊ သဘော မကျရင် Dislike ပေးချင်ပေးပေါ့။ အကယ်၍ Dislike ကိုပါ ထည့်သွင်း ခဲ့ရင်တော့ ဖေ့စ်ဘွတ်ဟာ ပိုပြီး လှုပ်ရှား သက်ဝင်လာမှာဖြစ်သလို လူမှုကွန်ရက် မှာ အမုန်းတရားတွေ ပွားများကြမှာ မြင်ယောင်မိပါတယ်။

ဆက်လက်ပြီး ဖေ့စ်ဘွတ်ကို လူတွေစွဲငြိစေတဲ့ အချက်တစ်ချက် ရှိပါ သေးတယ်။ ဒါကတော့ ဃသာနညအ ပါပဲ။ ကိုယ်တင်လိုက်တဲ့ ပို့စ်မှာ Fမငနညိ ဟုတ်သူရော၊ မဟုတ်သူတွေပါ ဃသာနညအ ဝင်ရေးခွင့် ရှိပါတယ်။ သဘောတူရင်လည်း သဘောတူကြောင်း၊ သဘောမတူရင်လည်း ဘာကြောင့် သဘောမတူကြောင်း စသည်ဖြင့်ပေါ့။ အခုလို လူတန်းစား အလွှာအသီးသီးရဲ့ သဘောထား အမြင်တွေကို အချိန်နဲ့ တစ်ပြေးညီ ပြန်လည် ရရှိတတ်တာ ကြောင့် ဖေ့စ်ဘွတ်သုံးသူ အတော် များများဟာ မိမိပို့စ်ရဲ့အောက်က ဃသာနညအ တွေကို ဂရုတစိုက် ဖတ်ပြီး ပြန်ကြားသင့်တာကို ပြန်ကြားပေးလေ့ရှိ ပါတယ်။

ပြင်ပလောကမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပြောဆိုဆွေးနွေးကြတဲ့ သဘောပါ။ ဒါပေမဲ့ လူချင်း မတွေ့ရဘဲ စက်ကိရိယာကို ကြားခံပြီး ဆွေးနွေး ကြတာ ဖြစ်တဲ့အတွက် တချို့ ဃသာနညအ တွေဟာ ပွင့်လင်းတဲ့ အဆင့် ကို ကျော်လွန်ပြီး ရိုင်းပျသလို ဖြစ်သွား တတ်ပါတယ်။ မိမိရေး လိုက်တဲ့ ဃသာနညအ ကို လူထောင်ပေါင်းများစွာ မြင်တွေ့ ဖတ်ရှုနိုင်တာမို့ ဆင် ခြင်သင့် ကြောင်းပါ။ ဒါပေမဲ့ ဥာဏ်ကြီးရှင် ဇူကာ ဘတ်က မိမိရေးလိုက်တဲ့ ဃသာနညအ ကို မိမိကိုယ်တိုင် ပြန်လည် ဖျက်သိမ်းခွင့် ပေးထားသလို မူရင်းပို့စ်ပိုင်ရှင်ကိုလည်း ဖျက်သိမ်းခွင့် ပြုထားပါတယ်။ မောင်မင်း ကြီးသား ဇူကာဘတ် အမြော်အမြင် ကြီး လှပါပေတယ်။

ဒါတွေအပြင် မိမိက အထူးတလည် အသိပေးချင်သူတွေကို Tag ပေးခြင်း၊ သူတစ်ပါး မသိစေချင်တဲ့ အကြောင်း အရာတွေကို ဃ့အေ ဩထ ထဲမှာ အပြန် အလှန် ပြောခွင့်ပြုခြင်းဆိုတဲ့ အသေးစိတ် အစီအစဉ် လေးတွေကို ထည့်သွင်းပေး ထားလို့ တစ်ကမ္ဘာလုံးက ဖေ့စ်ဘွတ်ကို တမ်းတမ်းစွဲ ဖြစ်ခဲ့ကြတာ ဘာမှမဆန်း ပါဘူး။ တချို့ဆို ချက်တင်အဝင်ကောင်း လို့ အင်တာနက်က ကြင်ယာဖက်ခဲ့ကြ ပါတယ်။ ကောင်းပေ ကောင်းရဲ့ဆို မင်္ဂလာတစ်ပါးပေါ့ခင်ဗျား။
အခုဆို ကျွန်တော်တို့ဆီမှာ လူအတော် များများဟာ ဖေ့စ်ဘွတ် မသုံးရ မနေနိုင်လောက်အောင် စွဲလမ်း နေကြတာ တွေ့ရပါတယ်။

တချို့ဆို တစ်နေကုန် တစ်နေခန်း ဖုန်းဖန်သား ပြင်ထဲ ခုန်ဝင် သွားလိုက်ကြတာများ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ပြတ် တောက် သလောက်ပါပဲ။ သူရို့ဟာ ဖေ့စ်ဘွတ်ထဲက သတင်းတွေ ဖတ်ပြီး မြောက်ကိုးရီးယားက နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်ကို သွေးပျက်လု မတတ် ကြောက်လန့် နေတတ်ကြ ပေ မယ့် မိမိနံဘေးမှာ ခဲလုံးကိုင်ပြီး ရပ်နေ တဲ့ အရူးတစ်ယောက်ကို သတိမထား မိတတ်ကြဘူး။ အင်္ဂလန် ဝန်ကြီးချုပ် ဝမ်းချုပ်နေတာ သိပေမယ့် ကိုယ့်မိခင် ကြီး ခေါင်းကိုက်နေတာကို သိချင်မှ သိ မယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့် မိခင်ကြီး ခေါင်းကိုက်တဲ့ သတင်းက ဖေ့စ်ဘွတ်မှာ ဘယ်သူမှ တင်မထား လို့ပါ။ တချို့ဆို အမေရိကန် သမ္မတ ကြီး အိုဘားမားရဲ့ မွေးနေ့ကို သိပေမယ့် ကိုယ့်ဇနီးရဲ့ မွေးနေ့ကို မေ့ချင် မေ့နေ တတ် ကြပါတယ်။ ဒါတွေအပြင် တချို့ ဆို ကမ္ဘာ့ရေနံစိမ်းဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးတွေကို နှုတ်တက်ဖွဖွ ရွတ် ဆိုပြ နိုင်ပေမယ့် အိမ်မှာ တစ်နေ့ ဈေးဖိုး ဘယ်လောက်သုံးသလဲလို့ မေး လိုက်ရင် ခွေးအကြီး လှည်းနင်းသလို အထစ်ထစ် အငေါ့ငေါ့။

တကယ်တော့ လောကမှာ ဘယ် အရာမဆို တစ်ဖက်စွန်းရောက်လွန်း ရင်၊ စွဲလမ်းလွန်းရင် ဥပါဒါန်ကြောင့် ဥပါဒ် ရောက်တတ်ပါတယ်။ ဒါပေမဲ့ ခက်နေတာက ဖေ့စ်ဘွတ်ဆိုတာ ညှို့ချက်က ပြင်းလွန်းတော့ ဒင်းနဲ့ ပတ်သက်မိသူတိုင်း အရူးအမူးစွဲလမ်း သွားလေ့ရှိပါတယ်။ ကွန်နက်ရှင်ကောင်းရင် ကောင်းသလို သုံးကောင်း ကောင်းနဲ့ ထိုင်သုံးနေရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတတ်ပါ တယ်။
ဒီတော့ မဝံ့မရဲ တိုက်တွန်းချင်တာ တစ်ခုကဖေ့စ်ဘွတ်ကို မသုံးရ ဘူးလို့ မဆိုလိုပါဘူး။ သုံးကြပါ။ အထူးသဖြင့် အခုလို အိုင်တီခေတ် ကြီးမှာ ခေတ်မီမီ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ နည်းပညာနဲ့ ယဉ်ပါး နေတာ ကောင်းတဲ့လက္ခဏာ တစ်ရပ်ပါ။ သို့သော် အလွန်အကျွံ မဖြစ်ဖို့တော့ လိုပါတယ်။ ဒါကြောင့် မိမိတစ်ဦးတည်း ပိုင်တဲ့ အချိန် မှာ ဖြစ်စေ၊ ဒါမှမဟုတ် တစ်နေ့မှာ တစ်နာရီဖြစ်စေ သတ်သတ်မှတ်မှတ် သုံးစွဲသင့်ပါတယ်။ ကျန်အချိန်တွေမှာ ဖန်သားပြင်ထဲက ခုန်ထွက် လာပြီး လက်တွေ့ဘ၀ထဲမှာ ကျင်လည်ကျက်စားကြပါ။ မိုးပေါ်ကနေ မြေကြီးပေါ် ရဲရဲကြီး ခုန်ဆင်းလာခဲ့ကြပါ။ တကယ်တမ်း နေ့စဉ် မိုး သောက် မိမိနဲ့ ထိတွေ့ ဆက်ဆံနေရ သူတွေဟာ မိုးပေါ်မှာ မရှိပါဘူး။ မိမိပတ်ဝန်းကျင်မှာသာ ရှိကြတာပါ။ လူမှုကွန်ရက်ကြောင့် လူမှုရေး လစ်ဟင်းရတာ မဖြစ်သင့်ကြောင်းပါခင်ဗျား။