မဲပေးရန် ကမ်းပြန်ဝင်လာသည့် ရေလုပ်သားများ အလုပ်ဖြုတ်မည်ဟု ခြိမ်းခြောက်ခံရ

0
494

မြိတ်မြို့နယ်တွင် နိုဝင်ဘာလ ၅ ရက်နေ့က မဲပေးရန်အတွက် ဆိပ် ကမ်း သို့ ပြန်ဝင်လာသည့် တော်ဝင်ဆောင်း ကုမ္ပဏီ အုပ်စုပိုင်၊ သုခမောင် ၃၄ ကမ်းဝေး ဝါးလတ် လှေတစ်စီးမှ ရေလုပ် သား ၁၅ ဦးကို အလုပ်ရှင်က အလုပ်ဖြုတ် မည်ဟု ပြောခဲ့ကြောင်း ယင်းရေလုပ်သား များထံမှ သိရသည်။

election_for_workers

ယင်းသို့ ကမ်းသို့ ဝင်လာသည့် အတွက် လှေရှင်က ငါးဖမ်းလှေကို ရပ်နားမည်မဟုတ်ဘဲ အခြားရေလုပ် သားများဖြင့် အစားထိုး ပြီး ချက်ခြင်း ပြန်ထွက်မည်ဟု ပြောခဲ့ကြောင်း ရေလုပ် သားတချို့က ပြောပြသည်။
” လှေသားများရဲ့ဆန္ဒအရ မဲထည့် ဖို့အတွက် ကမ်းဝင်ရောက်လာတာပါ” ဟု ယင်း ဝါးလတ်လှေမှ စက်ဆရာ ဦးနိုင်စိုး က ပြောသည်။
အဆိုပါ ရေလုပ်သားများက မဲပေး ပြီးပါက လုပ်ငန်းခွင်သို့ ပြန်ဝင်နိုင်ရန် နိုဝင်ဘာလ ၇ ရက်တွင် မြိတ် အခြေစိုက် လူမှုရေး အဖွဲ့များနှင့် သတင်း မီဒီယာ များအား ထုတ်ပြောသည်။

ယင်းဝါးလတ်လှေမှ ပဲ့နင်းအား နိုဝင်ဘာလ ၇ ရက် နံနက်က လှေရှင်မှ ခေါ်ယူ တွေ့ဆုံဆွေးနွေးနေသည်ဟု သိရ သော်လည်း လက်ရှိအချိန်အထိ အကြောင်း တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးဟု ရေလုပ်သားများက ပြော သည်။
ရေလုပ်သားများအနေဖြင့် ကိုယ် တိုင် မဲပေးရမည်ဖြစ်ကာ ကြိုတင် မဲပေးခြင်းကို ခွင့်မပြုထားကြောင်း မြိတ်ခရိုင် ရွေးကောက် ပွဲကော် မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆို ခဲ့ဖူးသည်။

မြိတ်ခရိုင်အတွင်း ကမ်းဝေး ငါး ဖမ်းလှေအစီးရေ ၇၀၀ ကျော်ရှိပြီး ငါးကယ့်လှေတစ်စီးတွင် ပျမ်းမျှ ရေ လုပ်သား ၁၇ ဦးခန့်ရှိပြီး ဝါးလတ် လှေများတွင် ၂၀ ဝန်းကျင်နှင့် ဝါးတန်း လှေများတွင် ရေလုပ်သား ၄၀ ဦးအထက် ရှိကြောင်း သိရသည်။