ထားဝယ်တွင် မဲဆန္ဒရှင် ၁၀၀၀နှင့် အထက်ရှိသည့် မဲရုံ ၅၀ ကျော်ရှိ

0
575

ထားဝယ်မြို့နယ်တွင် မဲဆန္ဒရှင် ၁၀၀၀နှင့် အထက်ရှိသည့် မဲရုံ ၅၀ ကျော်ရှိကြောင်း  ထားဝယ်မြို့နယ် ရွေး ကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထား သော စာရင်းများအရ သိရသည်။


ထားဝယ်မြို့နယ်အတွင်း မဲရုံ ၈၉ ရုံရှိသည့် အနက် မဲဆန္ဒရှင် ဦးရေ ၆၀၀နှင့် ၁၀၀၀ကြားရှိ မဲရုံ ၂၄ ရုံ၊ မဲဆန္ဒရှင် ၁၀၀၀နှင့် ၁၅၀၀ကြားရှိမဲရုံ ၂၉ရုံ၊ မဲဆန္ဒရှင် ၁၅၀၀နှင့် ၂၀၀၀ ကြားရှိမဲရုံ ၁၆ရုံ နှင့် မဲဆန္ဒရှင် ၂၀၀၀ နှင့်အထက် ရှိသောမဲရုံ ၈ ရုံ (အမက ဆန်းချီတွင် ၃၂၁၂ဦး)ရှိကြောင်း အထက်ပါ စာရင်းအရ သိရသည်။

တစ်မိနစ်လျှင် မဲဆန္ဒရှင်တစ်ဦးနှုန်း ဖြင့်မဲပေးမည်ဆိုပါက တစ်နာရီတွင် ၆၀ဦးနှင့် ဆန္ဒမဲပေးရန်သတ်မှတ်ထား သော အချိန် ၁၀နာရီအတွင်း မဲဆန္ဒရှင် ၆၀၀ ဦးသာ ဆန္ဒမဲပေးနိုင်မည်ဖြစ်၍  မဲဆန္ဒရှင်များ မဲပေးချိန်မလောက်မည်ကို စိုးရိမ်မိကြောင်း ထားဝယ်တိုင်းရင်းသား များပါတီ(ဗဟို) ပြန်ကြားရေးတာဝန်ခံ ဦးရာဇာစိုးက ပြောသည်။

” မဲရုံဝန်ထမ်းအင်အားကို မူလ ထက် ၉ ဦးထိ တိုးမြင့်ချထားပေးမယ်”ဟု မြို့နယ်ရွေး/ကော်ဥက္ကဌ ဦးစိုးလွင်က ပြောသည်။
ရွေးကောက်ပွဲ ကျင်းပသည့် ရက် တွင် မဲရုံကို နံနက် ၆နာရီမှ ညနေ ၄နာရီ အထိဖွင့်လှစ် ပေးထားရမည် ဖြစ်ပြီး ညနေ၄နာရီအချိန် မဲရုံပရိဝုဏ်အတွင်း ရောက်ရှိနေသူများအားလုံး မဲပေးခွင့်     ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။