ထားဝယ်တွင် ခန်းမအချို့ ငှားရမ်းခ နှစ်နာရီ ကျပ် ၁၀သိန်း ကျော်အထိ ဈေးတက

0
385

ထားဝယ်မြို့တွင် မင်္ဂလာခန်းမ ငှားရမ်းခ နှစ်နာရီအတွက် ကျပ် ၁၀ သိန်း ကျော်အထိ ဈေးနှုန်း မြင့်တက်လာ ကြောင်း ခန်းမ ငှားရမ်းသည့် ဈေးကွက် အတွင်းမှ သိရသည်။


ယခုနှစ်တွင် ထားဝယ်မြို့၌ မင်္ဂလာ ဆောင်ခန်းမ ၅ခုရှိလာပြီး နှစ်နာရီခန်းမ ငှားရမ်း အသုံးပြုခကို ကျပ် ၂၈၀၀၀၀မှ အမြင့်ဆုံး ကျပ် ၁၀သိန်းကျော်အထိ ဝန် ဆောင်မှု အမျိုးမျိုးဖြင့် ဈေးနှုန်းအမျိုးမျိုး ဖြင့် သတ်မှတ်ကာ ဌားရမ်းလာကြသည်ဟု သိရသည်။
ယင်းသို့ ခန်းမဈေးနှုန်းများ မြင့် တက်လာခဲ့သော်လည်း ၂၀၁၆ ခုနှစ် အစောပိုင်း လများအထိ မင်္ဂလာဆောင် ရန် ခန်းမ ငှားရမ်းသူများ ရှိနေပြီဖြစ် ကြောင်း ခန်းမငှားရမ်းဝန်ဆောင်မှု ပေး သူများက ပြောသည်။
” သီတင်းကျွတ် လပြည့်ကျော် ၃ ရက်ကစပြီး မင်္ဂလာခန်းမ ငှားထား တယ်၊ ၁၀ပွဲကျော်လောက် ကြိုတင် ငှားထားပြီးပြီ၊ ၂၀၀၆ ခုနှစ် ပြည်ထောင်စု နေ့အထိ ဌားသူလည်းရှိတယ်” ဟု နှစ် နာရီအား ခန်းမ အသုံးပြုခကျပ် ၂၈၀၀၀၀ ဖြင့် ငှားရမ်း ပေးလျက်ရှိသော ဆိပ်ကမ်း သာ (၂) မင်္ဂလာခန်းမပိုင်ရှင်က ဆိုသည်။
ထားဝယ်တွင် လွန်ခဲ့သော ၇ နှစ် ခန့်က ခန်းမငှားရမ်းခမှာ ကျပ်နှစ်သိန်း ဝန်းကျင်၊ ကျပ်နှစ်သိန်း ပေါက်ဈေး ရှိခဲ့ပြီး နှစ်အလိုက် တဖြည်းဖြည်း မြင့် တက်လာခဲ့ခြင်း ဖြစ်သည်။
ထားဝယ်တွင် မင်္ဂလာခန်းမ ဝန်ဆောင်မှုကို  Royal Palace  ခန်းမ၊ Diamond Crown ခန်းမ၊ ဇမ္ဗုရစ် မြက်ခင်းပြင်မင်္ဂလာခန်းမ၊ မြစိမ်းခန်းမ၊ ဆိပ်ကမ်းသာ (၂) မင်္ဂလာခန်းမတို့က ဝန်ဆာင်မှု ပေးလျက်ရှိသည်။