ပလောက်တွင် ၅တန်း ကျောင်းသူ တစ်ဦး အဓမ္မပြုကျင့်ခံရ

0
462

မြိတ်ခရိုင် ပလောက်မြို့နယ်(ခွဲ) ခန္ဓီကျေးရွာတွင် အောက်တိုဘာလ ၂၇ရက် မွန်းလွဲ ၂ နာရီခန့်က ငါးတန်း ကျောင်းသူတစ်ဦးကို အသက် ၆၉ နှစ် အရွယ် အမျိုးသားတစ်ဦးက အဓမ္မ ပြုကျင့်ခဲ့သည်ဟု ခန္ဓီကျေးရွာသား တစ်ဦးနှင့် ပုလော၊ ပလောက်မြို့ခံတချို့ ထံမှ သိရသည်။

ဖြစ်စဉ်မှာ အသက် ၁၅ နှစ်အရွယ် ၅ တန်းကျောင်းသူသည် ခန္ဓီကျေးရွာရှိ ရော်ဘာခြံတစ်ခုအတွင်း သံပရာသီး ဝင်ရောက် ကောက်ယူနေစဉ် အသက် ၆၉နှစ်အရွယ်အမျိုးသားက နောက်ကနေ လိုက်လာပြီး ဓားဖြင့်တေ့၍ တောစပ်သို့ ခေါ်ဆောင်ခဲ့ပြီး သားမယားအဖြစ် ပြု ကျင့်ခဲ့ကြောင်း အထက်ပါ ဒေသခံ များက ပြောပြသည်။

ယင်းသို့ အဓမ္မပြုကျင့်နေသည်ကို အသက် ၁၃ နှစ်အရွယ် ကလေးငယ် တစ်ဦးက မြင်တွေ့သွားပြီး လူကြီးများ ကို လာရောက် ပြောပြခဲ့ရာမှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါသည်။

အသက် ၆၉ နှစ်အရွယ် အမျိုး သားအား ပလောက်မြို့နယ်(ခွဲ) ရဲစခန်း မှ ၇ /၂၀၁၅၊ ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် အရေးထားကြောင်း တာ ဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသားအား အောက် တိုဘာလ ၂၉ ရက်နေ့တွင် ပုလောက် မြို့နယ်(ခွဲ) ရဲစခန်းမှ ပုလောမြို့နယ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရ သည်။