ဘယ်စာရင်းဝင်မလဲ ၂၀၁၅ ရွေးကောက်ပွဲ

0
539

နိုဝင်ဘာ ၈ ရက်၊ မြန်မာ့သမိုင်း အတွက် အရေးကြီးတဲ့ နေ့တစ်နေ့ အဖြစ် စာရင်းဝင်သွားပါပြီ။ ဒါပေမယ့် အကောင်း နဲ့ပဲ စာရင်းဝင်သွားမလား၊ နာမည်ဆိုးနဲ့ပဲ စာရင်းအသွင်းခံရမလား ဘယ်သူမှ ကြိုမပြောနိုင်။

နေ့ထူးနေ့မြတ် တစ်ရက်အဖြစ်နဲ့ ပဲစာရင်းဝင်သွားပါစေလို့ ဆုတောင်း ပါတယ်။ ကျွန်တော့်ကို အတွေးပွား စေတနာတစ်ခုကတော့ ဗေဒင်တွေ၊ ယတြာတွေကို ဒီလောက် ယုံကြည်တဲ့ သူတွေက ဘာဖြစ်လို့ပြဿဒါးနေ့ ကိုမှ ရွေးကြသလဲ ဆိုတာကိုပါ။ နောက်ပြီး တော့ ဒီလူတွေက ၈ ဂဏန်းဆို သိပ် သဘောတွေ့မှာ မဟုတ်ဘူး။ ဒါပေမယ့် နိုဝင်ဘာ ၈ ရက်နေ့ကို ရွေးထားတာ ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီနေ့ကို ရွေးလိုက်လို့ အခု လောလော လတ်လတ် ဒုက္ခရောက်ကြရသူတွေ ကတော့ ဒုလ္လဘ ရဟန်းဝတ်မယ့် သူတွေ ပါပဲ။ အခြေခံ ဥပဒေထဲမှာ ခြွင်းချက် အနေနဲ့ ဒုလ္လဘရဟန်းတွေ မဲထည့်ခွင့် ပေးရမယ်လို့ ပြဋ္ဌာန်းထားတာလည်း မရှိ။ သာသနာ့ ဝန်ထမ်းများ မဲမပေးရ ဆိုတာပဲ ပါတယ်ဆိုတော့။ ကထိန်ရာသီ ဖြစ်နေလေတော့ ကထိန်ခင်း၊ ရဟန်းခံ ရှင်ပြုပွဲလုပ်မယ့် သူများ ဒုက္ခရောက် ကြရပါတယ်။

ကျွန်တော်တို့ အခုတလောမြင် ရကြား နေရတဲ့အဆင်မပြေ မှုလေးတွေ အကြောင်း နည်းနည်းဆွေးနွေးချင်ပါ တယ်။
ပထမဆုံးအနေနဲ့ ဆွေးနွေးချင်တဲ့ အကြောင်းကတော့ ကြိုတင်မဲကိစ္စပါ။ မြန်မာသံရုံးရှိရာ၊ မြန်မာနိုင်ငံသားတွေ ရှိရာ ကမ္ဘာ့နိုင်ငံတော်တော် များများမှာ ကြိုတင်မဲတွေပေးပြီး သွားပါပြီ။ မဲလက် မှတ်တွေကို နိုင်ငံမှားပို့တာ၊ လွှတ်တော် သုံးရပ်အတွက် မဲလက်မှတ်သုံးစောင် ပြည့်အောင်မရတာ၊ မဲမထည့် ရသေး ပေမယ့် မဲပေးပြီးတဲ့ လူစာရင်းမှာ ပါနေ တာ စသဖြင့် အမှားပေါင်းများစွာ တွေ့ ကြရမှာပါ။ တချို့ဆို မဲမပေးရလို့ ဝမ်း နည်း ပက်လက်ဖြစ်နေတာ၊ မူးမေ့လဲ သွားတဲ့အထိ ဖြစ်ကြရတာတွေ မြင်ရ တွေ့ရတာ စိတ်မကောင်းစရာပါ။ စင်္ကာပူက ရွှေမြန်မာတွေကတော့ လေးစားချီးကျူးဖို့ ကောင်းပါတယ်။ မနက်လမ်းဘေးမှာ ဖြစ်သလိုအိပ်ပြီးတော့ တန်းစီ စောင့်နေကြတာ။ သူတို့ကို မြင် တော့ ကျွန်တော်တို့ ပြည်တွင်းက သူတွေ အတွက်ပိုပြီးတော့ တာဝန်ကျေအောင် လုပ်ကြဖို့ လိုလာပါပြီ။

နောက်ပြီးတော့ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ ကူညီရိုင်းပင်းမှုနဲ့ စေတနာသဒ္ဒါတရားကိုလည်း တွေ့ကြ ရမှာပါ။ မဲထည့်မယ့် သူတွေအတွက် အစားအသောက်တွေ စီစဉ်ပေးတာ၊ နောက်ဆုံး အိမ်သာကအစ စီစဉ်ပေး တာအတော့်ကို လေးစားစရာပါ။ ဒါက ပြည်ပ အခြေအနေပါ။ ပြည်တွင်း အခြေ အနေကတော့ ၂၀၁၀ တုန်းကတော့ ကြို တင်မဲဟာ လူပြောသူပြောများခဲ့ရပါ တယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မှာတော့ အသံ သိပ်မထွက်ပါဘူး။

အခု ၂၀၁၅ မှာတော့ အခု ကျွန်တော် ကြားမိတာကတော့ ပညာ ရေးဌာနက ဆရာ၊ ဆရာမ တွေကြိုတင်မဲ ပေးရမယ်လို့ သိရပါတယ်။ မြို့ပေါ်က ဆရာ၊ ဆရာမတွေတော့ ဘယ်လိုဆုံးဖြတ် ထားတယ် မသိပေမယ့် နယ်ကျောင်းက ဆရာ၊ ဆရာမတွေမှာတော့ အကြောက် တရားတွေကြောင့် ထင်တယ်၊ ပြည်ခိုင် ဖြိုးပါတီကိုပဲမဲပေးဖို့ ပြောနေတာကို ကြားသိရပါတယ်။ ဘာဖြစ်လို့လဲဆို တော့ လူဦးရေနည်းတော့ တစ်ခြားပါတီ တစ်ခုခုကို မဲပေးလို့ရှိရင် သိသွားမှာကို စိုးလို့တဲ့ဗျ။ ဒါဟာ ကြောက်တာကြောင့် လား၊ အခြောက်ခံရလို့ပဲ လားဆိုတာ ကတော့ စဉ်းစားစရာပါ။ ၂၀၀၈ တုန်းက အခြေအနေကို ပြန်ပြောရမယ် ဆိုရင် မဲရုံမှူးကို ဆရာ၊ ဆရာမတွေကို ခန့်ကြ ပါတယ်။ အဲဒီ ဆရာ၊ ဆရာမတွေကို ကန့်ကွက်မဲများလို့ရှိရင် နယ်ပြောင်းပစ် မယ်၊ ရာထူးချမယ်ဆိုပြီး ခြိမ်းခြောက် ထားတယ်ဆိုတော့ မဲရုံးမှူး တာဝန်ယူ ရတဲ့ ဆရာ ဆရာမတွေခမျာ မဲပေးမယ့် နေ့မှာ မျက်စိပျက်မျက်နှာပျက်ပါပဲ။ ဒီနေရာမှာ ဝန်ထမ်းတွေရဲ့ အားနည်း ချက်က အလုပ်ပြုတ်မှာကို ကြောက်ကြ တာပါပဲ။ ကျွန်တော် ဝန်ထမ်းတွေကို တိုက်တွန်းချင်တာလေး တစ်ခုရှိပါတယ်။
than_zaw_oo_article
ဘာလဲဆိုတော့ ဒီမိုကရေစီတိုက်ပွဲဝင် ကြတဲ့ သူရဲကောင်းတော်တော်များများ ဟာ စီးပွားရေးတွေကို စွန့်၊ မိသားစုကို စွန့်၊ အချို့ဆို အသက်ပါ စွန့်ပြီးတော့ စတေးပေးခဲ့ကြတယ်။ အချို့ဆိုလည်း ဘ၀ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ထောင် ထဲမှာပဲ ကုန်ဆုံးစေခဲ့ကြရတာ အားလုံး အသိပါပဲ။ ဒါကြောင့် အမှန်တရား အတွက် ရာထူးလေးအတွက် ခြိမ်းခြောက်တာ လောက်တော့ ခံရဲ ကြရမှာပါ။ တကယ် တော့ အလုပ်ပြုတ် ဖို့လည်း မရှိပါဘူး။ အမှန် တရားဘက်က ရပ်တည်လို့ အလုပ် ပြုတ်သွားတယ်ဆိုရင်လည်း အမှားဘက်က ရပ်တည်တာထက်တော့ သိက္ခာပိုရှိ မယ်ထင်ပါတယ်။ ဒီနေရာမှာ ရယ်စရာလေး တစ်ခုပြောချင်ပါတယ်။ အဲဒါဘာလဲ ဆိုတော့ NLD ကို မဲပေးရင် ကျူရှင် မသင်ရမှာစိုးလို့ ပြည်ခိုင်ဖြိုးကိုပဲ မဲထည့်မယ်ဆိုတဲ့ ဆရာဆရာမတွေ လည်းရှိတယ်ဗျ။

မဲရုံမှူးအများစုဟာ ဆရာ ဆရာမ တွေပါ။ ဘာဖြစ်လို့ဆရာ ဆရာမတွေကို တာဝန်ပေးတယ်ဆိုတာတော့ ကျွန်တော် လည်း တိတိကျကျ မသိပါဘူး။ ဆရာ ဆရာမတွေဆိုတာ သင်ကြားရေး တာဝန် နဲ့တောင် မအားလပ်ကြပါဘူး။ နယ် ကျောင်းက ဆရာဆရာမတွေဆို ပို တောင်ဆိုးသေး။ ဝန်ထမ်းအင်အား နည်းတော့ သူတို့တွေမှာ အလုပ်ပိုများ ပါတယ်။ ဒဿမတန်းသင်ရတဲ့ အထက် တန်းပြ ဆရာ ဆရာမတွေဆို ပိုတောင် ဆိုးပါသေးတယ်။ ကျောင်းအုပ် ကြီးတွေ လည်း ဒီအတိုင်းပါပဲ။ ကျောင်းပိတ်ရက် လည်း မဟုတ်ပါဘူး။ မဲရုံမှူးတွေကို ဆရာ ဆရာမတွေကို ခန့်တယ်ဆိုတာ ရပ်ရွာက လူတွေက လေးစားရတဲ့ လူတွေ ကြောင့်မို့ဆိုရင်တော့ မဲရုံမှူး တာဝန်ယူ ရမယ့် ဆရာဆရာမတွေဟာ သမာသမတ် ကျဖို့တော့ လိုမှာပါ။ ဘက်လိုက်လို့ မရ ဘူး။ ကျွန်တော် ဘာဖြစ်လို့ ပြောလည်း ဆိုရင် ရွာလေးတစ်ရွာကအကြောင်း အရာတစ်ခုကို အခြေခံပြီး ပြောချင်ပါ တယ်။

မဲရုံတစ်ရုံမှာ ပါတီတစ်ခုအနေနဲ့ မဲရုံကိုယ်စားလှယ်တစ်ဦးနဲ့ အကူ တစ်ဦး ထားခွင့်ရှိတာကို ရပ်ကျေး အုပ်ချုပ်ရေး မှူးပြောတဲ့အတိုင်း တစ်ယောက်တည်း ပဲထားဖို့ ဘက်လိုက်ပြောဆိုတာဟာ မသင့်တော်ပါဘူး။ ဒါကြောင့် မဲရုံမှူး တာဝန်ယူမယ့် ပုဂ္ဂိုလ်များကို သမာ သမတ်ရှိဖို့ တိုက်တွန်းလိုပါတယ်။
ပါတီတွေအနေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတစ်ခုကတော့ မဲရုံကိုယ်စား လှယ်ကိစ္စပါ။ ပါတီကြီး တွေအနေနဲ့ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ဆို မဲရုံ ပေါင်းလေးသောင်း ကျော်ရှိတဲ့အတွက် မဲရုံတစ်ရုံကို နှစ်ယောက်ထားမယ်ဆို ကိုယ်စားလှယ် ရှစ်သောင်းကျော် ထားရ မှာပါ။ အရည်အချင်းရှိတဲ့သူတွေရဖို့ လိုပါတယ်။ အဲဒီကိုယ်စားလှယ်တွေဟာ အရေးကြီး ပါတယ်။ ကြိုတင်မဲကိစ္စ၊ ပယ်မဲကိစ္စတွေအပြင် တစ်ခြားတစ် ခြားသော ကိစ္စတွေမှာ နားလည်သူတွေ၊ ပြောဆို နိုင်စွမ်းရှိသူ ဖြစ်ရပါမယ်။ မဲရုံ ကိုယ် စားလှယ် မထားနိုင်တဲ့ပါတီတွေ အနေနဲ့တော့ နစ်နာမှုတွေ ရှိလာနိုင်ပါ တယ်။

ဒီနေရာမှာ ရပ်ကျေး အုပ်ချုပ်ရေး မှူးတွေက လည်းဘက်လိုက်မှု ကင်းဖို့ လိုပါမယ်။ ဒါပေမယ့် လက်ရှိ အုပ်ချုပ် ရေးမှူးအများစုကတော့ အစိုးရသစ္စာခံ၊ ပါတီသစ္စာခံတွေ ဖြစ်သွားကြတာကို တွေ့နေရပါတယ်။ ရွေးကောက်ပွဲ ကိစ္စ တွေမှာ ဘက်လိုက်ကြတာကို တွေ့ နေရ ပါတယ်။ တရားမျှတမှုရှိရှိနဲ့ အုပ်ချုပ်ရ မယ့် အစားထက် အမိန့်ကိုပဲ လိုက်နာ တတ်တဲ့ သူတွေဖြစ်သွားကြတာ များပါ တယ်။ ရပ်သူရွာသားတွေဘက်က ခုခံ ကာကွယ်ပေးမယ့် သူတွေ ရှားပါတယ်။ ဘာဖြစ်လို့ အဲဒီလိုဖြစ် သွားကြသလဲတော့ မသိ။ လစာ ငွေကြောင့်လား၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ယစ်မူးသွားကြ လို့လား ဆိုတာတော့ မတွေးတတ်တော့ပါ။ နောက်တစ်ကြိမ် ထပ်ပြီးတော့ အုပ်ချုပ် ရေးမှူးတွေ ရွေးကြမယ်ဆို သမာသမတ် ရှိမယ့် သူတွေကို ရွေးကြဖို့လိုမယ်။ သူ့လူ ငါ့ဘက်တော်သားတွေ၊ ပါတီ သစ္စာခံ ဆိုတဲ့လူတွေကို မရွေးမိဖို့ လိုပါ မယ်။

အခု ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်ခြားစိတ်ဝင်စားစရာ ကိစ္စတစ်ခု ရှိပါ တယ်။ အဲဒါ ဘာလဲဆိုတော့ သာသနာ့ ဝန်ထမ်းတွေဖြစ်တဲ့ ရဟန်းတော်တွေ ကိစ္စပါ။ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီးတော့ မဲမဆွယ်ဖို့ တားဆီးပိတ်ပင် ထားသော်လည်း တချို့ သော ပါတီတွေ တိုက်ရိုက်ဖြစ်စေ သွယ် ဝိုက်သောနည်းနဲ့ဖြစ်စေ ဘာသာရေး လူမျိုးရေးတွေကိုမဲ ဆွယ်စည်းရုံးရာမှာ အသုံးချနေကြတာကို တွေ့နေရပါတယ်။ အဲဒီအထဲမှာမှ ပဲကြီးလှော်ကြားမှာ ဆားညှပ်ခံရမယ့် သူတွေ ရှိနေပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေက သံဃာတော်တွေပါ။
တရားဟောရာမှ ပါတီတစ်ခုကို မဲမထည့်ဖို့ ထည့်ဟောရာက သက်ဆိုင်ရာ ပါတီဝင်တွေက ထပြန်ကုန်တော့ နောက်ဆုံးဆရာနဲ့ ဒကာစိတ်ဝမ်းကွဲ ကြရတဲ့အဖြစ်ကို ရောက်သွားပါတယ်။ တကယ်တော့ ဘုရားသားတော်တွေဟာ ဗုဒ္ဓရဲ့ အဆုံးအမတွေကို လိုက်နာရမှာပါ။ မဇ္ဈိမ ပဋိပဋာကျဖို့ လိုပါတယ်။ တကယ်တော့ သီတဂူ ဆရာတော်ကြီး စကားနဲ့ ပြောရမယ်ဆိုရင်တော့ နယ်ကျွံတာပဲ ဖြစ်ပါတယ်။ တကယ် တော့ ရဟန်းသံဃာတော်တွေအနေနဲ့ ဘယ်ပါတီဘက်ကို မှမလိုက်တာ အကောင်းဆုံးပါပဲ။

နောက်ဆုံး အနေနဲ့ ပြောချင်တာ ကတော့မဲပေးမယ့် သူတွေထဲမှာ တော်တော်များများက မဲဘယ်လိုပေးရမယ် ဆိုတာမသိသေးတဲ့ လူတွေ လည်း ရှိပါတယ်။ နားလည်တဲ့သူတွေက လက်လှမ်းမီသလောက်ရှင်းပြ ကြရပါမယ်။ အရင်ဆုံး မိမိရဲ့မိသားစုဝင်တွေကို နားလည်အောင် ရှင်းပြကြရပါမယ်။ နောက်ပြီးတော့ မိမိနဲ့နီးစပ်ရာ မိတ်ဆွေတွေက အစ မိမိရပ်ကွက် ကျေးရွာအတွင်းမှ မသိနားမလည်တဲ့သူတွေကို အလျဉ်းသင့်သလို ရှင်းပြပေးကြဖို့ လိုပါမယ်။ ရွေးကောက်ပွဲမှာ မဲပေး ခြင်းဟာ နိုင်ငံသားတစ်ယောက် ရဲ့ အထူးအခွင့်အရေးပါ။ အဲဒီ အထူး အခွင့်အရေး မဆုံးရှုံးရအောင် ဝိုင်းဝန်းကူညီပေးကြရပါမယ်။ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ပြည်သူတွေ အကြောက်တရား ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရကြပါစေ။ ကောင်းသတင်းတွေ ချန် ထားရစ်နိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကြီးတုန်းကလို ညင်သာတဲ့ ပြောင်းလဲမှုနဲ့ ကမ္ဘာက ချီးကျူးရတဲ့ ရွေးကောက်ပွဲကြီး ဖြစ်လာပါစေ။