ဟိုက်ထရိုဂျင် မိုးပျံပူပေါင်း ပေါက်ကွဲမှုကြောင့် လူ ၉ ဦး ထိခိုက် ဒဏ်ရာရရှိ

0
878

မြိတ်မြို့နယ် ရေပုန်းနယ်မြေ ကြံတောရပ်ကွက်ရှိ နေအိမ်တစ်ဆောင် တွင် အောက်တိုဘာ ၂၇ ရက်နေ့ ည နေ ၄ နာရီ ဝန်းကျင်က ဟိုက်ထရို ဂျင် မိုးပျံပူပေါင်းပေါက်ကွဲမှုဖြစ်ပြီး လူ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒဏ်ရာ ရရှိသည့်သူများ၏ မိသားစုဝင် အချို့ထံမှ သိရသည်။


ပြည်ခိုင်ဖြိုးပါတီ အမှတ်တံဆိပ်ပါ မိုးပျံပူးပေါင်းအတွင်း ဓာတ်ငွေ့များနေ သဖြင့် အခြား ပူပေါင်းတစ်လုံးသို့ ပိုက်ဖြင့် သွယ်ထုတ်နေစဉ် ပိုက်အရင်းမှ ဓါတ်ငွေ့ ယိုစိမ့်လာပြီး ပူပေါင်းကို အပူပေးသကဲ့ သို့ ဖြစ်သွားခဲ့ကာ ပူပေါင်း ပေါက်ထွက် သွားရခြင်း ဖြစ်ကြောင်း ဒဏ်ရာရှိသူ တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြော သည်။
ယင်းကဲ့သို့ ပူပေါင်းပေါက်ထွက် မှုဖြစ်ခဲ့သဖြင့် အိမ်ရှင်အမျိုးသားကို ကိုင် ဇာဝင်းပါ ၈ ဦးနှင့် အသက် ၁၄ နှစ်ရှိ အမျိုးသမီးတစ်ဦးတို့မှာ ဒဏ်ရာများ ရရှိခဲ့ကြသဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီး သို့ ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
“ဒဏ်ရာတွေက မီးလောင်တဲ့ ဒဏ်ရာမျိုးပါ အမျိုးသားတစ်ယောက် ကတော့ မျက်နှာပြင်မှာ ဒဏ်ရာနည်းနည်း များတယ် ကျန်တဲ့သူတွေလည်း ရကြ ပေမယ့် သူ့လောက်မများပါဘူး” ဟု မြိတ်မြို့နယ် အင်န်အယ်လ်ဒီပါတီ အဖွဲ့ဝင် တစ်ဦးက ပြောပြသည်။
မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေကြသည့် ကိုကိုင် ဇာဝင်းပါ အမျိုးသား ၄ ဦးနှင့် အသက်(၁၄)နှစ်ရှိ အမျိုးသမီး တစ်ဦး တို့ကို အောက်တိုဘာ ၂၈ ရက်နေ့က ရန်ကုန် အထွေထွေရောဂါကု ဆေးရုံ ကြီး အသစ်ရှိ အရေပြားကုဌာနသို့ ပြောင်း ရွှေ့ပြီး ဆေးဝါးကုသမှု ခံယူနေသည်ဟု သိရသည်။
” ဒီနေ့ စောစောပိုင်းက ရန်ကုန် ဆေးရုံကြီးကို လူနာအမျိုးသားတစ်ဦး ထပ်တက်သွားပါတယ်၊ ဟိုက လူနာ တွေလည်း စိုးရိမ်စရာ မရှိဘူးလို့ ကြား ပါတယ်” ဟု အထက်ပါ အင်န်အယ်လ်ဒီ ပါတီဝင်က ပြောသည်။
ဟိုက်ထရိုဂျင်ပူပေါင်း ပေါက် ထွက်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ တက် ရောက်ပြီး ဆေးဝါးကုသမှုခံ ယူရာတွင် မြိတ်အခြေစိုက်ပရဟိတ အသင်းများ၊ ရတနာစိုးပြည့်ထွန်းကုမ္ပဏီ နှင့်Grand Jade Hotel ပိုင်ရှင်တို့က လိုအပ်သည့် ငွေကြေးနှင့် အခြား အကူအညီများကို ကူညီပံ့ပိုးထားကြောင်း သိရသည်။
ပြီးခဲ့သည့်တစ်ပတ်ခန့်က မြိတ်မြို့ နယ် အင်အယ်လ်ဒီရွေးကောက် ပွဲအောင် နိုင်ရေးကို ကြိုဆိုဂုဏ်ပြုခြင်းအဖြစ် ဟိုက်ထရိုဂျင် မိုးပျံပူးပေါင်း နှစ်လုံးကို ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။