လူရွှင်တော် ပန်းသီးနှင့် ဟားလေး ဘုတ်ပြင်း အင်န်အယ်လ်ဒီ အတွက် မဲဆွယ်

0
478

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ နယ်တွင် အောက်တိုဘာလ ၃၀ ရက်က လူရွှင်တော် ပန်းသီးနှင့် ဟားလေးတို့က ကော့သောင်း အင်န်အယ်လ်ဒီ ပါတီ အတွက် မဲဆွယ်စည်းရုံး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။


လူရွှင်တော် ပန်းသီးနှင့် ဟားလေး တို့ နှစ်ယောက်သည် အောက်တိုဘာ ၂၉ ရက်နေ့တွင် ဆီအုန်း အလုပ်သမား အများစု နေထိုင်ကြသည့် ပိုကောင်း ဆီအုန်းကုမ္ပဏီနှင့် ကရသူရိမြို့နယ် တို့ တွင် မဲဆွယ်ဟောပြောပွဲ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အောက်တိုဘာ ၃၀ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်နှင့် အနီးအနားရှိ ကျေးရွာ အချို့တွင် မဲဆွယ်စည်းရုံး ဟောပြောပြီး နိုဝင်ဘာ လ ၁ ရက်နေ့တွင် ကော့သောင်း မြို့ပေါ်တွင် ဟောပြောသွားမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် အင်န်အယ်လ်ဒီမှ သိရ သည်။
” လာမဲ့ရွေးကောက်ပွဲမှာ ပြည်သူ တွေအနေနဲ့ အပြောင်းအလဲ တစ်ခု အတွက် အင်န်အယ်လ်ဒီကို မဲပေးကြဖို့၊ မဲပေးနည်း အသိပညာပေး ဟောပြော တာတွေ ပြည်သူတွေ သိအောင်  အဓိက ထား ဟောပြော သွားမယ်” ဟု လူရွှင်တော် ပန်းသီးက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက် နေ့က မြိတ်နှင့် ပုလောမြို့တို့တွင် လူရွှင် တော် ဗေလုဝမှလည်း အင်န်အယ်လ်ဒီ အတွက် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။