သမိုင်း တရားခံတွေ မဖြစ်စေလို

0
363

Nasa ဆိုတဲ့ အမေရိကန် အဖွဲ့ အစည်းကြီးတစ်ခုက ဆိုတယ်။ အရွယ် ရောက်ပြီးတဲ့ သစ်ပင်တစ်ပင်ကနေ တစ် နာရီမှာ အောက်စီဂျင် ၀.၄၉လီတာ ထုတ် ပေးတယ်။ ၂၄နာရီ (တစ်ရက်)မှာ ၁၂ လီတာလောက် ထုတ်တယ်။ လူတစ် ယောက်အတွက် တစ်ရက်ကို ပျမ်းမျှ အောက်စီဂျင် ၆၃၁ လီတာ လိုတယ်။

ဒီဟာကို အချိုးချကြည့်ရင် လူတစ်ယောက် အတွက် အရွယ် ရောက်ပြီးသား (အတော် အသင့်ကြီးတဲ့)သစ်ပင် ၅၃ပင်လောက် လိုပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၇၀၀၀ ကျော်အတွက်ရယ်၊ အခြားသက်ရှိ သတ္တဝါတွေအတွက်ရယ် ဆိုရင် သစ် တောတွေ ဘယ်လောက် လိုအပ်တယ် ဆိုတာ ပြောစရာ မလိုပါဘူး။
ကမ္ဘာပေါ်မှာ နေ့စဉ် ပျမ်းမျှအနေနဲ့ သစ်ပင်ပေါင်း  ၂၇၀ယ၀၀၀ ခုတ်လှဲ ခံနေရပါတယ်။ ကမ္ဘာကုန်း မြေဧရိယာရဲ့ ၃၀ ရာခိုင်နှုန်း လောက်ကို ဖုံးလွှမ်းနေတဲ့ သစ်တောတွေဟာ အလျင်အမြန် ပျောက် ကွယ်နေတယ်။ ပါမောက္ခ ဒေါက်တာ အေးမြင့်ရဲ့ “လူသားတိုင်းပါဝင် သဘာဝ ပတ်ဝန်းကျင်”  စာအုပ်မှာ ဘရာဇီးမှာ နှစ်စဉ် ဟက်တာ ၃.၅သန်း၊ အင်ဒိုနီးရှား မှာ ယက်တာ ၁.၅သန်း၊ ရုရှားမှာ ဟက်တာ ၀.၅သန်း ဆုံးရှုံးနေတယ်။ ဒီအတိုင်းဆက်သွားခဲ့ရင် ၂၀၃၀နဲ့ ၂၀၄၀ နှစ်တွေ ကြရင် မိုးသစ်တောတွေ ကုန်ပြီ တဲ့။
ရွှေပြည်ကြီးဘက် တစ်ချက်လောက် ကြည့်ရအောင်။ မာန်သူရိန်ရဲ့ ” တစ်တိုင်း ပြည်လုံး စုံးစုံးမြုပ်အောင် နှစ်နေကြ သလား” ဆိုတဲ့ ဆောင်းပါး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၆ရက်နေ့ ထုတ် Daily Eleven မှာ ဒီလို တွေ့ရတယ်။

shwe_wal_doe_articles
အစိုးရသစ်လက်ထက်ဖြစ်တဲ့ ၂၀၁၁-၂၀၁၂မှာ တန်ချိန် ၂၄ သိန်း နီးပါး၊ ၂၀၁၂-၂၀၁၃မှာ တန်ချိန် ၁၇သိန်းနီးပါး၊ ၂၀၁၃-၂၀၁၄မှာ တန်ချိန် ၁၀သိန်းနီးပါး၊ ၂၀၁၄-၂၀၁၅မှာ တန်ချိန် တန်ချိန် ၇သိန်း ကျော်၊ ၂၀၁၅-၂၀၁၆မှာ တန်ချိန် ၇သိန်းကျော်နဲ့ စုစုပေါင်း တန်ချိန် ၆၄သိန်းကျော် ထုတ်ခဲ့တယ်။ ဒီတန်ချိန်တွေက ကျွန်းနဲ့ သစ်မာပေါင်းစုံ စာရင်း ဖြစ်တယ်။ ဒါက တရားဝင်စာရင်း တဲ့ဗျ။ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချပြီး ၈ရက်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ ပေါက် ဖော်ကြီးတွေ ခုတ်တာမပါဘူးတဲ့။
ဆောင်းပါးရှင်က စစ်အစိုးရ လက် ထက်နဲ့ အခု အစိုးရ  ၅ နှစ် သက်တမ်း အတွင်း သစ်ပင်ပေါင်းသန်း ၃၀လောက် ခုတ်ခံရတယ်လို့ ဆိုတယ်။ တရားဝင် ခွင့်ပြုခဲ့တဲ့ သစ်တန်ချိန်တွေ အရ သစ်ပင် ၁၅သန်းရယ်၊ ဘိုးဘိုးအောင် တန်ခိုးနဲ့ တစ်ဆတိုးပြီး တရားမဝင် ခုတ်တာက သစ်ပင် ၁၅သန်းတဲ့။ အခုဆိုရင် မြန်မာ နိုင်ငံမှာ သစ်တော ဖုံးနေတာ ၁၀ ရာခိုင် နှုန်းပဲ ရှိတော့တယ်။ သစ်တောတွေ မရှိတော့တာကြောင့် လူ၁၂၂ဦး သေဆုံးခဲ့၊ စီးပွားရေးအရ ကျပ် ၁၇၄ ဘီလီယံဆုံးရှုံး၊ လယ်ဧက ၈သိန်းကျော် ပျက်စီး၊ အိမ်ခြေ ၁၇၇၆၄လုံး ပျက်စီးခဲ့တဲ့ ရေကြီး မြေပြို မှုကြီး ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါ တယ်။ အဲဒီဆောင်းပါးကို လူတိုင်း ဖတ်ပြီး သိမ်းထားသင့်ပါတယ်။
ကျွန်တော်တို့ရဲ့ တနင်္သာရီပြည် ကြီးဘက်ကို လေ့လာကြည့်ရအောင်။ ကံကောင်းစွာနဲ့ပဲ တစ်တိုင်းပြည်လုံးနီးနီး ဆင်းရဲ ဒုက္ခရောက်နေချိန် ကျွန်တော် တို့မှာ ပြင်းထန်တဲ့ သဘာဝဘေး မဖြစ် ခဲ့ဘူး။ အခြားတိုင်းရင်းသားဆွေမျိုးတွေ အတွက် ဝမ်းနည်း ကြေကွဲရပါတယ်။ တနင်္သာရီတိုင်းကို လေ့လာတဲ့အခါ သက်ဆိုင်ရာ ဌာနတွေရဲ့ ပွင့်လင်းမြင် သာမှု မရှိတာ၊ နယ်မြေ မအေးချမ်းတာ၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတာ၊ လုံခြုံရေး စိတ်မချရတာတွေကြောင့် ပြည့်စုံတဲ့ အချက်အလက်ရရှိဖို့ ခက်ခဲ ပါတယ်။
လူမိုက် ကံကောင်းပဲ ပြောရမလား ပဲ။ ပြီးခဲ့တဲ့အပတ်က တိုင်းဒေသကြီး လွှတ်တော်က ထုတ်ဝေတဲ့ လွတ်တော် သတင်းလွှာ (၇)ကို ဖတ်ခွင့် ရခဲ့ပါတယ်။ ဒီသတင်းလွှာမှာ ၇.၈. ၂၀၁၅ ရက်စွဲနဲ့ တွေ့ရတယ်။ တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမမှာ သစ်တော ဦးစီး ဌာန၊ မြန်မာ့ သစ်လုပ်ငန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အမှတ်(၂)သတ္ထု တွင်း လုပ်ငန်း၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန စသဖြင့် အစိုးရသစ် လက် ထက် ၅ နှစ်တာ ဆောင်ရွက်ခဲ့တဲ့ လုပ် ငန်းတွေ အကြောင်း ကြားနာခဲ့တယ်။
တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်သိန်းရဲ့ ရှင်း လင်းချက်ကို တွေ့ရတယ်။ ဒီ တနင်္သာရီ တိုင်းကြီးက ဧရိယာ ၁၀၇.၁ ဧက သိန်း ရှိတယ်။ သစ်တောကြိုးဝိုင်း ၂၉ ခုက ဧရိယာဧက ၂၉ သိန်းကျော်၊ ကြိုးပြင် ကာကွယ်တော ၁၅ ခုက ဧရိ ယာဧက  ၄.၁ သိန်းကျော်၊ သဘာဝထိန်းသိမ်း ခြင်းနယ်မြေ ၃ ခုက ဧရိယာဧက ၄.၈ သိန်းကျော်၊ စုစုပေါင်း သစ်တောနယ်မြေ ဧရိယာဧက ၃၄.၅ သိန်းကျော် ရှိတယ်။ သစ်တောနယ်မြေက တိုင်းဒေသကြီးရဲ့ ၃၂.၂၅ ရာခိုင်နှုန်းရှိပြီး ကြိုးပြင်တော ဧရိယာပါ ထည့်တွက်ရင် တိုင်းဒေသကြီး တစ်ခုလုံးရဲ့  ၆၉.၃၅ ရာခိုင်နှုန်းက သစ်တောဖုံးလွှမ်းနေ တယ်တဲ့။ ဝမ်းသာ စရာပါပဲ။
စာမျက်နှာ ၉ ကို ရောက်တဲ့အခါ တိုင်းဒေသကြီး မြန်မာသစ်လုပ်ငန်း တိုင်းတာဝန်ခံ ဒုတိယ အထွေထွေ မန်နေ ဂျာ ဦးဝေကြိုင်ရဲ့ ရှင်းလင်းချက်ကို ဖတ်ရပါတယ်။ မြန်မာသစ်လုပ်ငန်းရဲ့ အစိုးရသစ် လက်ထက် ၅ နှစ်တာ သစ်ထုတ်ခဲ့တဲ့စာရင်းကို စာမျက်နှာ ၁၀ မှာတွေ့ရတယ်။ ဇယားအတိုင်း ဖော်ပြ ချင်ပေမယ့် အကျဉ်းချုပ်ပြီးရေး လိုက်ရ တယ်။
ဒီဇယားမှာ နှစ်အလိုက်Modified Procedure (MP ) စနစ်နဲ့ သစ်ထုတ် ခြင်း၊ ပြည်တွင်းသုံးနဲ့ ဒေသဖွံ့ဖြိုးရေး သစ်ထုတ်ခြင်း၊ စိုက်ပျိုးမြေ အပြောင် ရှင်းစနစ်တွေ လျာထားချက်၊ ထွက်ရှိ စတာတွေနဲ့ ဖော်ပြထားတယ်။ ပြီးတော့ ထားဝယ်ဒေသ၊ မြိတ်ဒေသ(ကော့သောင်း ပါ) ဆိုပြီး ခွဲခြားထားတယ်။ အဓိက အချက်တွေကို ပြောလိုတဲ့အတွက် တစ်တိုင်းလုံးအနေနဲ့ ပြောရရင် ဏြ စနစ်အရ ၂၀၁၁-၂၀၁၂မှာ ထွက်ရှိ သစ်တန် ၇၀၉၀၂ ၊ ၂၀၁၃-၂၀၁၃မှာ ၁၁၀၄၉၇ တန်၊ ၂၀၁၃-၁၀၁၄မှာ ၈၆၈၂၀ တန်၊ ၂၀၁၄-၂၀၁၅မှာ ၂၆၆၈၈ တန်၊ ၂၀၁၅-၂၀၁၆မှာတော့ လုပ်ငန်း မစရ သေးတော့ လျာထားစာရင်း သစ်တန်  ၅၂၀၀၀ လို့ တွေ့ရတယ်။
ပြည်တွင်းသုံးနှင့် ဒေသဖွံ့ဖြိုးရေး  သစ်ထုတ်ခြင်း ခေါင်းစဉ်အနေနဲ့ ၂၀၁၁-၂၀၁၂မှာ ထွက်ရှိ သစ်တန်  ၂၃၆၅၉၊ ၂၀၁၂-၂၀၁၃ မှာ ၂၂၂၁၂ တန်၊ ၂၀၁၃-၂၀၁၄မှာ ၅၇၁၂ လို့ တွေ့ရပြီး ၂၀၁၄-၂၀၁၅နဲ့ ၂၀၁၅-၂၀၁၆စာရင်း မတွေ့ ရဘူး။ တိုင်းချုပ် စာရင်းအရ ၅ နှစ် အတွင်း ဏြ စနစ် အရ ထွက်ရှိ သစ်တန် ၂၉၄၉၀၇ တန်၊ ပြည်တွင်းသုံးနှင့် ဒေသဖွံ့ဖြိုးရေး သစ်ထုတ်ခြင်းအရ ထွက်ရှိ သစ်တန် ၅၁၅၈၃ ဆိုတဲ့အတွက် စုစုပေါင်း သစ်တန်  ၃၄၆၄၉  တန်ဖြစ် တယ်။ ဒါကအစိုးရ စာရင်းဖြစ်တယ်။ ဘိုးဘိုးအောင်တန်ခိုးနဲ့ တစ်ဆမတိုး ပါစေနဲ့ ဆုတောင်းရတယ်။ စိုက်ပျိုးမြေ အပြောင် ရှင်းစနစ်အရ ၅ နှစ်အတွင်း ဧက ၁၆၈၂၅၃ ခွင့်ပြုပေးခဲ့ပြီး ခုတ်ပြီး ( အပြောင်ရှင်းပြီး) ဧက ၁၀၂၁၅ ရှိတာ လည်း တွေ့ရတယ်။ အရင်စစ် အစိုးရ လက်ထက်ထုတ်ခဲ့တဲ့ သစ်စာရင်းကို မတွေ့ရပါဘူး။ စာရင်းပျောက်ဖြစ်တော့ မယ်နဲ့ တူပါတယ်။
၂၀၁၅-၂၀၁၆ အတွက် ထားဝယ် ဒေသမှာ ထားဝယ် သစ်လုပ်ငန်းရှင် များအသင်းကို တန် ၃၀၀ နဲ့ တန်  ၁၂၀၀၊ ရတနာမိုးပြည့်ထွန်းကို တန် ၂၀၀၀ ၊ SI ကုမ္ပဏီကို တန် ၁၅၀၀ ခွင့်ပြုထားတယ်။ မြိတ်ဒေသမှာ ပြည့် ဖြိုးထွန်းကို ၁၀၀၀၀ တန်၊ မြိတ် အထပ်သားကို ၂၅၀၀ တန်၊ ကောင်း မြတ်ကို ၂၅၀၀ တန်၊ ရတနာမိုး ပြည့်ထွန်းကို  ၂၅၀၀ တန်၊ မြတ်နိုးသူကို ၂၀၀၀၀ တန်၊ ပေါင်းလောင်းဝုဒ်ကို ၆၀၀၀ တန်၊ ဧရာအားမာန်ကို ၁၅၀၀ တန်၊ ဂိုးဒင်းဖလားဝါးကို ၁၅၀၀ တန်၊MAE ( Myanmar Asia Express ) ကို  ၅၀၀ တန် ခွင့်ပြုပေးထာတယ်။
သစ်တောဦးစီးဌာနရဲ့ ရှင်းလင်း ချက်ထဲ ပြန်ဖတ်တဲ့အခါ ၂၀၁၀-၂၀၁၁ မှ ၂၀၁၄-၂၀၁၅ထိ ခရိုင်အလိုက် မီးသွေး ထုတ်လုပ်မှု အခြေအနေ စာရင်းဆိုပြီး ထပ်တွေ့ရတယ်။ ထုတ်လုပ်မှုစာရင်းအရ ထားဝယ်ခရိုင်မှာ ၂၀၁၀-၂၀၁၁မှာ ကုဗ တန် ၈၃၂၅.၅၆၊ ၂၀၁၁-၂၀၁၂မှာ ၂၃၅.၇၈၊ ၂၀၁၂-၂၀၁၃မှာ ၄၉၅၃.၂၈၊ ၂၀၁၃-၂၀၁၄မှာ ၃၉၅၀.၉၆နဲ့ ၂၀၁၄-၂၀၁၅မှာ ၃၇၃၁.၃၃ဖြစ်တယ်။ မြိတ် ခရိုင်မှာ ၂၀၁၀-၂၀၁၁မှာ ကုဗတန် ၁၀၅၀၄၊ ၂၀၁၁-၂၀၁၂မှာ ၇၅၃၁.၀၂၊ ၂၀၁၂-၂၀၁၃မှာ ၁၄၈၅၂.၀၁၃၊ ၂၀၁၃-၂၀၁၄မှာ ၁၅၉၆၂.၂၃နဲ့ ၂၀၁၄-၂၀၁၅မှာ ၁၅၆၇၅.၆၀ဖြစ်တယ်။ ကော့သောင်း ခရိုင်မှာ ၂၀၁၀-၂၀၁၁မှာ ကုဗတန် ၂၁၄၅.၂၈၊ ၂၀၁၁-၂၀၁၂မှာ ၃၅.၄၇၊ ၂၀၁၂-၂၀၁၃မှာ ၄၆၉၈.၉၆၊၂၀၁၃-၂၀၁၄မှာ ၉၂၀၅.၁၄နဲ့ ၂၀၁၄-၂၀၁၅မှာ ၁၀၂၃၀.၄၇ဖြစ်တယ်။ ၅ နှစ်တာ စုစု ပေါင်း မီးသွေးကုဗတန်ချိန် ၁၁၂၀၃၇.၉၁ ကို တနင်္သာရီတိုင်းကြီးကနေ ထုတ် ခဲ့တယ်။ သစ်တောထိန်းသိမ်းရေး လုပ် နေတဲ့ ဆရာတစ်ယောက်က တွက်ပြပါ တယ်။ မီးသွေးတစ်တန်ရဖို့အတွက် သစ်/ထင်း ၇တန် လိုတယ်။ ဒီနည်း အတိုင်းတွက်ကြည့်ရင် သစ်/ ထင်း တန် ချိန် ၇ သိန်းကျော် ကုန်သွားပြီလို့ တွက် လို့ရတယ်။

 

ဒေသခံတွေရဲ့ ပြောဆိုချက်အရ မီးသွေးထုတ်လုပ်ငန်းတွေကို ဒီရေတော ဒေသတွေမှာ အဓိက လုပ်တယ်လို့ ကြားဖူးတယ်။ ဒီပြောကြားချက်ကို သက် သေပြတာက သစ်တောဦးစီးဌာနရဲ့ရှင်း လင်းချက်မှာ တွေ့ရတယ်။ ဒီရေတော တွေ ပျက်စီးရတာ ဒေသခံတွေရဲ့ ထင်း ခုတ် မီးသွေးဖုတ်လုပ်ငန်းတွေကြောင့် ဖြစ်တယ်။ အဓိက ပျက်စီးရတဲ့ အကြောင်းရင်းက ငါးမှုန့် လုပ်ခြင်းကြောင့် ဖြစ်တယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင် တွေကို ကြိုးပြင်ကာကွယ်တောတွေထဲမှာ ဒီရေ တောတွေ တည်ထောင်ခိုင်းပြီး ဒီတောကထွက်တဲ့ ထင်းကိုသာသုံးစေ တယ်လို့ ဆိုတယ်။
ဒီအတွက် ထူးထူးတိုးကုမ္ပဏီကို ဧက ၄၂၀၊ ပြည့်ဖြိုးထွန်းကုမ္ပဏီကို ဧက ၄၃၀၊ အောင်မြတ်ဖြိုးကုမ္ပဏီကို ဧက ၄၂၀၊ ငွေစိုးဟိန်း သ^မ အသင်းကို ဧက ၃၈၀၊ စုစုပေါင်း ဧက ၁၆၅၀ကို ကျွန်းစု မြို့နယ်ထဲမှာ ခွင့်ပြုပေးခဲ့တယ်။ ၂၀၁၃ခုနှစ်စာရင်းအရ တနင်္သာရီတိုင်း ဒေသကြီးမှာ ဒီရေတော ၃၇၃၁၃၁.၈၈ ဧက ရှိတယ်။ သစ်တောဦးစီးဌာန ကလည်း တိုင်းဒေသကြီးအတွင်း တစ်နှစ်ဧက ၁၀၀ နှုန်းနဲ့ ၃ နှစ် အတွက် ဧက ၃၀၀ စိုက်တယ်လို့ တွေ့ရတယ်။
ကျွန်တော်သိတဲ့ ၂၀၁၀ ခုနှစ် လောက်က စာရင်း တနင်္သာရီ တိုင်းဒေသကြီးအတွင်း ရယူထားတဲ့ ဆီအုန်းစိုက်ခွင့် မြေဧက ၁၈ သိန်း ကျော်တယ်။ အခု ၂၀၁၄-၂၀၁၅ စာရင်းအရ ကုမ္ပဏီ ၄၄ခုက ရယူထားတဲ့ မြေဧက ၉၉၂၉၀၂ ရှိပြီး စိုက်ပျိုးထားတဲ့ မြေဧက ၃၅၁၁၂၇ ရှိတယ်။ အစိုး ရစာရင်းအရ ၂၀၁၄-၂၀၁၅မှာ ရာဘာ စိုက်ပျိုးမြေ ဧက  ၃၃၄၀၅၁ ရှိပါတယ်။ ဒေသခံတွေရဲ့ အသေးစား စိုက်ကွက် တွေ မပါပါဘူး။ အားလုံးပေါင်းရင် ဧက ၅၀၀၀၀၀ အနည်းဆုံးရှိမှာပါ။
ကိန်းဂဏန်းတွေ၊ စာရင်းတွေ လျှောက်ရေးနေလို့ စိတ်မညစ်ပါနဲ့။ ကျွန်တော်တို့ ပြည်သူတွေသိဖို့ လိုပါတယ်။ ဒီသဘာဝ သယံဇာတတွေရဲ့ မူလပိုင်ရှင်က ကျွန်တော်တို့ ပြည်သူ တွေသာ ဖြစ်ပါတယ်။ လူနည်း စုက ရသမျှယူသွားပြီး ခံစားနေရတဲ့ အချိန်မှာ ကြုံရမယ့်ဘေးဒုက္ခ ကျတော့ ကျွန်တော်တို့ ပြည်သူတွေခံစားရမှာပါ။ အခုလက်ရှိ တွေ့ကြုံ ခဲ့ရပြီးတဲ့ ရေကြီးမြေပြိုခဲ့တာ သစ်တောတွေမရှိတော့ လို့ဆိုပြီး ပညာ ရှင်တွေ ပြောခဲ့တယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ စာရင်းတွေဟာ အမှန်တွေလားဆိုတာ ဘယ်သူမှ ဝန်မခံရဲပါဘူး။ ကျွန်တော်တို့မှာ သစ်တော ဘယ်လောက် ကျန်သေးလဲ။ ဘယ်လောက် ဆက်ခုတ်ဦးမှာလဲ။ ဘယ်လို ထိန်းသိမ်း မယ်။ ဘယ်လောက်ပြန်စိုက်မယ်ဆိုတာ မသိရပါဘူး။
တရုတ်ပညာရှင်ကြီး ကွန်ဖြူးရှပ်က “မြင့်မြတ်သောသူသည် အမှန်တရားကို ရှာဖွေသည်။ ယုတ်ညံ့သောသူ သည် အမြတ် အစွန်းကိုသာ ကြည့်သည်”  လို့ ပြောခဲ့တဲ့အတိုင်း တိုင်းပြည်ကို ချစ်သော ပြည်သူ လူထုကြီးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။