မွန်ပြည်နယ်နောက်ဆုံး မဲဆန္ဒရှင်စာရင်း တစ်သိန်းနီးပါး ထပ်တိုးလာ

0
491

မကြာမီ ကျင်းပတော့မည့် ရွေး ကောက်ပွဲအတွက် မွန်ပြည်နယ်၏ နောက်ဆုံး မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၁၅ သိန်း တစ်သောင်းကျော်ရှိလာပြီး ခန့်မှန်း အခြေခံ မဲဆန္ဒရှင်စာရင်းထက် တစ်သိန်းနီးပါး ထပ်တိုးလာသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

မွန်ပြည်နယ်တွင် ခန့်မှန်းအခြေခံ မဲဆန္ဒရှင်များစာရင်း ထုတ်ပြန်ခဲ့စဉ်က မဲဆန္ဒရှင်စာရင်း ၁၄ သိန်း နှစ်သောင်း ကျော် ရှိခဲ့သည်။
ရက်ပေါင်း ၁၈၀ နေထိုင်လာသူများ ပုံစံ ၃-က ဖြင့် လျှောက်ထားသဖြင့် ထိုသို့ ၁၅ သိန်းကျော်အထိ ရောက်သွား ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
နောက်ဆုံးအဆင့် မဲဆန္ဒရှင် စာရင်း ကို နိုဝင်ဘာ ၂ ရက်နေ့မှစပြီး သက်ဆိုင် ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးများ တွင် မဲဆန္ဒရှင် ပြည်သူများ သိရှိနိုင်အောင် ပြန်ကပ်ပေးသွားမည်ဟုလည်း ပြောသည်။
mon-election

ကြိုတင်မဲများကိုလည်း အောက်တို ဘာ ၁၆ ရက်နေ့မှ စတင်ကောက်ယူ လျက်ရှိပြီး တပ်မတော်သားများအတွက် ကြိုတင်မဲလက်မှတ်ကိုလည်း အောက် တိုဘာ ၂၅ ရက်နေ့တွင် စတင်ထုတ် ပေးခဲ့သည်။

ကြိုတင်မဲကိစ္စနှင့် ပတ်သက်ပြီး ပွင့် လင်းမြင်သာမှု မရှိပါက သာမန် ပါတီ ငယ်များအတွက် များစွာထိခိုက် နစ်နာ ကြောင်း မွန်အမျိုးသားပါတီက ကိုယ်စား လှယ်လောင်း နိုင်စန်လှိုင်က ပြောသည်။

” ၂၀၁၀ တုန်းက ကြိုတင်မဲကိစ္စက အများကြီး ဖြစ်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကော်မရှင်မှာ အဓိက တာဝန်ရှိသော် လည်း ပွင့်လင်းမြင်သာစွာဖြင့် လွတ်လပ် ပြီး တရားမျှတသည့် ရွေး ကောက်ပွဲဖြစ်ရန် ဆက်စပ်ပတ်သက် နေသည့် အဖွဲ့အစည်း၊ ပါတီ၊ ကိုယ်စား လှယ်လောင်း၊ မီဒီယာ၊ ဃှဥ နှင့် မဲဆန္ဒရှင် ပြည်သူများ၏ ဝိုင်းဝန်း ကူညီပေးမှု လိုအပ်သည်ဟုလည်း မွန်ကော်မရှင်က ပြောသည်။