လေးကျွန်းကမ်းခြေ စန်းထ

0
530

ကျွန်းစုမြို့နယ်အတွင်းရှိ လေး ကျွန်းကမ်းခြေကို ပြီးခဲ့သည့် တစ်လခန့် မှစပြီး လည်ပတ်မှုများလာကြောင်း မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်းအသိုင်း အဝိုင်းမှ သိရသည်။

ပြီးခဲ့သည့်နှစ်များက ကျွန်းစုမြို့ နယ်အတွင်းရှိ သန္တာကျွန်း (ကုလား ကျွန်း) ကမ်းခြေသို့ မြိတ်ဒေသခံများ သွားရောက် လည်ပတ်မှုများပြီး ယခုနှစ် တွင် လေးကျွန်းကမ်းခြေသို့ သွားရောက် လည်ပတ်ကြရန် စိတ်ဝင်စားမှုများ ကြောင်း အထက်ပါအသိုင်းအဝိုင်းမှ သိရ သည်။
ယင်း လေးကျွန်းကမ်းခြေသို့ မြိတ် တက္ကသိုလ်ကျောင်းသား/သူများ ပထမ ဦးဆုံးအကြိမ်အဖြစ် သွားရောက်လည် ပတ်ခဲ့ကြရာမှ နောက်ပိုင်းတွင် လူအများ စိတ်ဝင်စားမှုရှိလာပြီး လည်ပတ်မှုများ လည်း ရှိလာခဲ့ကြောင်း မြိတ်အခြေ စိုက် ခရီးသွားလုပ်ငန်းတစ်ခုမှ တာဝန်ခံ ကိုမင်းမင်းက ပြောသည်။
laykyun_beach
” ကျွန်းရဲ့နာမည်က လေးကျွန်း မဟုတ်ပါဘူး။ ကျွန်းရဲ့ အနီးအနားမှာ ကျွန်းလေးကျွန်းရှိနေတဲ့အတွက် လေးကျွန်းလို့ ခေါ်နေကြတာပါ၊ အပန်း ဖြေခရီးအတွက်တော့ ကောင်းမယ့်ကျွန်း လေးတစ်ခုပါ” ဟု ရေလုပ်သားတစ်ဦး ဖြစ်သူ ကိုပေါက်စက ပြောသည်။
အဆိုပါ လေးကျွန်းကမ်းခြေကို အစိုးရရုံးပိတ်ရက်များနှင့် စနေ၊ တနင်္ဂ နွေနေ့များတို့တွင် အမြန်ရေယာဉ်တစ်စီးမှ ပြေးဆွဲပေးလျက်ရှိပြီး ဂန္ဓမာအမြန်ရေ ယာဉ်မှ စင်းလုံးငှား ခရီးစဉ်အဖြစ် ငှား ရမ်းနိုင်သည်ဟု ခရီးသွားလုပ်ငန်းအသိုင်း အဝိုင်းမှ သိရသည်။

အဆိုပါလေးကျွန်းသည် မြိတ်မြို့မှ ၂ နာရီ ဝန်းကျင်အချိန်ခန့်သွားရပြီး နေ့ချင်းပြန် ခရီးတစ်ခုဖြစ်ကာ သွား ရောက် လည်ပတ်ကြမည့် သူများ အနေ ဖြင့် မြိတ် ကမ်းနားလမ်းရှိ ကိုဒီ ကော်ဖီ ဆိုင်တွင် လူတစ်ဦးကို ငွေ ၁၃၀၀၀ ကျပ် နှုန်း (စားစရိတ်ငြိမ်း)ဖြင့် ဝယ်ယူနိုင် သည်ဟု သိရသည်။