ထားဝယ်သီတင်းကျွတ် သပိတ်အလုံး နှစ်သောင်းကျော် မျှောပူဇော်

0
528

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့ည မြစ်ရေကျချိန်တွင် ထားဝယ်ဒေသခံများက ထားဝယ်ရိုးရာ သပိတ်လုံး နှစ်သောင်း ကျော်ကို ထားဝယ်မြစ်အတွင်း သို့ မျှော ကာ ရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး ပူဇော်ခဲ့ကြောင်း ထားဝယ်ရိုးရာ သပိတ် မျှောပွဲ စီစဉ်သူများထံမှ သိရသည်။

ယင်းသပိတ်မျှောပူဇော်ခြင်းကို ထားဝယ်မြို့ရှိ ဒေါင်းငူ၊တံငါရပ်ကွက် ထားဝယ်မြစ် ဆိပ်ကမ်းနဖူးနေရာ၊ ကြက် စားပြင်ရပ်ကွက်၊ မင်းရပ်ကူးတို့ ဆိပ်နေ ရာနှင့် ဆင်ဆိပ်ရပ်ကွက်ရှိ ဒေါ်သိန်းလှိုင် ဆိပ်နေရာတို့တွင် ထားဝယ်ရိုးရာ သပိတ် ၁၃၀၀၀ လုံးခန့်ကို မြစ်အတွင်း မျှောကာ ပူဇော်ခဲ့ပြီး ထားဝယ်မြစ်တဖက်ကမ်း၊ ကဘူ ကျေး ရွာရှိ ကမြောကင်းတံတား နံဘေးနေရာ တို့တွင် ထားဝယ်ရိုးရာ သပိတ် ၇၀၀၀ လုံးကျော်ကိုမျှောကာ ပူဇော်ခဲ့ကြောင်း ၎င်းတို့ကပြောဆိုသည်။
သပိတ်မျှောပွဲများသို့ လာရောက် ကြည့်ရှုများနှင့် သပိတ်မျှောသူများပြား လွန်းသဖြင့် မင်းရပ်ကူးတို့ဆိပ် လမ်းဆုံ နေရာနှင့် ကမြောကင်းတံတားအပေါ်တို့၌ လူပြည့်ကြပ်သွားခဲ့ကြောင်း ယင်းပွဲစီစဉ် သူများက ပြောဆိုသည်။
thapaint_20000
” အခုနှစ်က သပိတ်မျှောသူနဲ့လာ ရောက် ကြည့်ရှုသူ အစည်းကားဆုံး ဖြစ် တယ်” ဟု ထားဝယ်ရိုးရာယဉ်ကျေးမှု သပိတ်မျောပွဲတော် ကျင်းပရေးဦးစီး ကော်မတီမှ အတွင်းရေးမှူး ဦးကြည်ရှိန် က သုံးသပ်ပြောဆိုသည်။
သပိတ်မျှောပွဲတော်မှအရှင် ဥပဂုတ္တ မထေရ်မြတ်အားရည်စူး၍ ထားဝယ်မြစ် ကမ်းနဖူးမှ မြစ်အတွင်းသို့ ဆီမီး ၂၀၀၀ ကို မျှောကာ ပူဇော်ခြင်း၊ မယ်တော်မိနတ် သားကို ဝါတွင်းသုံးလ တရားဟောပြီး နတ်ပြည်မှ လူပြည်သို့ ပြန်လည်ကြွမြန်း လာသည့် မြတ်စွာဘုရားနှင့် ရဟန္တာ များအား ရည်စူး၍ မီးပုံးသေး အလုံး ၁၅၀ ကို လွှတ်တင်ကာ ပူဇော်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ကြက်စားပြင်ရပ်ကွက်၊ ကဘူကျေးရွာနှင့် မောင်မယ်ရှောင် ကျေးရွာ ဇရပ်ကြီးဆိပ်တို့တွင်လည်း ဆီမီး ၁၀၀၀ စီကို အသီးသီး ထားဝယ်မြစ် အတွင်းသို့ မျှောကာ ပူဇော်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ထားဝယ်ရိုးရာ သပိတ် မျှောပွဲပြုလုပ်သည့်နေရာများ၌ သပိတ် ကြီး အလုံး၃၀ကျော်ကို ထားဝယ်မြစ် အတွင်း မျှောကာပူဇော်ခဲ့ကြောင်း ယင်း သပိတ်မျှောပွဲ စီစဉ်သူများက ပြောဆို သည်။

ထားဝယ်ရိုးရာ သီတင်းကျွတ် မီးထွန်းပွဲတော်ရက်များဖြစ်သော သီတင်း ကျွတ်လဆန်း ၁၄ ရက်မှ သီတင်း ကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိ နတ်ပြည်မှလူပြည်သို့ ကြွမြန်းလာသော မြတ်စွာဘုရားနှင့် ရဟန္တာများကို ရည်စူး ၍ ဘုရား၊ စေတီ ပုထိုးများ၊ လမ်းများတွင် အသင်းအဖွဲ့အုပ်စုအလိုက် ဆီမီးပူဇော် ခြင်း၊ ဆွမ်းတော်ကြီး တင်လှူခြင်းနှင့် ဆွမ်းခြောက် လောင်းလှူခြင်း၊ မီးပုံးကြီး၊ မီးပုံးငယ်များ လွှတ်တင်ပူဇော်ခြင်းစသည် တို့ကို ထားဝယ်ဒေသခံများက ပြုလုပ် လေ့ရှိသည်ဟု သိရသည် ။တောင်သမုဒ္ဒရာတွင် ကြေးပြသာဒ် ဖြင့်စံမြန်းလျက်ရှိသည် ဟုယူဆရသော အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ သပိတ်များမျှောကာ အရုဏ် ဆွမ်းကပ် လှူဒါန်းခြင်းကို ထားဝယ်သူ၊ သားများက သီတင်းကျွတ် လပြည့်နေ့တွင် ရှေးအစဉ် အဆက် အစဉ်အလာ တရပ်အနေဖြင့် မြစ်(သို့) ပင်လယ်များထဲ့သို့ သပိတ်မျှော ပူဇော်လာခဲ့သည်ဟု သိရသည်။