ကော့သောင်းတွင် ၇ ကြိမ်မြောက် အကျွတ်အလွတ် ကုသိုလ်ပြုပွဲ ကျင်းပ

0
452

ကော့သောင်းမြို့တွင် အောက်တို ဘာလ ၂၂ ရက်နေ့တွင် ၇ ကြိမ်မြောက် အကျွတ်အလွတ် ကုသိုလ်ပြုပွဲကို ရွှေပြည် သာ သုသာန်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။


သီတင်းကျွတ်လဆန်းရောက်တိုင်း နတ်ဒေဝါများအား ဗလိနတ်စာ ကျွေး ခြင်း၊ ပရလောကသားများအား အဝတ် အထည်၊ အစားအသောက်များ ကျွေးမွေး ခြင်း၊ အတိဒုက္ခရောက်နေသော ပရလော ကသားများအား အလှူအတန်းပြု အမျှ ပေးဝေခြင်းတို့ကို ကော့သောင်းမြို့နယ် နာရေးကူညီမှုအသင်းနှင့် ဆရာတော် သံဃာတော်များ ပူးပေါင်းကာ နှစ်စဉ် ကျင်းပခဲ့ကြောင်း ယင်း နာရေးကူညီမှု အသင်းမှ သိရသည်။

” ဒေသခံ အတော်များများကလည်း အဲဒီနေ့ရောက်တိုင်း ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမတွေကို ရည်စူးပြီး အလှူပြုပေးတယ်၊ အစားအသောက်တွေ လာရောက် ကျွေးမွေးကြတယ်” ဟု ကော့သောင်း နာရေးကူညီမူအသင်းမှ ဦးဗလက ဆိုသည်။
ပရလောကသားများကို ပွဲမကျင်း ပမီ တစ်ရက်အလိုတွင် ပင့်ဖိတ် အသိ ပေးခေါ်ယူထားရပြီး တရားနာရန်လည်း နေရာ သီးသန့် စီစဉ်ပေးထားရသည်ဟု ၎င်းကဆိုသည်။
အကျွတ်အလွတ်ကုသိုလ်ပြုပွဲကို ဒေသခံ ၂၀၀ ကျော် တက်ရောက်ခဲ့ကြ သည်။