တိုင်းအတွင်း နွေစပါး စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်း ၂၈၀၀ ကျော်ချေးရန် လျာထား

0
495

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား၂၀၁၅-၂၁၀၆ ဘဏ္ဍာ ရေးနှစ်တွင် နွေစပါးစိုက်ပျိုး စရိတ် ချေး ငွေ ကျပ် ၂၈၅၂ သိန်းချေးရန် လျာထား ကြောင်း တိုင်းဒေသကြီး မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

တောင်သူများအနေဖြင့် နွေ စပါး အပြင် မိမိအကျိုးဖြစ်ထွန်းစေမည့် သတ်မှတ် သီးနှံများကိုလည်း စိုက်ပျိုး နိုင်ပြီး နွေစပါး စိုက်ပျိုး စရိတ်ချေးငွေ များကို ၂၀၁၅ အောက်တိုဘာလမှ ၂၀၁၆ ဇန်နဝါရီလအထိ ထုတ်ချေးသွားမည်ဖြစ် ကြောင်း ယင်းဘဏ်မှ သိရသည်။
” ပုံစံ(၇) လက်ဝယ်ရှိပြီး သတ်မှတ် သီးနှံစိုက်ပျိုးတဲ့ တောင်သူတွေကို ချေး ပေးသွားမှာဖြစ်တယ်” ဟု မြန်မာ့ လယ် ယာစိုက်ပျိုးရေးဘဏ် တိုင်းဒေသကြီး မန်နေဂျာ ဦးဝင်းနိုင်က ဆိုသည်။
kyat_thein_2800
ထို့အပြင် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးစဉ်အခါက လယ်ယာ မှတ်ပုံတင် ပုံစံ(၇) မရှိ၍ ချေးငွေမရ သေးသည့် တောင်သူများအား ယင်း ပုံစံ(၇) ရရှိလာပါက နွေစပါးစိုက် ပျိုးစရိတ်ချေးငွေ ထုတ်ချေးသွားမည် ဖြစ်ကြောင်း ဦးဝင်းနိုင်က ဆက်ပြော သည်။

နွေစပါးအပြင် အခြားသတ်မှတ် သီးနှံများမှာ ချက်ကြံ၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ ဂုန်လျှော်၊ အစေ့ထုတ်ပြောင်းနှင့် ဆီမုန်ညင်းတို့ဖြစ် ကြပြီး နွေစပါး နှင့်ချက်ကြံ သီးနှံနှစ်မျိုးအတွက် တစ် ဧက ကျပ်တစ်သိန်းနှုန်းနှင့် ကျန် သတ်မှတ် သီးနှံများကို တစ်ဧက ကျပ်နှစ်သောင်း နှုန်းဖြင့် ထုတ်ချေးလျက်ရှိကြောင်း သိရ သည်။

ယင်းချေးငွေအတွက် မြို့နယ် မြေစာရင်းဌာနတွေက ရပ်ကွက် / ကျေးရွာတွေအလိုက် နွေစပါးအပါအဝင် အခြားသတ်မှတ် သီးနှံများ စိုက်ပျိုးမည့် လျာထားဧကများကို ရပ်ကျေးအုပ်ချုပ် ရေးမှူးများက ပြုစု တင်ပြပေးရပြီး လျာ ထားသည့် ရပ်ကွက်/ ကျေးရွာ အတွင်းမှ တောင်သူများကို ချေးငွေများ ပေးအပ် သွားမည်ဖြစ်ကာ ယခုအချိန်ထိ ယင်း လျာထားချက် စာရင်းများ မတင်ပြကြ သေးဟု မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရသည်။
“စပါး စိုက်ပျိုးစရိတ်ချေးငွေ တစ်ခါမှ မရရှိဖူးဘူး။ သိလည်းမသိဘူး၊ တင်လည်း မတင်ပြဖူးဘူး၊ လက်ရှိ ကျွန်တော်ပိုင်တဲ့ လယ်၃ဧကပေါ်မှာ ရာသီပေါ်သီးနှံတွေ စိုက်ပျိုးနေတာပဲ” ဟု သဗြေချောင်းကျေးရွာမှ လယ်သမား ကိုအောင်ဝင်း ကပြောသည်။

နွေစပါး စိုက်ပျိုး စရိတ်ချေးငွေ အတွက် လယ်တစ်ဧကကို ကျပ် တစ်သိန်းနှုန်းဖြင့် ထားဝယ်မြို့နယ်တွင် ကျပ် ၉၅သိန်း၊ ရေဖြူမြို့နယ်တွင် ကျပ် ၅၀၀သိန်း၊ မြိတ်မြို့နယ်တွင် ကျပ် ၄၀၃သိန်း၊ တနင်္သာရီမြို့နယ်တွင် ကျပ် သိန်း ၅၀နှင့် ပုလောမြို့နယ်တွင် ကျပ် ၁၈၀၄သိန်း စီချေးငွေထုတ် ချေးနိုင်ရန် လျာထားကြောင်း ယင်းဘဏ်မှတ်တမ်း များအရ သိရသည်။